သွေးဥနေတဲ့ ခြေဖ၀ါးမဟုတ်ဘူး
သွေးစိမ်းရှင်ရှင် စိမ့်ယို စီးဆင်းနေတာ …။
မြေသားက ဖုံးကွယ်ထားပေးတယ်
ခက်မြ ကြမ်းရှ ကျောက်စိုင်တွေက
အတူနေ လက်တွေ့ဘ၀တွေပဲ …။
ကိုယ်လုံးတီး ချွတ်အရိုက်ခံရတဲ့ညတွေမှာ
အရှိုးရာ တပြပြနဲ့ … မျက်ရည်ကျဖို့ ဝေးစွ။
တဆစ်ဆစ်နဲ့ … ဝေဒနာကို မမွေးဘူး
ဒဏ်ရာကျက်ရင် …
အပွင့် အခက် ရွက်နုကလေးတွေ ဝေစေမယ်။
ဒါ ….
ယုံကြည်ချက် … လမ်း
အလွမ်း …
သူလည်းပါတယ်လေ …။ ။