မိုးမခရုပ်သံ

Martyr Day in Yay Nan Chaung

ရေနံချောင်းမြို့ ဗိုလ်ချုပ်ပန်းခြံမှာ အာဇာနည်နေ့ အထိမ်းအမှတ် အလေးပြု

ဘကျော် (မကွေး)၊ ဇူလိုင် ၂၁၊ ၂၀၁၂

ဇူလိုင်လ (၁၉) ရက်နေ့ (၃)နာရီတွင် ရေနံချောင်းပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သို့ ၈၈မျိုးဆက် ကျောင်းသားများ (မြေလတ်) နှင့် ရေနံချောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များ ပူးပေါင်း၍ (၆၅) နှစ် မြောက်အာဇာနည်နေ့ကို လွမ်းသူ့ပန်းခွေချခြင်းဖြင့် ကျဆုံးလေပြိးသော အာဇာနည်ခေါင်းဆောင်ကြိးများကို အလေးပြုခဲ့သည်။ ကြီးကျယ် ခမ်းနားစွာ ကျင်းပနိုင်ခြင်း မရှိသော်လည်း (၂၃) နှစ် ကြာ ကျင်းပခွင့်မရသော အာဇာနည်နေ့ကို ကျင်းပနိုင်ခဲခြင်းအတွက် ကျေနပ်အားရကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ (မြေလတ်ဒေသ)က ပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts