ဓာတ်ပုံသတင်း

အမေရိကန်သမ္မတ အိုဘားမား ၅၁ နှစ်ပြည့် (MoeMaKa)

မိုးမခဓာတ်ပုံသတင်း၊ သြဂုတ် ၁၈၊ ၂၀၁၂

ယမန်နေ့ သြဂုတ် ၁၇က အမေရိကန်ပြည်ထောင်စု၏ ၄၄ ဦးမြောက်၊ ပထမဦးဆုံး လူမည်းသမ္မ အဖြစ် ၂၀၀၈ ခုနှစ်က ရွေးကောက်တင်မြှောက်ခြင်းခံရသူ သမ္မတကြီး အိုဘားမား အသက် ၅၁ နှစ်ပြည့်ပြီဟု ဆိုသည်။ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး မကြာမီပင် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံရသည်။

ဒီမိုကရက်ပါတီ၏ လူလတ်တန်းစားအခြေပြု၊ လူမှုရေး၊ ပညာရေး၊ ဘဏ္ဍာရေး၊ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှုများကို ယခင်သမ္မတ ဘွတ်ခ်ျမွှေးထားခဲ့သည့် စီးပွားပျက်ကပ်အတွင်းမှ ရုန်းထရင်း ဖော်ဆောင်နေသူအဖြစ် သတ်မှတ်ထားသည်။ နိုင်ငံတကာဆက်ဆံရေးတွင် အရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံများတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို သွယ်ဝိုက်သောနည်းဖြင့် ဖိအားပေးနိုင်သူဟု ဆိုကြသည်။ အရှေအလယ်ပိုင်းနှင့် အာဖဂန်၊ ပါကစ္စတန် စစ်ပွဲများကို ရပ်ဆိုင်းပြီး ပြန်လည်ထူထောင်ရေးကို ဦးလှည့်ပေးရန် ကြိုးစားသူဖြစ်သည်။

လူမည်းမျိုးနွယ်၊ ပညာတတ်လူလတ်တန်းစားအခြေပြု ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်သူ၊ အသက် ၄၀-၅၀ တန်း နိုင်ငံရေးသမားတဦးအဖြစ် အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီးအဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ရာ ပြည်တွင်း ပြည်ပရှိ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာ အတိုက်အခံအများအပြားကို ရင်ဆိုင်ရသည်။ အထူးသဖြင့် အမေရိကန်ပြည်ဖွားမဟုတ်၊ မူဆလင်ဘာသာဝင်၊ ကွန်မြူနစ်တဦးအဖြစ် ၎င်း၏ အတိုက်အခံများက အမြဲတစေ တိုက်ခိုက်ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးလောကတွင် ချီကာဂိုနိုင်ငံရေးနောက်ခံမှ တက်လာသော နိုင်ငံရေးသမားဖြစ်သည့်အတွက် အရေခွံထူပြီး ခံနိုင်ရည်ရှိသူ၊ ပရိယာယ်များသူ၊ နိုင်ငံရေး လူပါးဝသူဖြစ်သည်ဟု သုံးသပ်ကြသည်။

ယခု အဆိုပါသမ္မတကြီး အိုဘားမား အသက် ၅၁ နှစ်ပြည့်ပြီဖြစ်ရာ အိမ်ဖြူတော် ဓာတ်ပုံဆရာများက သူ့သမ္မတသက်တမ်းအတွက် လူထုနှင့်အတူ တွေ့ဆုံနေသော နိုင်ငံတော်သမ္မတ၏ ရုပ်ပုံလွှာများကို အိမ်ဖြူတော်ဝက်ဆိုက်တွင် အထိမ်းအမှတ် တင်ဆက်ထားသည်။

http://www.whitehouse.gov/photos-and-video/photogallery/president-obama-turns-51


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts