ဓာတ်ပုံသတင်း

ရွှေတွံတေးဆရာတော် ကန်ချနဘူရီ ကိုယ်ထူကိုယ်ထကျောင်းသို့ ကြွရောက်

ဓာတ်ပုံသတင်း
အောက်တိုဘာ ၁၄၊ ၂၀၁၂ 

ထိုင်းနိုင်ငံ ကန်ချနဘူရီ ကိုယ်ထူကိုယ်ထ ကလေးများစာသင်ကျောင်းသို့  ရွှေတွံတေးဆရာတော်နှင့် မာကိုပိုလို ကုမ္မဏီဒါရိုတ်တာများအဖွဲ့ ၁၂. ၁၀. ၂၀၁၂ နေ့ကသွားရောက်ခဲ့ကြပြီး အမှတ်တရတီရှပ်များနှင့် ခေါက်ဆွဲ၊ မုန့်မျိုးစုံဝေငှခဲ့ကြသည်။

ရွှေတွံတေးဆရာတော်က “ကလေးတွေ ၁၆၀ လောက်ရှိတယ်။ ၇ တန်းအထိရှိနေကြပြီး ရွာပြန်ရင် ကျောင်းဆက်နေနိုင်အောင် မြန်မာသင်ရိုး အတိုင်းသင်ပေးတယ်။ အကျိုးဆောင်တွေက အမာခံထောက်ပံ့ပေးကြတယ်။ ကလေးတွေကို ပညာရေးအသိအမှတ်ပြုပေးဖို့ ကျောင်း ဆောက်ပေးဖို့တော့ သက်ဆိုင်ရာလူကြီးတွေလာလျှောက်ထားတာရှိတယ်။ လက်တွေ့တော့မဖြစ်သေးဘူး” ဟု မိန့်ကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts