သူတို့အာဘော် အခန်းဆက်များ

သမတကြီး / လွှတ်တော်ဥက္ကဌကြီး ဦးအောင်သိန်းလင်းနှင့်ဦးဌေးဦးတို့ကို အရေးယူပေးပါ – အပိုင်း – ၃


ရွှေပြည်စိုး၊ သြဂုတ် ၂၆၊ ၂၀၁၂

အပိုင်း၁ နဲ့ ၂ မှာရန်ကုန်မြို့တော်ဝန်ဟောင်းဦးအောင်သိန်းလင်းနဲ့ ကြံ့ဖွံ့အထွေထွေအတွင်းရေးမှူး ဦးဌေးဦး တို့ကိုအရေးယူပေးဖို့ အကြောင်းနဲ့ မြို့တော်ဝန်ရဲ့ဖြတ်စား၊ လာဘ်စားနဲ့ သူခိုးအကြီးစားဖြစ်ပုံအချို့ကိုဖေါ်ပြထားပြီးပါပြီ။ ခုအပိုင်း ၃ ကို ဆက်လက် တင်ပြမှာဖြစ်ပါတယ်။

            ရန်ကုန်မြို့တော်ဝန်ဟောင်းအောင်သိန်းလင်းဟာပြည်တွင်းမှာ နည်းမျိုးစုံနဲ့ ဖြတ်စားလာဘ်စား၊ ခိုးဝှက်ထားတဲ့ငွေတွေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေကို တရားမ၀င်နည်းနဲ့ ပြည်ပကို ကဲ့ထုတ် ပြီးနိုင်ငံခြားဘဏ်တွေမှာ သူရယ်၊ သူ့ဇနီးဒေါ်ခင်စန်းနွယ်၊ သမီး မသီတာမျိုး နာမည်နဲ့ အောက်ပါဘဏ်တွေမှာ လျှို့ဝှက်အပ်နှံတာတွေ့ရပါတယ်။ အဲဒီဘဏ်တွေက – (က) The Reserve Bank of Australia ဘဏ်။  (ခ) Bank of England ဘဏ် (ဂ) European Union Bank စတဲ့ဘဏ်တွေမှာ အပ်နှံထားကြတာဖြစ်ပါတယ် ။

            (က)။    ။အဲဒီAustraliaဘဏ်ရဲ့ထုတ်ပြန်ချက်အရ နအဖကောင်စီနဲ့ ၄င်းတို့မိသားစုဝင်တွေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့

၎င်းတို့မိသားစုဝင်တွေ၊ တိုင်းမှူးတွေနဲ့ ၄င်းတို့မိသားစုဝင်တွေ၊ ဌာနဆိုင်ရာ၊ စစ်ဘက်၊ အရပ်ဘက်အကြီးအကဲတွေနဲ့၎င်းတို့အားလုံးနဲ့ပတ်သက်တဲ့ အကျိုးတူစီးပွားဘက်တွေ စုစုပေါင်း ၄၆၄ ယောက်ထဲမှာ အောင်သိန်းလင်းမိသားစု ၃ ယောက်လုံးလည်းပါဝင်ပါတယ်။

            အဲဒီကြေညာချက်ထဲမှာ ဘဏ်အပ်တဲ့အမှတ်စဉ်မှာ အောင်သိန်းလင်း က နံပါတ် ၃၃၆ ယောက်မြောက်ဖြစ်တာတွေ့ရပါတယ်။ အသေးစိတ်သိလိုပါက http://www.rab.gov.au/Media/Releases/2008/Mr_08_23.html  ကြည့်ပါ။

            (ခ)။      ။ Bank of England ဘဏ်

            ဒီဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ နအဖ ကောင်စီဝင်နဲ့ မိသားစုဝင်တွေ၊ ဌာနဆိုင်ရာ၊ စစ်ဘက် အရပ်ဘက်ဆိုင်ရာ အကြီးအကဲနဲ့ မိသားစုဝင်တွေ၊ ၄င်းတို့အားလုံးနဲ့ပတ်သက်တဲ့ အကျိုးတူစီးပွားဘက်တွေစုစုပေါင်း ၅၁၅ ယောက်ထဲမှာ  အောင်သိန်းလင်းမိသားစု ယောက်လည်းပါဝင်ပါတယ်။ အဲဒီကြေညာချက်အရ ဘဏ်အပ်တဲ့ အမှတ်စဉ်မှာ 139ယောက်မြောက် နေရာမှာတွေ့ရပါတယ်။ အသေးစိတ်သိလိုပါက – ခေတ်ပြိုင်၊2009-3-23 ကိုကြည့်ပါ။

            (ဂ)။      ။ European Union ဘဏ်မှာလည်းအထက်ပါအတိုင်း နအဖ အုပ်စုဝင်တွေအားလုံးနဲ့ ၄င်းတို့နဲ့ပတ်သက်သူစုစုပေါင်း ၅၃၈ ယောက်ထဲမှာအောင်သိန်းလင်း မိသားစု ယောက်လုံးပါဝင်နေပါတယ်။

            E.U ဘဏ်ရဲ့ 15-4-2012 နေ့စွဲပါ ရေတွက်ပုံကတမျိုးပါ။ အမျိုးအစားအလိုက် A.B.C.D ကနေ K အထိ အုပ်စုလိုက်ခွဲထား

ပါတယ်။ ဥပမာ – A ဆိုရင် – A. Former State Peace and Development Council (SPDC) ဖြစ်ပါတယ်။ အဲဒီအုပ်စုထဲမှာ နအဖ ကောင်စီဝင်နဲ့၎င်းတို့မိသားစုဝင်၂၁ ယောက်ရှိပါတယ်။ B ဆိုရင် – B . Reginal Commanders ဖြစ်ပြီး တိုင်းမှူးနဲ့၎င်းတို့မိသားစုဝင် ၃၇ ယောက်ပါဝင်ပါတယ်။C ဆိုရင် C. Government ဖြစ်ပြီးအစိုးရအဖွဲ့ဝင်တွေနဲ့၎င်းတို့မိသားစုဝင် ၉၆ ယောက်ပါရှိပါတယ်။

            ခုလိုခွဲပြတဲ့အထဲမှာ အောင်သိန်းလင်းမိသားစု ၃ ယောက်က I.a  အုပ်စုထဲမှာပါဝင်နေပါတယ်။ I.a ဆိုတာ I.a Former Union Solidarity and Devolopment  Association  (USDA) ဖြစ်ပြီး ကြံ့ဖွံ့အသင်းဝင်နဲ့ မိသားစု ၁၉ ဦးထဲမှာပါဝင်ပါတယ်။ အသေးစိတ်သိလိုပါက Official Journal of  the  European Union, Annex ІІ, 15-4-2011 ကိုကြည့်ပါ။

            အထက်ပါနိုင်ငံတွေရှိဘဏ်များက မြန်မာ နအဖ စစ်အစိုးရရဲ့ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးကို နည်းမျိုးစုံနဲ့ချိုးဖေါက်လို့ ပြစ်ဒဏ်ခတ်တဲ့ အနေနဲ့ အဆိုပါစစ်အုပ်စုဝင်တွေ လျှို့ဝှက်အပ်နှံထားတဲ့ ဘဏ်စါရင်းတွေကိုထုတ်သွင်းလို့ မရအောင် ပိတ်ဆို့လိုက်ကြောင်း ကြေညာတော့မှ နအဖ ဥက္ကဋ္ဌကြီးနဲ့ခိုးသား ၅၀၀ စာရင်းကိုရပါတယ်။

       အထက်ပါနိုင်ငံများအပြင်အခြားနိုင်ငံတွေမှာအောင်သိန်းလင်းမိသားစုအပ်နှံထားဦးမယ်လို့ယုံကြည်ရပါတယ်။ ထပ်မံတွေ့ရှိပါက ထပ်မံဖြည့်စွက်တင်ပြပါမယ်။

            ကဲ – ခုလောက်ဆို မြို့တော်ဝန်အောင်သိန်းလင်းဟာ သူ့ဒေသခံတွေရဲ့မဲဆန္ဒရှင်တွေအပေါ်၊ သူ့ဌာနအပေါ် ဘယ်လောက် လိမ်ညာလှည့်စားတယ်၊ နိုင်ငံတော်အပေါ် ဘယ်လောက် သစ္စာမဲ့တယ်ဆိုတာ သိလောက်ပါပြီ။ ခုနောက်တုံး အဆစအနေနဲ့ – အပေါ်ကိုမြှောက်ဖါး ပြီး အောက်ကို ဟောက်စားတတ်တဲ့ အောင်သိန်းလင်းတို့ဇနီးမောင်နှံရဲ့ ရွံစရာကောင်းတဲ့လုပ်ရပ်တွေကိုကြည့်ပါ –

အောင်သိန်းလင်းဟာ   – မြောက်ကိုရီးယားနဲ့ တရုတ်ကို ချီးကျူးပြောဆိုကြောင်း၊

                              – အမေရိကန်ကို မုန်းတီးရေးပြောဆိုပေမယ့် သူ့ရုံးခန်းရှိ ပစ္စည်းအားလုံးနီးပါးဟာ အမေရိကန်ပစ္စည်းများ ဖြစ်ကြောင်း

                                 – ရန်ကုန်မြို့တော်ဝန်များအနက် လာဘ်အစားဆုံး၊ လူမုန်းအများဆုံး မြို့တော်ဝန်ဖြစ်ကြောင်း သိရပါတယ်။

 ဇနီး ဒ်ါခင်စန်းနွယ်ဟာ  – အဂတိလိုက်စားရာတွင် နာမည်ကြီးကြောင်း၊

       – ခင်ပွန်းသည်အတွက်မကြာခဏယတြာချေကြောင်း၊

       – အကောင်းစား လက်ဆောင် တွေကို ဒေါ်ကြိုင်ကြိုင် ထံ မကြာခဏသွားပေးကြောင်းသိရပါတယ်။  (ဧရာဝတီ၊ ၂၂-၂-၂၀၁၁)

            အထက်ဖေါ်ပြပါအကြောင်းအချက်တွေကိုထောက်ရှုခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ် အောင်သိန်းလင်းဟာ လွှတ်တော်တွင်ဆက်ရှိနေသမျှ ကာလပတ်လုံး တိုင်းပြည်ဆက် နာ နေရမှာဖြစ်ပါတယ်။ အကြောင်းမှာ တိုင်းပြည်နဲ့လူမျိုး ကေါင်းကျိုးထက် သူ့ ကေါင်းကျိုးအတွက်သာ ပြောဆိုလုပ်ကိုင်နေတာဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

            ဒါ့ကြောင့် သူ့ ကိုလွှတ်တော်ကအမြန်ဆုံးထုတ်ပယ်ဖို့ နိုင်ငံသားတယောက်အနေနဲ့ သမတကြီးနဲ့လွှတ်တော်ဥက္ကဌကြီးတို့အား မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “သမတကြီး / လွှတ်တော်ဥက္ကဌကြီး ဦးအောင်သိန်းလင်းနှင့်ဦးဌေးဦးတို့ကို အရေးယူပေးပါ – အပိုင်း – ၃
  1. ရွှေပြည်စိုး ရဲ့သတင်းတွေဟာ ဒါလောက်သေခြာနေပြီဆိုရင်၊ သမတကြီး၊ လွှတ်တော်ဥက္ကဌကြီးနဲ့ အတူ တာဝန်ရှိသူများ စုံစမ်းစစ်ဆေးသင့်ပါပြီ။ ဒါတောင် အကင်းကလေးဘဲဖြစ်ပါလိမ့်မည်။ ဥပဒေ အပေါ်မှာ မည်သူမှ မရှိရဆိုတာ ဘယ်သူပြောတာလည်းခင်ဗျာ ? ။ ကျနော်ကတော့ အင်္ဂလိပ်စာမတပ်လို့ နားမလယ်ပေမဲ့၊ လှည်းတန်းဈေး အရှေ့ က လက်ဘက်ရည်ဆိုင်မှာတော့ ရှိတ်စပီယာ ကိုထုံးလိုချေရေလိုနှောက်နေတဲ့ ကျူရှင်ဆရာကြီးများ အင်္ဂလိပ်လို ငြင်းခုံနေကြတာကတော့၊ No one is above the law ကမှန်သလား No. one is above the law ကမှန်သလားဆိုပြီးစကာရည်လုပွဲလုပ်နေပါတယ်။ ကျနော်သိတာကတော့ မြို့ တော်ဝန်ဟောင်းဟာ Under the table ဆိုတာဘဲသိတော့၊ မှားရင်ခွင့်လွှတ်ပါ။

Comments are closed.