မန္တလေးမှာကျင်းပမယ့် တုတ်ထိုးအိုးပေါက်ကာတွန်းပြပွဲ

မိုးမခ
နိုဝင်ဘာ ၁၂၊ ၂၀၁၂

ခေတ်ကိုထင်ဟပ်စေတဲ့ ကာတွန်းများအား လူစုံစုံ လက်ရာစုံစုံ၊ အရောင်စုံစုံတို့ဖြင့် တင်ဆက်ပြသွားမည့် တုတ်ထိုးအိုးပေါက်အမည်ရ ကာ တွန်းပြပွဲတခုကို နိုဝင်ဘာလ ၁၅ ရက်မှ ၂၀ ရက်နေ့ထိ မန္တလေးမြို့၊ ၃၄ လမ်း၊ ၈၀ – ၈၁ လမ်းကြား၊ ရာပြည့်မန္တလေး (စာအုပ်ဆိုင်) အမှတ် (၂) မှာရှိတဲ့ သိရိပန်းချီအနုပညာပြခန်းမှာ ပြသမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကာတွန်း ပြပွဲမှာ နာမည်ရကာတွန်းဆရာတွေဖြစ်တဲ့ ကာတွန်းပာာကျူလီ (ကသာ)၊ ကာတွန်းဝေယံ၊ ကာတွန်းအောင်မော်၊ ကာတွန်းပံသုအောင်၊ ကာတွန်းငယ်လေး (မန်း) စသူတို့၏ကာတွန်း လက်ရာသစ်များကိုပြသရောင်းချမည်ဖြစ်ပြီး၏ ရောင်းချလို့ရရှိတဲ့ ငွေ များကို ကချင်စစ်ဘေးရှောင်ဒုက္ခသည်များထံ ပေးပို့လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts