အဝေးကြည့်မှန်ပြောင်း
အောက်တိုဘာ ၂၀၊ ၂၀၁၂
ဒီဂျာနယ်ကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ မွေးဖွားပါတယ်။ လူထုပုံရိပ်ဟာ ဂျာနယ်များ ပလူပျံနေချိန်၊ ပြီးတော့ … ဒီဂျာနယ်တွေ သတင်းစာများအဖြစ် အသွင်ပြောင်းမယ့် ကာလမှာ ထွက်ပေါ်လာတာပါ။ အောက်ဖော်ပြပါ ဖြတ်စများက လူထုပုံရိပ်ဂျာနယ်က ဖြစ်ပါတယ်။
မင်းတုန်းမင်းကြောင့် ဆော်ဒီအာရေဗျသွားသူ အဆင်ပြေ
မင်းတုန်းမင်းက ဆော်ဒီအာရေဗျနိုင်ငံမှာ ဇရပ်တဆောင် လှူခဲ့တယ်လို့ ဆိုတယ်။ ဒါကြောင့် မြန်မာပြည်က မူဆလင်ဘာသာဝင်တွေ ဆော်ဒီအာရေဗျကို ဘုရားဖူးသွားရင် အခမဲ့ တည်းခိုနိုင်တယ်၊ အခမဲ့တည်းနိုင်တဲ့ အရေအတွက်က ၃၅၀ ဖြစ်တယ်လို့ ဆိုပါတယ်ဗျာ။
ဈေးသင်္ဘော အရောင်းအ၀ယ်ပါး၊ သို့သော် … အကျိုးအမြတ်များ
သင်္ဘောနဲ့ ဈေးလိုက်ရောင်းတာ အရောင်းအ၀ယ်ပါးလာတယ်၊ သို့ပါသော်လည်း ဒေသအသီးသီးက ဘုရားစုံ ဖူးရတာမျိုးလို အကျိုးအမြတ်များလည်း ရရှိပါတယ်လို့ ဒီသတင်းက ဆိုလာပါတယ်။
သတင်းအဆုံးမှာ ပါတဲ့ သုံးသပ်ချက်ကတော့ အငြင်းပွားစရာဖြစ်မယ်လို့ ယူဆရပါတယ်။
သီလရှင်များ နဲ့ အလှူခံမှု
ဒီသတင်းဖတ်ပြီးရင်တော့ အလှူခံထွက်တဲ့သီလရှင်တွေ့ရင် အလှူအတန်းပြုလိုစိတ် ပေါ်လာမယ်လို့ ယူဆရပါတယ်။
သီလရှင်တွေ တနေကုန် အလှူခံထွက်ပေမယ့် ဆွမ်းစားဖို့ခက်နေတယ်၊ မလုံလောက်ဘူး၊ လှူဒါန်းမှုများလည်း လျော့နည်းသွားပါပြီတဲ့ခင်ဗျာ။
အမျိုးသမီးနဲ့ အရက် အရောင်းမြှင့်တင်ရေး
အမျိုးသမီးတွေကို အရက် အရောင်းမြှင့်တင်တဲ့နေရာမှာ တွေ့နေရတယ် ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကြောင့် သူတို့ကို ဒီလို တွေ့နေရတာပါလို့ ဆိုပါတယ်။
ဒီသတင်းကိုလည်း နိုင်ငံရေးသမားတစ်ယောက်ရဲ့ အမြင်နဲ့ အဆုံးသတ်ပါတယ်။
ဒီသတင်းဖတ်ပြီး စဉ်းစားမိတာကတော့ ချမ်းသာတဲ့တိုင်းပြည်များမှာလည်း ဒီလိုမြင်ကွင်းတွေ မတွေ့ရဘူးလား ဆိုတာပါပဲ။
ချီဝါ၀ါ တကောင် လေးသိန်း
ခွေးမွေးပြီးရောင်းတဲ့လုပ်ငန်း လုပ်ချင်စိတ် ပေါ်လာစေတဲ့ အညွှန်းလေးတစ်ခု ဖြစ်ပါတယ်။
ချီဝါ၀ါ ဆိုတာ ခွေးပေါက်စ အမျိုးအစားပါ။ အညွှန်းမှာ ဒီခွေးပိစိရဲ့ အားသာချက်တွေကို ဖတ်ရမှာပါခင်ဗျာ။
အကျိုးပြု ဘီလူး
ရန်ကုန်က ကျိုက္ကစံ စေတီမှာ ရှိတဲ့ ယက္ခညီနောင် အလှူခံဌာနက ရရှိတဲ့ အလှူငွေဟာ စေတီတခုလုံးကရတဲ့ အလှူငွေရဲ့ ၄၀ ရာခိုင်နှုန်း ရှိတယ် ဆိုတ့ သတင်းတစ်ပုဒ်ပါ။
ကန်တော့ပွဲ၊ ဒန်ပေါက်၊ သစ်သီးမျိုးစုံ လှူရင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ကိစ္စရပ်များ ထူးခြားစွာ အောင်မြင်မှုရမယ်လို့ ပူဇော်သူတဦးက ဆိုပါတယ် တဲ့။
အခြေခံဥပဒေကို ဘယ်လိုပြင်မလဲ
နာဂစ်အခြေခံဥပဒေကို ဘယ်လိုပြင်မလဲဆိုတဲ့အကြောင်း နိုင်ငံရေးသမားတွေ ပြောပြထားတာ ဖတ်ရမှာပါ။
ပြင်လို့မရအောင် လုပ်ထားတဲ့ ဒါကို ပြောင်းလဲဖို့အတွက် အဖြေက လူထုအုံကြွမှုပါပဲ လို့ တယောက်က ဆိုထားပါတယ်ခင်ဗျာ။
