သတင်းပဒေသာ

စာကြည့်တိုက်သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲ ကျင်းပမည်

မိုးမခမိတ်ဆွေ
အောက်တိုဘာ ၁၄၊ ၂၀၁၂

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယကျောင်းဆောင်သစ်ကြီး၌ ၃-၉-၂၀၁၂ မှ စတင်ပို့ချအပ်သော  The Course Of Nurturing A Basic Library. (အခြေခံစာကြည့်တိုက် ပျိုးထောင်ရေး) သင်တန်းဆင်းပွဲနှင့် ကုသိုလ်ရှင်အသီးသီးအား ဂုဏ်ပြု မှတ်တမ်းပေးအပ်ပွဲ အခမ်းအနားကို ၁၅-၁၀-၂၀၁၂ ရက်နေ့ ညနေ ၄း ၀၀ နာရီတွင် မစိုးရိမ်တိက်သစ်၊ ဓမ္မစေတိယကျောင်းဆောင်သစ်ကြီး၌ ကျင်းပမည် ဖြစ်သည်။

စာကြည့်တိုက်သင်တန်းတက်ရောက်သင်ယူသော သံဃာတော်များမှာ အပါး (၇၀) ကျော်ရှိပြီး၊ တစ်လကျော်ပို့ချ အပ်သော သင်ခန်းစာများကို ယနေ့ (၁၃-၁၀-၂၀၁၂) ရက်နေ့ ညနေ ၆း၀၀ နာရီတွင် စာမေးပွဲကျင်းပကာ ပြန်လည်စမ်းသပ်ပြီးဖြစ်သည်။ ထိုသံဃာတော်များသည် ဓမ္မာ စရိယ ဘွဲ့ရသံဃာတော်များဖြစ်ပြီး၊ သင်တန်းကာလ အစမှအဆုံးထိ တက်ရောက်သင်ယူကြသူများလည်း ဖြစ်သည်။ စာမေးပွဲတွင် ထူးချွန် သည့် သံဃာဆယ်ပါးရွေးချယ်မည်ဖြစ်ပြီး ထိုဆယ်ပါးအား သီးခြားဆုချီးမြှင့်သွားမည်ဖြစ်သည်။

စာကြည့်တိုက်သင်တန်း ပို့ချသည့်ဆရာမှာ ဦးအောင်မြင့်ဦး (လူထု စာကြည့်တိုက်)၊ ဆရာမ မှာ ဒေါ်ခင်သီတာလတ် (ရတနာပုံတက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုတပညာဌာန၊ နည်းပြ) တို့ဖြစ်သည်။

စာကြည့်တိုက်သင်တန်းဆင်းပွဲကို မစိုးရိမ်တိုက်သစ် မဟာနာယကချုပ် ဆရာတော်ကြီး ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ၊ မဟာနာယက ဆရာတော် ဘဒ္ဒန္တ ကေသရာဘိဝံသ၊ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသော နာယကဆရာတော်များ ကြွရောက်ချီးမြှင့်မည်ဖြစ်သည်။

ကျောင်းဒကာ/ဒကာမများ၊ ကုသိုလ်ရှင်များ၊ ဧည့်ပရိသတ်များ၊ စာနယ်ဇင်းသမားများတို့ ဖိတ်ကြားထားပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts