ကဗျာ ကမာပုလဲ

စာအုပ် (ကမာပုလဲ)

ခေတ်ကိုလည်း ကိုယ်စားပြုတယ်
အရပ်ဒေသမရွေး မှတ်ကျောက်တင်ခံတယ်။

စကားလုံးတွေက သိပ်သည်းကျစ်လျစ်
အနက်အဓိပ္ပာယ်တွေက ရိုးရှင်း ကျယ်ပြန့် … ။

သင်က သူ့ကို တရွက်ခြင်း လှန်သွားစရာမလိုဘူး
သူကသာ သင်တို့ကို တမျက်နှာချင်း လှန်သွားလိမ့်မယ်။

နား၊ မျက်လုံးများနဲ့ ဖတ်လို့ မရနိုင်ဘူး

ဘဝကို ဘဝချင်းထပ်ပြီး ဖတ်မှ
ခံစားနားလည် သဘောပေါက်သွားနိုင်တယ် …။

အဆုံးသတ်သွားတဲ့အခါ
သူ့မှာ ဘာတခုမျှ မရှိခဲ့ဘူး
ဒါပေမယ့်
အရာအားလုံး
သူ့အတွင်းထဲမှာ အသေအချာကို တည်ရှိနေတယ် …။ ။

ကမာပုလဲ

ဇူလိုင်၊ ၂၀၁၂

(ကဗျာဒီဇိုင်း – http://oothandar.blogspot.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts