အဝေးကြည့်မှန်ပြောင်း
နိုဝင်ဘာ ၂၊ ၂၀၁၂
စနေ တနင်္ဂနွေ အနားယူရက်တွေမှာ ဖတ်ဖို့ သိပ်မဟောင်းနွမ်းသေးသော ဂျာနယ်ဖြတ်စများကို ဖော်ပြလိုက်ပါတယ်။
The Nation ဂျာနယ်၊ အောက်တိုဘာ ၉
တရားသူကြီးအတော်များများ ထောင်ထဲပို့မှပဲ
တရားစီရင်ရေးစနစ်က ပြုပြင်လို့ ရမည်
(ဦးသိန်းညွန့်က အဲဒီလို ပြောတာပါ။
ဟုတ်ပါတယ် – လွှတ်တော်ရဲ့ ဥပဒေစိုးမိုးရေး ကော်မတီဝင်က ပြောတာပါ။သူ့ကို တုန့်ပြန်တဲ့စာ မကြာသေးခင်က မိုးမခကို ရောက်ပါတယ်။ မဖော်ပြဖြစ်ပါ။ စာပို့သူက အင်တာဗျူး ဖော်ပြခဲ့ရာ The Nation ဂျာနယ်ကို ပို့သင့်တယ် မဟုတ်လား။ အင်တာဗျူးကို = Click = နဲ့ = Click = မှာ ဖတ်ပါ။)
ညောင်ပင်ကြီးရွာရှိ အုတ်လုပ်ငန်းများကြောင့် ကျေးရွာသူကျေးရွာသားများ စိတ်မသက်မသာခံစားရလာ
(အင်း…… ဘယ်ဒေသက သတင်းလဲတော့ မသိပါဘူး၊ ခေါင်းစဉ်က ထူးခြားနေလို့ ကူးပေးလိုက်ပါတယ်။)
ခွေးသေလို့ တစ်လ ၆,၀၀၀ အဖြတ်ခံရတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီလုံခြုံရေးဝန်ထမ်းများ ဦးပိုင်နဲ့ညှိနှိုင်းမှု အဆင်ပြေ
(ရှင်းသလိုလိုနဲ့ ရှုပ်နေတဲ့ခေါင်းစဉ် သတင်းဖတ်မှပဲ နားလည်မယ် ထင်ပါတယ်။)
– တိုင်းရင်းသားမဟုတ်သူများနှင့် အတူယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်ကြောင်း ရခိုင်တိုင်းရင်းသားအဖွဲ့များ ပြောကြား
– မအူပင်အမတ် အပြုတ်ခံ၍ ဒေသအကျိုး ဆောင်ရွက်မည်ဟုဆို
– ရုပ်သံအစီအစဉ် အင်္ဂလိပ်လိုပေးခြင်းကို မြန်မာစာပေချစ်မြတ်နိုးသူများအသင်း ကန့်ကွက်– ကာတာလေကြောင်းလိုင်း မြန်မာပြည် ပြန်ဆင်းမည်–
သိန်းပေါင်း တသောင်းကျော်ဖိုး မူးယစ်ဆေး ဖမ်းမိ
(မြန်မာစာချစ်မြတ်နိုးသူများသတင်းကို အင်္ဂလိပ်နာမည်ပေးဂျာနယ်မှာ ထည့်ထားတာက ပြုံးစရာ ဖြစ်နေမလား။ မူရင်းသတင်း ခေါင်းစဉ်ကို သွားဖတ်ပါဦး၊ မြန်မာစာ နည်းနည်းမှားနေမလား မသိ။ မှားနေရင်တော့ ပိုပြုံးစရာ ဖြစ်မယ်နော်။)
Street View ဂျာနယ်၊ အောက်တိုဘာ ၈
မိဘမဲ့ကလေးငယ်များမွေးစားမှုနှုန်း မြင့်တက်လာ
(ဒီသတင်းနိဂုံးပိုဒ်က အချက်အလက်တွေကို ဇယားနဲ့ဖော်ပြရင် သိပ်ကောင်းမယ်လို့ ယူဆရပါတယ်။ အချက်အလက် တကယ်သိချင်သူက အဲဒီစာကြောင်းကို အဆုံးအထိ ဖတ်ရင်တော့ ခေါင်းမူးသွားနိုင်မလားနော်။)
– ပြည်သူသည်သာအစိုးရဖြစ်ဟု ပြောကြားခဲ့သည့် ဒေါ်ဖြူဖြူသင်း ပြည်သူတို့နှင့် လွှတ်တော်အတွေ့အကြုံ ဆွေးနွေး
– ကချင်ဒုက္ခသည်များ နိုင်ငံခြားအထောက်အပံ့ ကောင်းစွာ မရကြောင်း အစီရင်ခံစာ ထွက်ပေါ်– တွဲလက်ဆင့်ကူ ဆန်အလှူ (အိတ် ၁၀၀) သရုပ်ဆောင်နေမင်းနဲ့မြင့်မြတ် လှူဒါန်း
Strategy First သင်တန်းမှ ကျောင်းအုပ်ကြီး ဦးအောင်ချစ်ခင်နှင့် တွေ့ဆုံခြင်း
(ဒီအင်တာဗျူးက ပျင်းစရာကောင်းတယ်လို့ ထင်ခဲ့မိတာ။ တကယ် ဖတ်ကြည့်ရင် အထိတ်တလန့်ဖြစ်မိလိမ့်မယ်လို့ ယူဆပါတယ်။ ဖတ်ကြည့်ပါနော်။)
လွယ်ဟိန်းကုမ္မဏီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း အင်တာဗျူး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် SME ၇၀ % ခန့် ပျောက်ဆုံးနိုင်
(ကဲ … လုပ်ငန်းရှင်ကြီးကတော့ သတိပေးလိုက်ပါပြီနော်။ ၂ မျက်နှာရှိပါတယ်။)
တပတ်အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာသည့် အိမ်ခြံမြေ ဈေးကွက်
(အိမ်ခြံမြေ ဈေးကွက်အကြောင်း သိလိုသူများ ဖတ်ရှုသင့်သော ဆောင်းပါး ဖြစ်ကြောင်း ညွှန်းပါတယ်နော်။)
အာဆီယံစီးပွားရေးအ၀န်းအ၀ိုင်း နဲ့ စိုက်ပျိုးရေးကဏ္ဍ
(ခင်မောင်ညို (ဘောဂဗေဒ) ရဲ့ တပတ်အတွင်း စီးပွားရေးသုံးသပ်ချက် ဖြစ်ပါတယ်။
ကိုယ်ပိုင်သုံးသပ်ချက် မဟုတ်ဘူးလို့ ယူဆရတယ်။ ဆောင်းပါးအဆုံးမှာ ဆီယမ် ကော်မာရှယ်ဘဏ်၊ ဘန်ကောက်ပို့စ် ဆိုပြီး ကွင်းခတ် ဖော်ပြထားတယ်။
Asean Economic Community – AEC ဆိုတာကို အာဆီယံစီးပွားရေးအ၀န်းအ၀ိုင်း၊ အေအီးစီ စသဖြင့် သူ့ဆောင်းပါးမှာ သုံးထားပါတယ်။)
၂၀၄၀ ပြည့်နှစ် စီမံကိန်းအရ အခြေခံလူတန်းစားတိုင်း အခန်းပိုင်မည်ဟု ရန်ကုန်တိုင်းလွှတ်တော်ထံမှ သိရ
(၂၀၄၀ ပြည့်နှစ် ဆိုတော့ …..)
ကယားပြည်နယ် ရေကာတာစီမံကိန်း ရပ်ဆိုင်းရန် ဒေသခံတို့လိုလား
(ရေကာတာဆောက်ဖို့ တရုတ်အစိုးရကုမ္ပဏီနဲ့ စာချုပ် ချုပ်ပြီးပြီ လို့ သတင်းက ဆိုတယ်။ OIC စာချုပ်ကို ဖျက်လို့ရရင် ဒီစာချုပ်လည်း ဘာကြောင့် မဖျက်နိုင်ရမှာလဲ။)
အင်းပိုင်ရှင် ပန်းတနော် လွှတ်တော်အမတ်ကြောင့် ဒေသခံတွေ အခြေအနေဆိုးကြုံရ
– လျာထားချက် ရသုံးမှန်းခြေကို ရန်ကုန်လွှတ်တော်ပြင်ပမှာ သုံးသပ်ချက် – သတင်းသမားတဦးအမှား အမုန်းပွားခဲ့ကြရသည်– ဟင်္သာတမြို့ဆိုင်ကယ်လိုင်စင်ဝင်ရာတွင် လူ့အခွင့်အရေးအဖွဲ့မှဟု ပြောဆိုပြီး အခွင့်အရေးယူသူများ ရှိနေ
= Click =
Trade Times ဂျာနယ်၊ အောက်တိုဘာ ၆
ပြည်သူ့လွှတ်တော်နှင့် ကော်ဖီဆိုင် ယဉ်ကျေးမှု
လွှတ်တော်အမတ်၊ စီးပွားရေးပညာရှင် ဦးကြည်မြင့် (လသာ) နဲ့ အင်တာဗျူး
မည်သည့်အတွက် အများပိုင် ကုမ္မဏီ ပြောင်းလိုကြသနည်း
အိမ်ရှေ့အမှိုက်ပုံထားရာကနေ အမှုဖွင့်တဲ့အထိ ပြဿနာဖြစ်နေတဲ့ ဖိုးသောကြာ
ပိတ်ဆို့မှုအပြီး မြန်မာ့ပို့ကုန်များ တိုးတက်လာမည်လော
Finicial Times ဘာသာပြန်ဆောင်းပါး
လဖိုင်ဂမ်ကို လိင်တူဆက်ဆံခိုင်းလို့ လရှီးလုက သမ္မတကိုတိုင်
(ဒီလိုသတင်းမျိုး ပထမဆုံးအကြိမ် ဂျာနယ်မှာ ဖော်ပြခြင်း ဖြစ်ဖွယ်ရှိပါတယ်။ ကျေးလက်ဒေသက လူ ၂ ဦးအမည်ကို သတင်းခေါင်းစဉ်မှာ တပ်ထားတာလည်း ပထမဆုံးဖြစ်ဖွယ်ရှိပါတယ်။)
– ရခိုင်ပြည်နယ်မီးဘေး ပျက်စီးဆုံးရှုံးမှုလျော်ကြေးပေး
– လွှတ်တော်ကိုယ်စားလှယ်များ ပမာဒ လေခ မဖြစ်ကြစေဖို့ (အယ်ဒီတာ့အာဘော်)
– မြေပဲဈေးနှုန်း ပြန်လည်ကျဆင်းလျက်ရှိ