ကဗျာ ကမာပုလဲ

မနေ့ကအကြောင်း ပြန်ပြီး ပြောကြဆိုကြတဲ့အခါ (Kama Pale)

မနေ့ကအကြောင်း ပြန်ပြီး ပြောကြဆိုကြတဲ့အခါ
ကမာပုလဲ
ဇူလိုင် ၃၀၊ ၂၀၁၂

မရောက်ရောက်အောင် ခြေလှမ်းများ
လမ်းကလေး အတိုင်း
ကတိစကား အတိုင်း
ဘဝကို …
အရှိ … အရှိအတိုင်း။

တိုက်ပွဲတွေဟာ
သံယောဇဉ်တွေအတွက်
မရှိမဖြစ် ဆက်ထုံး
ယာယီရှုံးနိမ့် ကျဆုံးမှုတွေဟာ
မနက်ဖြန်အတွက်
ရှေ့ဆက်ရမယ့် မှတ်မှတ်ရရ အနာတရတွေ …။

လမ်းဟာ
ခုမှ လူလုံးကွဲကာစ
ထင်ယောင် ထင်မှားမရှိ
ကယ်တင်ရှင်ရဲ့ နေ့နဲ့ ညတွေမရှိ
ကိုယ့်ဒဏ်ရာကို
ကိုယ့် လိပ်ပြာနဲ့ သွေးတိတ်စေခဲ့တယ် … ။ ။

ကမာပုလဲ
ဇူလိုင်၊ ၂၀၁၂

+ ဗမာပြည် အလုပ်သမား၊ လယ်သမား သပိတ်တိုက်ပွဲများအပေါ် ဒီကဗျာကို ခံစားရေးဖွဲ့တယ် …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts