မိုးမခကို ပေးတဲ့စာ

ဧရာဝတီတိုင်း ဖျာပုံမြို့တွင် OIC အား ကန့်ကွက်ဆန္ဒပြမည့်ကိစ္စ

မင်းခေါင် (ဖျာပုံ)

အောက်တိုဘာ ၁၄၊ ၂၀၁၂

OIC (အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့) နှင့် OIC အဖွဲ့ လက်အောက်ခံ INGO များ မြန်မာနိုင်ငံတွင် ရုံးခန်းလာရောက်ဖွင့်မည်ကို လက်မခံနိင်သော ဖျာပုံမြို့ရှိ ကန့်ကွက်လိုသောလူအများမှ စုပေါင်း၍ (၁၅.၁၀.၂၀၁၂) ရက်နေ့ တနင်္လာနေ့ နေ့လည် (၂) နာရီတွင် မြို့ အတွင်းသို့လှည့်လည်၍ ဆန္ဒဖော်ထုတ်ကြမည်ဖြစ်ပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆန္ဒဖော်ထုတ်ကြမည့် ရက်အတိုင်းဖျာပုံမြို့တွင်လည်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စီတန်းလှည့်လည်ခွင့် ဥပဒေ အရခွင့်ပြုမိန့်တောင်းခံရန် အဆင်မပြေနိုင်ပါသဖြင့်၊ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအား အကြောင်းကြားစာပို့ပြီး မိမိတို့ သဘော ဆန္ဒအလျောက် ဆန္ဒဖော်ထုတ်ကြမည်ဖြစ်ပါသည်။

ယခုအချိန်အထိ ဒေသဆိုင်ရာအာဏာပိုင်များမှ တရားဝင်လာရောက်တားဆီးခြင်းမရှိသေးသော်လည်း ဆန္ဒဖော်ထုတ်မည့်ကိစ္စအပေါ်
တရားမ၀င်ကြောင်းနှင့် သူတို့အသိအမှတ်မပြုနိုင်ကြောင်းကို လာရောက်အသိပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ဆန္ဒဖော်ထုတ်ပွဲလုပ်မည့်သူများကလည်း မည်သည့်အကြောင်းကြောင့်မျှနောက်မဆုတ်ဘဲ မဖြစ်ဖြစ်သည့်နည်းဖြင့် ဆန္ဒဖော်ထုတ်ပြသ သွားကြမည်ဟုပြောဆိုကြကြောင်း သတင်းရရှိပါသည်။

ထူးခြားသတင်းများကို ဆက်လက်ပေးပို့တင်ပြပေးသွားပါမည်။ 

(အကြောင်းကြားစာမိတ္တူကို ပူးတွဲဖော်ပြထားပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts