ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

အာဇာနည်ခေါင်းဆောင်ကြီး၏သမီး ကွယ်လွန်


နာရေးကူညီမှုအသင်း – ရန်ကုန်

စက်တင်ဘာ ၃၀၊ ၂၀၁၂ 

 



အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း + ဒေါ်ခင်စောတို့၏သမီးကြီး ဒေါ်တင်လှဝင်း အသက် (၇၆) နှစ်သည် ၂၈.၉.၂ဝ၁၂ ရက်နေ့ နံနက် (၄း၃ဝ) နာရီအချိန်တွင်ကွယ်လွန်သွားခဲ့ပြီး ယင်းနေ့ နံနက် (၁ဝး ဝဝ) နာရီအချိန်၌ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ တက္က သိုလ်ရိပ်သာလမ်းနေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကူညီဖေးမပို့ဆောင်ပေးခဲ့သည်။

 

 ဈာပနအခမ်းအနားအား ၃ဝ.၉.၂ဝ၁၂ (တနင်္ဂနွေနေ့) ညနေ (၄းဝဝ ~ ၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်ရှိ ခန်းမဆောင် (၁/က) ၌ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ စီစဉ်ဆောင်ရွက်မည်ဖြစ်ပါသဖြင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏သမီးကြီးဖြစ်သူ ဒေါ်တင်လှ ဝင်းအား ခင်မင်လေးစားကြသည့် နယ်ပယ်အသီးသီးမှ ဆွေမျိုးမိတ်သင်္ဂဟများအားလုံးအတွက် အသိပေးနှိုးဆော်အပ်ပါသည်။

(ညနေ (၅းဝဝ) နာရီအချိန်တွင် မီးသင်္ဂြိုလ်မည်ဖြစ်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts