သတင်းပဒေသာ

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ထူးဆန်းသည့် သတင်းတပုဒ်

မိုးမခအထောက်တော် အမှတ် ၀၀၇
သြဂုတ် ၁၇၊ ၂၀၁၂


မွန်ပြည်နယ်တွင် တွေ့ရသော ကားတစီး (ဓာတ်ပုံ – မိုးမခ)

ယမန်နေ့က မြန်မာ့အလင်းသတင်းစာပါ ကားနံပါတ်သတင်းမှာ မှားယွင်းနေသည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည်။

ဘယ်ကားအမျိုးအစားမဆို အင်္ဂလိပ်အက္ခရာ၊ နံပါတ်တို့ကို ကားပိုင်ရှင်များ တောင်းဆိုပါက ထုတ်ပေးမည်ဟူသော ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ပြောဆိုချက်ပါ သတင်းကို ဆိုလိုခြင်း ဖြစ်သည်။

“မဟုတ်ပါဘူး၊ အဲဒီသတင်းက သတင်းမှားပါ” ဟု သတင်းတွင် ဖော်ပြထားသည်။

ထိုပြောဆိုချက်မှာလည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ပြောဆိုချက် ဖြစ်ကြောင်း အံ့အားသင့်ဖွယ် တွေ့ရသည်။

ကားသစ်တက္ကစီများကိုသာ အင်္ဂလိပ်အက္ခရာ၊ နံပါတ် တပ်ဆင်ပေးမည်ဟူသော အချက်မှာ မှန်ကန်သည်ဟု ဆိုသည်။

အင်္ဂလိပ်အက္ခရာ၊ နံပါတ် တပ်ဆင်လိုသော ကားပိုင်ရှင်များသည် မိမိကားသစ်ကို တက္ကစီအဖြစ် ပြောင်းလဲရမည့်သဘော ဖြစ်နေသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ထူးဆန်းသည့် သတင်းတပုဒ်

Comments are closed.