သတင်းပဒေသာ

မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းစာအုပ် မြန်မာနိုင်ငံတွင်ထုတ်ဝေ

မိုးမခမိတ်ဆွေ
အောက်တိုဘာ ၂၁၊ ၂၀၁၂ 
 

(၈၈) မျိုးဆက်ကျောင်းသားဖြစ်သည့် ကိုအောင်ထွန်း ရေးသားပြုစုသော မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (၁၉၀၃-၁၉၆၂) စာအုပ် ကို အောက်တိုဘာလ ၁၄ ရက်နေ့က မြန်မာနိုင်ငံအတွင်းမှာ ထုက်ဝေလိုက်ပါတယ်။

အဆိုပါစာအုပ်ရေးသားပြုစုမှုကြောင့် လူပေါင်း (၁၀၀) ကျော် ဖမ်းဆီးထိန်းသိမ်း စစ်ဆေးမှုခံခဲ့ရပြီး စာအုပ်ရေးသားခဲ့သူ ကိုအောင်ထွန်းအပါ အ၀င် လူပေါင်း (၂၃) ဦးတို့ ဘ၀တွေကို ပေးဆပ်ခဲ့ရပါတယ်။ ပေးဆပ်မှုတန်ဖိုးမြင့်မားလှသည့် အဆိုပါစာအုပ် မြန်မာနိုင်ငံအတွင်း ထုတ်ဝေ နိုင်ခဲ့သည်မှာ ၀မ်းမြောက်ဖွယ်ကောင်းလှပြီး မျိုးဆက်သစ် ကျောင်းသားလူငယ်များအနေဖြင့်လည်း ဖတ်ရှုလေ့လာသင့်သည့် စာအုပ်တ အုပ်ဖြစ်ပါတယ်။

အဆိုပါစာအုပ်အား ယခင်နှစ်အနည်းအတွင်းက ပြည်ပတွင်လည်း ထုတ်ဝေခဲ့ဖူးပါတယ်။ ယခုအခါ မြန်မာနိုင်ငံအတွင်း  ပဉ္စရူပစာအုပ်တိုက်က ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း အစိုးရအပြောင်းအလဲအောက် ကန့်သတ်ခံထားရတဲ့စာ အုပ်တွေ တဖြည်းဖြည်း ပြန်လည်ထုတ်ဝေလာတာကို တွေ့နေရပါတယ်။

  စာအုပ်ရေးသားပြုစုခဲ့သူ၏ ကိုယ်ရေးအကျဉ်း

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts