ကဗျာ

ကာရာအိုကေမမနှင့် ခရိုနီဘဘ

ဇော်ထက် (ပျဉ်းမနား)
စက်တင်ဘာ ၁၅၊ ၂၀၁၂

မမ
ကြွကြွ
ရွရွ
လှလှ
ပပ
ညညကျ
မ၀ တဝ
ဘ၀နေရေးအတွက်
အလှတွေပေးလို့
အလှတွေဈေးခေါ် ….။

ဘဘ၊
ထထ
ကြွကြွ
၀၀
ပွပွ
ညညကျ
မရမက
အလကားရငွေတွေနဲ့
အလှတွေချွေသမို့
အလှတွေကြွေလို့ …..။

မမ
ဘဘ
နှစ်ဘ၀၊
ဇရ
မရဏ
တခဏနေတော့
အလှတွေလည်းကြွေမွ
ဘ၀တွေလည်း နေအကျ
ညတွေလိုပဲ မမြဲသမို့ ကိုယ်စီမြေခကြရမှာမလွဲ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts