သတင်းပဒေသာ

ဆန္ဒပြသည့် တရားလွှတ်တော်ရှေ့နေ အရေးယူခံရ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မိုးမခအထောက်တော်
အောက်တိုဘာ ၂၀၊ ၂၀၁၂ 
အောက်တိုဘာလ ၁၈ ရက်နေ့က ပြည်မြို့မှာ ရုံးခွန်တော်တံဆိပ်ခေါင်းများ တန်ဖိုးမြှင့်ခြင်း၊  High Court  နှင့် ရန်ကုန်တိုင်းဒေသကြီးစုပေါင်း ရုံးကို အလွဲသုံးလုပ်ခြင်းနှင့်ပတ်သက်လို့ ဆန္ဒပြခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးကို ပြည်မြို့ အမှတ် (၂) ရဲစခန်းတွင် ပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

ဦးမြင့်အေးအပြင် ကိုဘရှီ၊ ကိုရေခဲတို့ကိုလည်း တရားစွဲဆိုခဲ့ပါတယ်။ စွဲဆိုရတဲ့အကြောင်းအရင်းကတော့ ဦးမြင့်အေးအား ကိုဘရှီက ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးမှု (အားပေးကူညီမှု)၊ ကိုရေခဲအား ဗီနိုင်းကိုင်ဆောင်ပြီး ဦးမြင့်အေးနဲ့အတူ ဆန္ဒပြမှု (အားပေးကူညီမှဲု) တို့နဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ ကိုသိန်းမင်းထွန်း (HRDP) ကိုလည်း ဗီနိုင်းသိမ်းဆည်းမှုဖြင့် သက်သေအဖြစ် ရဲက သက်သေထား ခဲ့ပါတယ်။ ဦးမြင့်အေး ဆန္ဒပြစဉ်မှာလည်း HRDP လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် အင်္ကျီကိုဝတ်ဆင်ထားခဲ့တာဖြစ်ပါ တယ်။ ထိုနေ့ ည (၆) နာရီအချိန်မှာတော့ အာမခံရခဲ့တယ်လို့လည်း သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဆန္ဒပြသည့် တရားလွှတ်တော်ရှေ့နေ အရေးယူခံရ
  1. ကြည့်တဲ့လူတွေပါ တရားစွဲဘို့ တောင်းဆိုပါတယ်။ အဲအဲ လိုသွားလို့ပါ။ သတင်းကို ဖော်ပြသူတွေကိုလည်း တရားစွဲကြပါ ခင်ညာ့။ အင်း … ပိုပြီးတရားမျှတမှ ခင်ညားတို့ ပြောပြောနေတဲ့ Good Government, Clean Governance ဖြစ်သွားအောင် အခု comment ရေးတဲ့ တားတားကိုလည်း တရားစွဲပါခင်ညာ့ …

Comments are closed.