ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ဒါနရှင်တို့ ပေါင်းကူရာနှင့် တကယ်ရောက်ခဲ့သူများ (Kyaw Thu – FFSS Yangon)

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)

အောက်တိုဘာ ၁၄၊ ၂၀၁၂

● ဒါနရှင်တို့၏ ပေါင်းကူးရာ
၁၁.၁ဝ.၂ဝ၁၂ ရက်နေ့ နေ့လည် (၂း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ တာဝန်ရှိသူများသည် သင်္ဃန်းကျန်းမြို့နယ် စံပြ ဆေးရုံမှ အရေးပေါ်လိုအပ်နေသည့် ဆေးရုံကြီး၏ အအေး ခန်းဋ္ဌာနတွင် အသုံးပြုရန်အတွက် Mitsubishi အမျိုးအစား လွေအေးပေး စက် တစ်လုံး (တန်ဖိုး ၆၁၈ဝဝဝိ/- ခြောက်သိန်းတစ်သောင်းရှစ်ထောင်ကျပ်) နှင့် ဆေးဝါးပစ္စည်းမျိုးစုံ (တန်ဖိုး ၃၇၅ဝဝိ/- သုံးသောင်းခုနှစ် ထောင့်ငါးရာကျပ်) တို့အား သွားရောက်လှူဒါန်းပေးအပ်ခဲ့သည်။

လှူဒါန်းမှုများအတွက် စံပြဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်ထွန်း၊ သူနာပြုဆရာမကြီးနှင့် ဆေးရုံတာဝန်ရှိသူများတို့မှ လက်ခံခဲ့ကြပြီး ဒေါက်တာ ဇော်ထွန်းမှ ဆေးရုံ၌ ဆင်းရဲနွမ်းပါး လူနာများလည်း တက်ရောက်၍ ကုသနေကြသည့်အတွက် မည်သူမဆို လှူဒါန်းမှုများရှိပါက လက်ကမ်းကြိုဆိုနေပါကြောင်း ပြောကြားခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ယခင်အချိန်များတွင်လည်း သင်္ဃန်းကျွန်းမြို့နယ် စံ ပြဆေးရုံကြီးအတွက် လိုအပ်သည့်ဆေးရုံသုံးကုတင်များ၊ ဆရာဝန်သုံးနားကြပ်များ၊ အောက်ဆီဂျင်အိုးများ၊ လက်တွန်းလှည်းများလည်း လှူဒါန်းပေးအပ်ခဲ့ဖူးသည်။

 အများပြည်သူတို့၏ ကျန်းမာရေးအတွက် စောင့်ရှောက်မှုပေးလျှက်ရှိသည့် ပြည်သူ့ဆေးရုံအချို့ များသို့ ဆေးကူညီမှုအဖြစ်၎င်း၊ ဆေးကုခန်း များနှင့် ဆေးပေးခန်းများသို့ ဆေးဝါးပစ္စည်းများ ထောက်ပံ့မှုအဖြစ်လည်းကောင်း အစရှိသည့် လိုအပ်မှုအစုစုများအတွက် ကူညီထောက်ပံ့မှု များအား ၂ဝဝ၃ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့မှစ၍ ယနေ့အချိန်ထိ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အလှူရှင်များတို့၏ ယုံကြည်စွာလှူဒါန်း ခဲ့ကြသည့် လှူဒါန်းငွေများအား လိုအပ်သည့်နေရာများသို့ စနစ်ကျစွာဖြင့် ပေါင်းကူးတံတားသဖွယ် ကောင်းမှုကုသိုလ်ပွားများစေရန် ကူညီ ဆောင်ရွက် လျှက်ရှိပါသည်။

● တကယ်ရောက်ခဲ့ပြီ
အောက်တိုဘာလ (၁၄) ရက်နေ့တွင် ကျရောက်သည့် သမီးလေး ပြေသုဒ္နြာ၏ (၁) နှစ်ပြည့် မွေးနေ့အလှူဒါနအဖြစ် နာရေးကူညီ မှုအသင်း (ရန်ကုန်) သို့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် ရုပ်ရှင်/ဗီဒီယိုသရုပ်ဆောင် ဇနီးမောင်နှံဖြစ်ကြသည့် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့သည် မိဘများနှင့်အတူ လာရောက်ခဲ့ကြပြီး သမီးလေး ပြေသုဒ္နြာ (၁) နှစ်ပြည့် မွေးနေ့အလှူအတွက် အလှူငွေ (၁ဝ) သိန်းကျပ် တိတိအား လှူ ဒါန်းပေးအပ်ခဲ့သည်။

 

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအသစ် ပြန်လည်ဖွဲ့စည်းခဲ့စဉ်တွင် ဦးကျော်သူသည် အဓိက သရုပ် ဆောင်အလွှာအတွက် ဆန္ဒမဲထည့်ဝင်ခဲ့စဉ်၌ အနုပညာလောကနှင့် ဝေးကွာခဲ့ကြသည့် အနုပညာမောင်နှမဖြစ်သူ အူဝဲနှင့်တွေ့ဆုံခဲ့ပြီး နှုတ်ဆက်စကားဆိုခဲ့ကြစဉ်၌ အူဝဲသည် နာရေးကူ ညီမှုအသင်း (ရန်ကုန်) သို့ လာရောက်ချင်ခဲ့သော်လည်း မလာရောက်ဖြစ်သေးသည့်အတွက် တစ်နေ့တော့ မရောက်ရောက်အောင် လာခဲ့ မည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ အခုတော့ အမှန်တကယ်ရောက်ရှိလာခဲ့ပါပြီ။ ၁၄.၁ဝ.၂ဝ၁၂ ရက်နေ့တွင်ကျရောက်သည့် သမီးလေး ပြေသုဒ္နြာ၏ (၁) နှစ်ပြည့် မွေးနေ့အလှူအဖြစ် ပြေတီဦး + အူဝဲတို့ မိသားစုတို့ တကယ်ရောက်လာကြကြသည့်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်ဆို လိုက်ရပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts