မိုးမခကို ပေးတဲ့စာ

မိုးမခထံ ဧရာဝတီတိုင်းက ပေးစာများ (ဇူလိုင် ၂၉ ၊ ၂၀၁၂ )

ဧရာဝတီတိုင်းဒေသကြီးက တရားစီရင်ရေး … နိုင်ငံတော်နှင့် ပြည်သူ သိစေရန်

မျက်မြင်တဦး (ကျုံပျော်) ဇူလိုင် ၂၉ ၊ ၂၀၁၂

ဧရာဝတိတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြိုနယ်တရားရုံးဍ် ဇူလိုင် ၂၅ ရက်နေ့ ညနေ ၃း၃၀ နာရီ အချိန်က မြိုနယ်တရားသူကြီးက ထောင်ဒဏ် ၉  လ ချမှတ်ခဲ့တယ်။ ချမှတ်ခံရသော ကိုမြအုန်းနှင့်  ဇနီး မကြည်ကြည်မာတို့မှာ မတရား အမှုဆင်ထောင်ချခြင်း ခံရတာ ဖြစ်ပါတယ်။တရားလိုဖြစ်သည့်
ဦးယဉ်ထွန်း (ကျုံပျော်သတင်းတပ်ဖွဲ့ တာဝန်ခံ) မှ ငွေချေးစာချုပ် အလွတ်တခုတွင် ၎င်းတို့အား လိမ်ညာ လက်မှတ်ထိုးခိုင်းထားပြီး ပုဒ်မ ၄၁၇ ဖြင့် ငွေသိန်း ၁၆၀ အတွက် တရားစွဲဆို ခြင်း ဖြစ်ပါတယ်။ အဆိုပါ ချေးငွေကို အတိုး ၅ ကျပ်နှုန်းဖြင့် ငွေတိုးချေးစားခဲ့ရာ အဆိုပါ လင်မယားက ပေးဆပ်ပြီး ဖြစ်တယ်လို့ဆိုပါတယ်။ ထိုသို့ ထောင်ချလိုက်သဖြင့် ထိုမိဘ ၂ပါးက မွေးထားသော မူလတန်းအရွယ် ကလေးသူငယ်လေးမှာ ထောင်ပြင်တွင် ခိုကိုးရာမဲ့ ကျန်ရစ်တယ်လို့ ဆိုပါတယ်။

ဟင်္သာတပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးကြည်စိုးက ၀န်ကြီးဆရာအဖြစ် အာဏာပြ

မျက်မြင်တဦး (ဟင်္သာတ)

နေပြည်တော်အစိုးရနှင့် ကျန်းမာရေးဝန်ကြီး၏ ဆရာတပည့်ဖြစ်သည်ကိုအကြောင်းပြပြီး အာဏာပြခြင်းနှင့် ဈေးသည်များအပေါ်နှိုင်ထက်စီးနှင်းလုပ်ခြင်းကိစ္စ …

ဆရာဝန်ကြီးက ဆေးရုံဝင်းထဲက ငုံးဥရောင်းတဲ့ ကလေးငယ်တွေကို ခေါ်ပြီး ဗန်းတွေ သိမ်း၊ ရဲလက်အပ်မယ်ဟု ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ ကလေးတွေက ဆေးရုံဝင်းထဲမှာ နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေကြတာ ဖြစ်ပါတယ်။ ဆေးရုံပေါ် တက်ရောင်းတာလဲ မဟုတ်ပါဘူး။

ဆေးရုံဝင်းထဲက စားသောက်ဆိုင်တွေ၊ ၀န်ဆောင်မှုဆိုင်တွေကို လစဉ်ကြေး ပျက်ကွက်တာနှင့် ဆိုင်ပိတ်ပစ်တာမျိုးလည်း လုပ်ပါတယ်။ ဆေးရုံအပြင်က ဆိုက်ကားဂိတ်ကို ရှုပ်လို့ ဆိုပြီး စည်ပင်ကို ဖျက်ခိုင်းထားလို့ ဆိုက်ကားသမားတွေ နေစရာ အဆောင်မဲ့၊ နေပူ မိုးရွာထဲမှာ ရပ်နားနေတာပါတယ်။

ဆေးရုံကို Round လှည့်နေစဉ်မှာ အသည်းအသန်လူနာတွေကို ဆေးရုံထဲ အရေးပေါ် ၀င်ခွင့်မရပါ။ Roundပြီးမှ ဆေးရုံ တက်ရပါတယ်။ လူနာတွေနဲ့ လူနာရှင်တွေအတွက် အလွန် စိတ်ပူပင်သောက ဖြစ်စေပါတယ်။

ဝန်ကြီးတွေကို သူပိုင်တယ်၊ တိုင်လို့ လာစစ်တဲ့သူတွေကလည်း သူ့တပည့်တွေချည်းပဲလို့ ပြောပါတယ်။ အာဏာလည်း အလွန်ပြပါတယ်။ ၀န်ထမ်းတွေ ဆေးပင်စင်တင်တဲ့အခါ ထောက်ခံစာ သွားတောင်းရင်လည်း ကင်ဆာဖြစ်နေတာတောင်မှ ကိုယ်တိုင် လာပြီး ပြရမယ်လို့ ဆင့်ခေါ်ပါတယ်။ အခြားဆေးစာတွေထက် သူကိုယ်တိုင် မြင်ရမှ ပေးမယ်လို့ ကပ်သပ်ပြီး ပြောသူ ဖြစ်ပါတယ်။

ရဲဝန်ထမ်းတွေ ဆေးခွင့်တင်ရင်တောင် ဟင်္သာတဆေးရုံမှာ မပြရင် မပေးနိုင်ဘူးဆိုပြီး သူ့ကိုယ်သူ လူမှန်ကြီးလို့ ပြောသော်လည်း မုဒိန်းမှုတခုမှာ တရားခံဖက်က ငွေယူပြီးတော့ မိန်းကလေးအသက်ကို အရွယ်ရောက်သူဖြစ်အောင် ပြောင်းပေးတာတွေ လုပ်ပါတယ်။

ဆေးရုံထဲက စာရိတ်မျှပေး ကျန်းမာရေး ဆေးခန်းတွေက အပြင်ဆေးခန်းတွေထက် ဈေး ၂ ဆ ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးရုံအုပ်ကြီးကို ဆေးဆိုင်က တလကို ငွေ ၁၀ သိန်းကျောင် ပေးဆပ်နေရလို့ ဈေးတင်ထားတာလို့ ပြောပါတယ်။

အထက်လူကြီးမင်းများ စုံစမ်းကြပါရန် တင်ပြပါတယ်။

 အလုပ်မလုပ်သည့် ဟင်္သာတစည်ပင်နှင့် အမှိုက်ပုံကြီးများ

ဆွေးမင်းထက်၊ င်္ဟသာတ၊ ဇူလိုင် ၂၉ ၊ ၂၀၁၂

ဧရာဝတီတိုင်းဒေသကြီး။ဟင်္သာတမြို့  အ.လ.က(၁) အမျိုးသားကျောင်းနှင့် ဟင်္သာတမြို့ ၏ တစ်ခုတည်းရှိသော မြို့ တော်ခန်းမနောက်ဘက်တွင် အမှိုက်ပုံကြီး သုံးပုံကိုဟင်္သာတစည်ပင်သာယာမှ ၀န်ထမ်းများ မျက်ကွယ်ပြုထားသောကြောင့် အလွန်ဆိုးဝါးညစ်ပတ် နံစော်ပြီး ပတ်ဝန်းကျင်ကို ထိခိုက်နေပြီ ဖြစ်ပါသည်။ ကျောင်းသူကျောင်းသားများ၏ ကျန်းမာရေး၊ မြို့အင်္ဂါရပ်နဲ့ မညီညွတ်ခြင်း၊ အများမြင်သောနေရာ VIP သွားသောနေရာများတွင်သာ ရှင်းလင်းပြီး ကျန်အမှိုက်ပုံများကို အပေါ်က သဲတွေအုပ်ပြီး ရှင်းသလိုလုပ်ပါတယ်။

ဒ့ါအပြင် သမိုင်းဝင် ငါးမျက်နှာစေတီတော်မြတ်ကြီး မုဒ်ဦးအ၀င်ပေါက်တွင်အမှိုက်ပုံကြီးများနှင့် ဘုရားဖူးဧည့်သည်များ ၀င်ထွက်သွားရာလမ်းကြောင်းတွင် ဆိုင်များ၏ ထီးများ၊ အမိုး အစွန်းများနဲ့ ပိတ်နေပါတယ်။ လမ်းကြောတွေပိတ်တယ်၊ ကားတွေကြောင့်လို့ ပြောတာ တွေကိုကြည့် လိုက်ရင် ကားတွေကြောင့်မဟုတ်ဘဲ စည်ပင်ရုံးက ဈေးကောက်များ စည်းကမ်းမဲ့ကောက်နေခြင်း၊ လမ်းဘေးဈေးရောင်းချခွင့်ကို ဗရမ်းဗတာ ခွင့်ပြုနေခြင်းတို့ကြောင့် လမ်းတွေ ကျဉ်း၊ ပိတ်၊ ကားတွေ ကြပ်ဖြစ်ကုန်တာ ဖြစ်ပါတယ်။

ဘုရားကြီးရပ်ကွက်ပိုင် စံထွန်းကွမ်းသီးဂိုဒေါင်မှထွက်သော ကွမ်းသီးချွတ်ဆေးရည်များ။ကန့်အရည်များ၊ အနံဆိုးအရည်များ ရပ်ကွက်ထဲဝင်ရောက်လို့
ပတ်ဝန်းကျင်က ထပ်ခါ ထပ်ခါ တိုင်ကြားသော်လည်း ပိုင်ရှင်များ၏ လာဘ်ပေးထားမှုတွေကြောင့် စည်ပင်က ဘာမှ အရေးယူဆောင်ရွက်ခြင်း မပြုပါဘူး။

တိုင်းစည်ပင်ဝန်ကြီးကလည်း ဟင်္သာစည်ပင် အလုပ်မလုပ်တာကို သိသော်လည်း ဘာမှ အရေးမယူပါ။  ဟင်္သာတ စည်ပင်အမှုဆောင်အရာရှိ ဗိုလ်ကြီးခင်မောင်မြင့်က နေပြည်တော် စည်ပင်သာယာမှ ဗိုလ်မှူးကြီးသိန်းညွန့် ၏ သားတပည့်ရင်းဖြစ်နေတာတွေကြောင့်လို့ ပြောပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “မိုးမခထံ ဧရာဝတီတိုင်းက ပေးစာများ (ဇူလိုင် ၂၉ ၊ ၂၀၁၂ )
  1. အခုလိုဆေးရုံအုပ်ကြီးအကြောင်းတင်ပေးတာကျေးဇူးပါ လူနာတွေတော်တော်ကိုဒုတ်ခေ၇ာက်နေတယ်သူကြောင့် တစိတ်
    ရှိအာဏာပြနေတာနေပြည်တော်ကျန်မာေ၇းဝန်ကြီးတွေနဲ့ ဆရာတပည့် တွေဆိုပြီးလုပ်ချင်တိုင်လုပ်နေတာ မြို့ လည်းနာတယ် မရျိဆင်းရဲသားလူနာတွေလည်းဒုတ်ခရောက်တယ်

  2. ကျွန်မတို့  ဆရာဝန် ဆရာမတွေ ၀န်ထမ်းတွေအကုန်လုံးသူ့ အာဏာပြတာနေ့ တိုင်းခံနေရတယ် သူကိုတော်တယ်ထင်လည်းကျန်းမာေ၇းဝန်ကြီးရှင့် နေပြည်တော်ခေါ်ထားပါလားတခုလောက်တော့ ပြောရအုန်းမယ်သူနေပြည်တော်ေ၇ာက်လည်းမျွေနေအုန်းမှာနော်သတိထားပါရှင့် 

    1. တျွှန်တော်အထင်တောာ့  အခုမှ ဟင်္သာတဆေရုံက ဦကြည်စီုးရောက်လာမှ သန့်ရှင်သပ်ရပ်ပြီးစည်ကမ်ရှိသွာတယ် လိုမြင်တယ်

  3. အင်တာနက်ဟာ အတော့်ကို အကျိုးကျေးဇူးရှိလှပါတယ်..ဒါပေမယ့် ပေးစာ၊တိုင်စာတွေဟာလည်း web အတော်များများမှာ ပလူပြန်နေတာကို တွေ့ရပါတယ်၊ ဒီလိုပြောတော့ ကျွန်တော်က အတိုင်ခံရသူလား? မဟုတ်ဘူးနော်…အားလုံးကို Demo နည်းလမ်းအရဖြစ်စေချင်တာက ကိုယ့်သတင်းတကယ်မှန်ရင်…လိပ်စာအပြည့်အစုံ…ကိုထည့်ပေးထားသင့်တယ်..သစ်ထူးလွင်မှာဆို တင်တဲ့သူရဲ့ဖုန်းနံပါတ်တောင်ပါတာကိုတွေ့ရတယ်…ဒါမှလည်း ခံရတဲ့သူတွေ့နဲ့ လုပ်တဲ့သူတွေနဲ့ တရားမျှမျှတတပြန်လည်ဖြေရှင်း ခွင့်ရမယ်လို့ ကျွန်တော်တော့ ထင်ပါတယ်….

    1. ကိုပုသိပ်ရယ် ကျွန်တော်တို့ ဟင်္သာတသားဗျ သတိရှိတယ် ဃင်ဗျားတို့ တိုင်ကကိစတွေတောင်တင်နေတာဘဲဒီသ
      တင်းမှန်လားမမှန်လားဆိုတာခင်ဗျားအပူမပါဘူးကာကယံရှင်တွေသိတယ် ဟင်္သာတသားတွေကကိုမြို့ ကိုကောင်းအောင်လုပ်တဲ့ သူတွေအကြောင်းဘယ်နှစ်ခါများပါသလဲမစားနဲ့ လို့ မပြောဘူးစားပါဝန်ထမ်းဘဲနားလည်တယ်ဗျ စားတော့ စားပြီးမြို့ ကောင်းစားေ၇းအလုပ်မလုပ်ရင်တော့ ဒီတိုင်ကြည့် နေမယ်မထင်နဲ့ ခင်ဗျားမယုံရင်စောင့် ကြည့် ဒီအတိုင်ဆက်သွားကြည်တီဗွီဖန်သားပြင်ကမြင်ရမယ်

      1. ကိုနိုင်ပြောတာမှန်ပါတယ်အစကတော့ ဟုတ်တယ်ဗျ ခင်ဗျားမယုံရင်gtc ကျောင်ကလူတွေမေးကြည့် 
        ကျောင်ဆရာတစ်ဦးကင်ဆာနဲ့ မသွားနိုင်ဘူးသေတော့ မယ် ဆေးပင်စင်တင်သာလုကိုမြင်မှပေးမယ်တဲ့ ထမ်းစဉ်နဲ့ တင်လာရတယ်ဒီကျတော့ ဆရာဝန်3ဥိးစစ်တယ်ဝန်ထမ်းအချင်းချင်းနားလည်ပေးရမှပေါ့ ဆေးရုံစားသောက်ဆိုင်တွေနဂိုက3000 အု30000တစ်ခန်းနော်တိုင်မျပြန်လျောပေးတယ်ည11နာရိကျော်လို့ ဆေးရုံတက်ကြည့် ဆေးရုံတံခါးသောကသူဆီမှာ

Comments are closed.