သတင်းပဒေသာ

ရွှေဝါရောင် (၅) နှစ်ပြည့် အထိမ်းအမှတ် မန္တလေးတွင်ပြုလုပ်

မိုးမခအထောက်တော်
စက်တင်ဘာ ၃၀၊ ၂၀၁၂

စက်တင်ဘာ ၂၆၊ ၂၀၁၂ ရက်နေ့က ၂၀၀၇ အတွင်းက ဖြစ်ပျက်ခဲ့တဲ့ ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ ကျဆုံးသွားကြတဲ့ ရဟန်း ရှင်လူ ကျောင်းသား ပြည်သူတွေကို ဂုဏ်ပြု သောအားဖြင့် အထိမ်းအမှတ်အခမ်းအနားတခုကို မန္တလေး၊ မြ၀တီမင်းကြီးကျောင်းတိုက်မှာပြုလုပ်ခဲ့ပါတယ်။

 မွန်ရပျိုတပါးဖြစ်တဲ့ အရှင်ဥက္ကံသက နိုင်ငံရေး ဘာသာရေး ယုံကြည်ချက်တွေကြောင့် ထောင်တွေထဲမှာ အကျဉ်းချခံနေရတဲ့ သံဃာတွေ အားလုံး မလွတ်သေးခြင်း၊ ညှဉ်းပန်းနှိပ်စက်မှုတွေလည်း ရပ်စဲမှုမရှိသေးခြင်း၊ ထို့ပြင် သံဃာအရေးအခင်းမှာ ပေးဆပ်ခဲ့ရတဲ့ သံဃာတော်တွေ အတွက် တာဝန်ယူဖြေရှင်းပေးမှုတွေ မရှိသေးတဲ့အခြေအနေကြောင့် ဒီကနေ့အခြေအနေဟာ ထင်သာမြင်သာတဲ့ ပြောင်းလဲမှုလို့ မဆိုနိုင် ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဘုရားသားတော်တွေအနေဖြင့်လည်း ဒီနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားတန်းတူအခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကိစ္စတွေမှာ သဘောထားကြီးကြီးနဲ့ ၀င်ရောက်လုပ်ကိုင်နိုင်မှသာ နိုင်ငံရေးအပြောင်းအလဲကို တွေ့မြင်ခံစားခွင့်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးယုံကြည်ချက်ကြောင့် ထောင်သွင်းအကျဉ်းချခံနေရတဲ့ ရဟန်းသံဃာ လူပုဂ္ဂိုလ်တွေကိုလည်း ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် လိုအပ်ကြောင်း မိန့်ဆိုခဲ့ပါတယ်။

ရွှေဝါရောင် (၅) နှစ်ပြည့်အခမ်းအနားသို့ သံဃာအရေးအခင်း ဦးဆောင်သံဃာတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရကိုလည်း လူဝတ်နှင့်အတူတွေ့ ခဲ့ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts