သတင်းပဒေသာ

ရွှေတွံတေးဆရာတော် ဧရာဝတီတိုင်း မအူပင်မြို့ လေးအိမ်စုတွင် အင်တာနတ် SKY NET လှူဒါန်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မိုးမခအထောက်တော်
စက်တင်ဘာ ၁၅၊ ၂၀၁၂

ထိုင်းနိုင်ငံ မဟာချိုင်မှ ရွှေတွံတေးဆရာတော် အရှင်ဝါယမသည် ဧရာဝတီတိုင်း၊ လေးအိမ်စု၌ကျင်းပသော ဒုတိယအကြိမ် ကျေးရွာဖွံ့ဖြိုး ရေးနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲတက်ရောက်ပြီး SKYNET ကျပ် ၁၅ သိန်း လှူးဒါန်းခဲ့သည်။

ဟောပြောပွဲဆက်လက်ကျင်းပရာ ရွှေတွံတေးဆရာတော်က သာသနာပြု ဦးဆောင်လူငယ်များအနေနဲ့ ယဉ်ကျေးမှုထိန်းထိမ်းဖို့၊ ကိုယ့်ကိုယ် ကိုသာသနာပြုပြီးမှ သူများကိုဟောပြောဖို့၊ အမှန်တရားကိုမြတ်နိုးဖို့၊ ဗုဒ္ဓ၀ါဒဟာ ကိုယ်တိုင်ကျင့်ရတဲ့ဝါဒဖြစ်လို့ သမာဓိ အားကောင်းအောင် ကျင့်ကြဖို့ တိုက်တွန်းခဲ့သည်။

အမျိုးဘာသာသနာကိုစော်ကားလာရင်းလည်း ဘယ်သူ့ကိုမဆို ခန္တီနဲ့ တီးတီ သင့်သလိုကျင့်ဖို့ အားပေးခဲ့သည်။ ရွာ ၁၅ ရွာမှဦးဆောင်လူငယ် ၁၅၀ ခန့်ကို အမှတ်တရ တီရှပ်များ ရွှေတွံတေးဆရာတော်ကပေးအပ်ပြီး ရင်းရင်းနှီးနှီးတွေ့ ဆုံခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts