မိုးမခအထောက်တော်
နိုဝင်ဘာ ၁၂၊ ၂၀၁၂

ရွှေသံလွင် ကုပ္မဏီမှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးကျော်ဝင်းမှ ကော့သောင်းမြို့မှတဆင့် မော်လမြိုင်မြို့သို့ one stop service တွင် သွင်းကုန်လိုင်စင် ၁၉၈၇၅ ဂါလံ (75 M.T) ဖြင့် တင်သွင်းခဲ့ဖြစ်ပြီး တပ်မတော်ရေမှ ဖမ်းဆီးစစ်ဆေးချိန်တွင် တန်ပို ဆီဂါလံ ၈၀၀၀၀ ပါဝင် နေကြောင်း သိရပါတယ်။
ပုံမှန်အားဖြင့် အဆိုပါသင်္ဘောသည် ဆီဂါလံ ၁၂၀၀၀၀ ပုံမှန်တင်ဆောင်နိုင်ပါတယ်။ ဒီဇယ်နှင့်ပတ်သက်ပြီး အကောက်ခွန်အပါအ၀င် ဆီတ ဂါလံ ၄၅၀ ကျပ်နှုန်းဖြင့် နိုင်ငံတော်ကိုပေးဆောင်ရပါသည်။ အဆိုပါ မှောင်ခိုတန်ပိုတင်ဆောင်နေခြင်းများ ရှိနေသည့်အတွက် နိုင်ငံတော် ဘဏ္ဍာအား တဖက်တလမ်းမှ ထိခိုက်စေခဲ့ရပါတယ်။
ဤကဲ့သို့ ကော့သောင်းမှ မော်လမြိုင်သို့ တခါဆင်းလျှင် ၈ ရက်ခန့်ကြာမြင့်တတ်ပြီး အဆိုပါသင်္ဘောသည် ယခင်ကလည်း တလလျှင် ၃ ကြိမ်ခန့် တရားမ၀င်ဆီပိုများကို သယ်ဆောင်လေ့ရှိကြောင်း သိရပါတယ်။
goahead illegal gasoline.
သူခိုးကလေးတွေကိုတော့ နှိပ်ကွတ်လိုက်ကြတာ၊ ခေါင်းရွက်ဗျတ်ထိုးဈေးသယ်လေးတွေကိုတော့ စည်ပင်ကဖန်းဟယ် ချုပ်ဟယ်နဲ့ တနေ့ လုပ်မှ တနေ့ စားရတဲ့ ဖွတ်ကျောပြာစု ကလေးတွေကိုတော့ မသနားကြဘဲ၊ – – – နိုင်ငံတော်က ရွှေတံဆိပ် ပေးလောက်အောင် ဒီဇယ်ဆီသူခိုးကြီးများကို ဘယ်လိုလုပ်ပြီး ခုံရုံးတင်မှာလည်း ? ။ တပ်မတော်ရေမှ ဖမ်းဆီးစစ်ဆေး နေတယ်ဆိုတာ သိရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်၊ သို့ သော် ဒီဇယ်ဆီမှ ရေ (တပ်မတော်) မဖြစ်သွားဘို့  ပြည်သူနှင့် တပ်မတော်ရေ သားကောင်းများ စောင့်ထိန်းကြပါ။
အပိုဆီဂါလံ ၈၀၀၀၀ ဖြစ်သောကြောင့် နိုင်ငံတော်မှ သိန်း (၃၆၀) နစ်နာပြီး ၊ တစ်လ (၃) ကြိမ်ဖြစ်၍ သိန်း (၁၀၀၀) ကျော်နစ်နာ၍ ရွှေသံလွင် company မှ လစဉ်ဝင်ငွေဖြစ်နေတဲ့သဘောပေါ့နော် !
ဒါမျိုးတွေ ပင်လယ်ပြင်မှာ အများကြီးရှိနေပါတယ် ၊ ဒါကအသေးအဖွဲ့ပါ တပ်မတော်(ရေ) က တကယ်ထပ်ဖမ်းရင် အများကြီးမိမှာပါ ။
because they don’t give money money to navy navy . nothing strange
ူဒါကြောင်.တရားဥပဒေစိုးမိုးမှုလိုတယ်။လူသားတိုင်းတန်းတူပြီးအခွှင်.အရေးရှိပြီးအရည်အခြင်းရသဘောထားလည်းပြည်.သူဦးဆောင်ပါစေပေါ.
ရေတပ်ကဖမ်းနိုင်ဘို့အတွက် ဖမ်းမိတဲ့ အဖွဲ့အစည်းပုဂ္ဂိုလ်ကို ဒဏ်ကြေးရဲ့ ၂၀% ပေးတဲ့စနစ်ရှိပါတယ် ၊ ၄င်းစနစ် ၊ လုပ်ထုံးလုပ်နည်းပီပီပြင်ပြင် ရှိရင်တော့ ဖမ်းပေါ့ဗျာ !
ဒီဇယ်ဆီကိစ္စပြောရမယ်ဆိုရင် ရွှေသံလွင်မှ မဟုတ်ပါဘူး ကြံဖွတ်ပါတီကြီး မှ ဦးအောင်သောင်းရဲ့သားဦးနေအောင်ဟာဆိုရင်လည်း မြန်မာတပြည်လုံးအတွက်ဒီလိုဘဲ ပင်လယ်ပြင်ကနေသွင်း နေတာ န၀တ နအဖ လက်ထက်ကထဲကပါ။ ယခုအချိန်ထိအောင်ဆိုပါစို့။ တိုင်းပြည် ရဲ့ ၀င်ငွေ တွေဟာ ထိခိုက်နေခဲ့တာပါ။ နှစ်စဉ် အမေရီကန်ဒေါ်လာ သန်းကို ၁၀ ဂဏန်းနီးပါးပါဘဲ။