ရွှေဂက်စ်ကြောင့် ပုဂံ ထိခိုက်နိုင်မလား
တရုတ်မြန်မာ ဂက်စ်ပိုက်လိုင်းကြောင့် ပုဂံ ဒေသ၊ ရွှေစက်တော်ဒေသတို့ ထိခိုက်နိုင်မလား ဆိုပြီး ရေးထားတဲ့ သတင်းပါဗျ။
ဦးဝင်းခက် အင်တာဗျူး
စာရေးဆရာ နိုင်ငံရေးသမား ဦးဝင်းခက် နဲ့ အင်တာဗျူး ဖြစ်ပါတယ်။ နိုင်ငံရေးအကြောင်းတွေပဲ ပြောထားပါတယ်။
(အင်တာဗျူးနဲ့အတူတွေ့ရတဲ့ ကြော်ငြာကတော့ ၀တ္ထုတိုဆရာ မောင်တင်ဆင့် ကွယ်လွန်တဲ့အကြောင်းပါ)
အောင်သူငြိမ်း ဆောင်းပါး
ပြည်ပမှာ နေထိုင်တဲ့၊ စာရေးကောင်းတဲ့ အောင်သူငြိမ်းရဲ့ ဆောင်းပါးမှာတော့ အခြေခံဥပဒေခုံရုံးကိစ္စ ဖတ်ရပါလိမ့်မယ်။
နေပြည်တော်က အတွင်းရေးတွေ မပါပါဘူး။ အဝေးက လှမ်းပြီး ဆင်ခြင်မှု ဖြစ်ပါတယ်။ ပြည်ပက ဖြစ်ရပ်တချို့နဲ့လည်း ယှဉ်ပြီး သုံးသပ်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။
အောက်ဖော်ပြပါ ဖြတ်စများက အလင်းတန်းက ဖြစ်ပါတယ်။
မြန်မာပြည်က နန်းတော်များ
မြန်မာပြည်မှာ ရှေးလက်ရာအတိုင်း ဆောက်ထားတဲ့ နန်းတော်ကြီးတွေရှိတယ်၊ ရှိပေမယ့် ၀င်ငွေဖန်တီးပေးနိုင်မှု မရှိဘူး၊ အများစိတ်ဝင်စားမှု အားနည်းနေတယ် တဲ့။ သို့သော်လည်း ပြောင်းလဲမှုရှိလာတော့မယ် လို့ ဆိုထားတဲ့ ဆောင်းပါးပါ။ ဆောင်းပါးရှင်က ထိုင်းနဲ့ အမေရိကန် ခရီးစဉ် အတွေ့အကြုံများနဲ့ ယှဉ်ပြီး ရေးထားတာပါ။
ကဗျာဆရာ လှသန်း တနှစ်ပြည့်
ကဗျာဆရာ လှသန်း ခေါ် ကြည်မောင်သန်း ကွယ်လွန်တာ တနှစ်ပြည့်ပါပြီ။ လာမယ့် တနင်္လာ (အောက်တိုဘာ ၂၂)မှာ တနှစ်ပြည့် အမှတ်တရ အစီအစဉ် ရန်ကုန်မှာ လုပ်မယ်၊ ကြည်မောင်သန်း ဘယ်သူလဲ၊ သူ ဘာတွေ ရေးခဲ့သလဲ ဆိုတာတွေကို ရေးထားတဲ့ သတင်းရှည်တစ်ပုဒ်ပါ။
ပန်းချီ – ရည်နန်းသိုက် |
ဘတ်စ်ကားစောင့်စားခြင်းပန်းချီကား
ပန်းချီဆရာ ရည်နန်းသိုက်ရဲ့ တကိုယ်တော်ပြပွဲသတင်းပါ။ ပန်းချီပြပွဲ အများအပြား ရှိတဲ့ထဲမှာ ဒီပွဲအကြောင်း ဘာကြောင့် သတင်းလုပ်ရသလဲ ဆိုတာ သတင်းဖတ်ပြီး ရှင်းသွားပါလိမ့်မယ်။
စင်္ကာပူမှာ အိုင်ဖုန်း၊ အိုင်ပက်ကို ဘယ်လောက် ရူးသွပ်သလဲ
ဒါကတော့ စာအုပ်အညွှန်း ခပ်တိုတိုလေးပါ။
စင်္ကာပူမှာ အိုင်ဖုန်း၊ အိုင်ပက်ကို ဘယ်လောက် ရူးသွပ်သလဲ ဆိုတာကို စာအုပ်အညွှန်းမှာ တွေ့ရပါလိမ့်မယ်။
Facebook မှာ အပြောခံရတဲ့ ဆိုတေးရဲ့ ရှင်းလင်းချက်
နာမည်ကျော် အဆိုတော် ဆိုတေးက သူတို့ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခု လုပ်ပါတယ်။
Facebook မှာ အပြောခံရတဲ့ ပြဿနာပါ။ ဒီအကြောင်းသတင်းပါ။
တကိုယ်တော်ပြက်မယ့် လူပြက်
လူပြက်တွေ တကိုယ်တော်ပြက်လုံးထုတ် တင်ဆက်တာ မြန်မာပြည်မှာ အစပြုနေပြီ တဲ့။ ဇာဂနာတို့အုပ်စုရဲ့ တီထွင်ချက်ပါ။
နိုင်ငံတကာအဆင့်မီပေါ့။ ရယ်လိုသူများအတွက် သတင်းကောင်းပေါ့ဗျာ။
ဖိနပ်ကိစ္စသိပ်ပြေချင်ကြရင်နာဂစ်ကယ်ဆယ်ရေးဘုရားဝန်းထဲမှာဖွင့်ထားတာကိုသိန်းစိန်သွားတဲ့ခွေကိုရှာကြည့်ကြပါ။