ကဗျာ ကမာပုလဲ

Kama Pale – စိမ်းစိမ်းစိုစို အိပ်မက်စေရာ လမ်းကလေး

စိမ်းစိမ်းစိုစို အိပ်မက်စေရာ လမ်းကလေး (ကမာပုလဲ)

ငှက်ကလေး ပျံသွားတယ်
သူ့တောင်ပံမှာ သူ့ရင်ခုန်သံတွေအပြည့် …
တိမ်တိုက်တွေဖုံးအုပ်ထားတဲ့ မိုးကောင်းကင်
အလင်း၊ အမှောင် … ရောင်စုံဆေးစက်များ …။

ပန်းတွေ …
ကိုယ်ပိုင်ရနံ့နဲ့ ပွင့်တဲ့ လွင်ပြင်ထဲ
ပိုးကိုက်ခံထားရတဲ့
သစ်သီး မရှိ အကိုင်း၊ အခက်၊ အလက်တွေ မရှိ
ရော်ဝါကြွေရွက်တွေလည်း မရှိ …။

သက်တံ့ရောင် ကွေးညွှတ်တံတားများ
အရိပ်အယောင် ဒြပ်မဲ့ ကိုယ်ထင်ဟန်ပြ သက်သက်သာ …။

နားခိုလိုက်ချင်တယ် …
(နားခိုဖို့လည်း လိုမယ်လေ)
မိုးကုတ်စက်ဝိုင်းအစွန်းထိ
သူကိုယ်တိုင်ရေး သီချင်းတပုဒ်နဲ့ ထပ်တူ
ငှက်ကလေး …
ဆက်ရွေ့ဆက်ကာ ပျံသန်းနေဆဲကို … ။ ။

ကမာပုလဲ

ဇူလိုင်၊ ၂၀၁၂
(OO Thandar blog က ဒီဇိုင်းကို ယူတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts