မိုးမခကို ပေးတဲ့စာ

ချမ်းသာရဲ့ဒဏ် မခံနိုင်တော့ပါ

မင်းအောင် (ဟင်္သာတ)
အောက်တိုဘာ ၂၁၊ ၂၀၁၂

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက် အင်္ဂပိုလမ်းရှိ စားသောက်ဆိုင်နှင့်တွဲဖက်၍ဖွင့်လှစ်ထားသော ဦးအုန်းလွင်ပိုင် ချမ်းသာ (ကေတီဗွီ) ဆိုင်ရဲ့ဆူညံသံဒဏ်ကို ရပ်ကွက်နေ ပြည်သူများ နေ့စဉ်နှင့်အမျှခံနေကြရပါတယ်။ ညဘက်ဆို သန်းခေါင်းကျော် (၁) နာရီ အချိန်ထိ ဆူညံနေခြင်း၊ ဆိုင်တွင်းရှိ မိန်းကလေးများမှ ဆဲရေးတိုင်းထွာ ရန်ဖြစ်ခြင်းတို့ကြောင့် ရပ်ကွက်နေပြည်သူများ နေ့စဉ်နှင့်အမျှ စိတ် ညစ်နေကြရပါတယ်။ ယခင်ရက်ပိုင်းအတွင်းက ကျူးကျော်နေထိုင်သူများအား မြို့နယ်စည်ပင်မှ စာထုတ်၍ဖယ်ခိုင်းခဲ့ပြီး အဆိုပါစားသောက် ဆိုင်မှာတော့ မီးရထားမြေပေါ်တွင် ဆောက်လုပ်ထားသည်ကိုတော့ မည်သို့မျှအရေးယူဆောင်ရွက်မှုမရှိသေးပါ။ အဆိုပါဆိုင်ရှေ့တွင်ရှိ သည့် ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများမှာလည်း ကေတီဗွီစားသောက်ဆိုင်ကြောင့် စိတ်အနှောင့်အယှက်ကြီးစွာ ရင်ဆိုင်နေရပါတယ်။

အဆိုပါအဖြစ်အပျက်များကို အောက်တိုဘာလ ၁၆ ရက်နေ့က တာဝန်ရှိသူတို့ထံတိုင်ကြားထားသော်လည်း မည်သို့မျှ အရေးယူဆောင်ရွက် ခြင်းမရှိသေးသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ သတိမူ အရေးယူဆောင်ရွက်ပေးနိုင်ပါရန်အတွက် ယခုလို မီဒီယာမှတဆင့် ဖော်ပြအပ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ချမ်းသာရဲ့ဒဏ် မခံနိုင်တော့ပါ
  1. မဟုတ်တာမမှန်တာတွေလုပ်နေတာတွေ့ရင်တိုင်ကြပါ။ ဒါမှ ပြည်သူကြည်ညိုတဲ့အစိုးရဖြစ်လာမှာပါ။ဘယ်သူမှ ကြောက် စရာမလိုပါဘူး။ သမ္မတရုံးဝက်ဆိုဒ်မှာ တိုင်ကြားစာအခန်းဖွင့်ပေးထားပြီးဖြစ်ပါတယ်။ တိုင်တဲ့နေရာမှာ မှန်မှန်ကန်ကန် ဖြစ်ဖို့တော့လိုပါတယ်။ ကိုယ်တိုင်တာတကယ်မှန်ရက်သားနဲ့ ငွေမပေးနိုင်လို့ အရှုံးနဲ့ ရင်ဆိုင်ရတဲ့ ခေတ်မျိုးမဟုတ်တော့ပါဘူး။ အမေဒေါ်အောင်ဆန်းစုကြည်တစ်ယောက်လုံးရှိနေပါပြီ။

Comments are closed.