ရသဆောင်းပါးစုံ

ဈေးကြီးလှသော ပြည်မြန်မာပြည်

ဝတ်မှုန် (စင်ကာပူ)
ဇူလိုင် ၁၁၊ ၂၀၁၂
စင်ကာပူနိုင်ငံသားမိတ်ဆွေသစ်တဦးက မြန်မာစကားသင်တဲ့ စီးပွားရေးလုပ်ငန်းလုပ်ချင်တယ်ဆိုပြီး ဆွေးနွေးဖြစ်ပါတယ်။ မြန်မာပြည်တော့ သွားဖွင့်ဖို့ ငွေကြေးမတတ်နိုင်လို့ စင်ကာပူမှာပဲ ဖွင့်ထားတာရှိတယ်။ သူတို့ Golden Mine ရှော့ပင်စင်တာမှာ အခန်းရှိပြီးသား။ ခင်ဗျားတို့ မြန်မာတွေရဲ့ ပင်နီစူလာပလာစာက အခန်းခဈေးကြီးလွန်းလို့ မငှားနိုင်သေးကြောင်း၊ စင်ကာပူလာတဲ့ နိုင်ငံခြားသား တနှစ်ကို ၅ သန်း လောက်မှာ ၁ ရာနှုန်းပဲ မြန်မာပြည်ကိုအလည်သွားဦးတော့ သူတို့က မြန်မာစကား အနည်းကျဉ်းတော့ သင်ချင်မှာပဲ။ ဒါကြောင့် ထမင်းစား ရေသောက်၊ မြန်မာစကားသင်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ချင်ကြောင်း၊ ပြီးတော့ သူက ဗီယက်နမ်နိုင်ငံမှာလည်း စီးပွားရေးတွေ လုပ်ခဲ့ ကြောင်း၊ သူက အရှေ့တောင်အာရှ ဘာသာစကားများ ထမင်းစားရေသောက်တတ်ကြောင်း၊ ထိုင်း၊ မလေး၊ ဖိလစ်ပင်း၊ ကမ္ဘောဒီယားစကား များနဲ့ နောက်ဆုံး ဗီယက်နမ်စကားဖြစ်ကြောင်း၊ သူ့ရဲ့ ဆမ်ဆောင်းဂယ်လစီတယ်လီဖုန်းမှာ Lingopal ဆိုတဲ့ ဗီယက်နမ်စကားပြော လေ့ကျင့် ခဏ်းကို ဖွင့်ပြတယ်။ သူပြောလို့ ကျွန်တော်ရဲ့ iPhone ဖွင့်ပြီး၊ Lingopal ကို ဒေါင်းလုပ်ကြည့်တယ်။ လေ့ကျင့်ခဏ် ၂၂ ခုမှာ ပထမ ၂ ခုကို အခမဲ့ ဒေါင်းလုပ်ခွင့် FREE ပေးတယ်။ ကျန်တဲ့ ၂၀ ခုကိုလိုချင်ရင် US$1.99 ပေးရမယ်ဆိုလို့ ရပ်ထားတယ်။

နောက် everydayviet.com ဆိုတဲ့ အင်တာနက်ကို ဖွင့်ပြပြီး၊ အဲဒီထဲက တနေ့ စကားလုံး ၄ လုံးပဲ Self Learning Vietnamese သင်ခန်းစာ ၃ မိနစ်ကို ဖွင့်ပြတယ်။ စိတ်ဝင်စားစရာပဲ .. တနေ့တလံ၊ ပုဂံဘယ်ပြေးမလဲပေါ့… တလလောက် အချိန်ပေးလေ့ကျင့်ရင် ဘာသာစကားပြောတာ တော့ လွယ်မှာပါ။ ရေးတတ်၊ ဖတ်တတ်ဖို့တော့ ခက်မှာပေါ့။

မြန်မာနိုင်ငံက Now Opening Business for Foreigners လို့ပြောပြီး၊ သူက မြန်မာပြည်ကို ဘာသွားလုပ်ရမလဲ ကျွန်တော့်ကို တိုင်ပင်ပါတယ်။ ကျွန်တော်ကတော့ ရိုးရိုးပဲ မေးပါတယ်။ What is your main purpose? Tell me openly.. လို့မေးလိုက်တော့ .. ဟိုလိုလို၊ သည်လိုလို ဖြေပါတယ်။ ဒါနဲ့ပဲ ဇတ်လမ်းပြီးသွားပါတယ်။ သူ့မှာ ရည်ရွယ်ချက်ကောင်းကောင်း မရှိပါဘူး။ တိုးရစ်တွေကို ကူညီချင်သလိုလို၊ မြန်မာတွေကို ကူညီချင်သလိုလို၊ ပြီးတော့ စီးပွားရေးလုပ်ပြီး အမြက်အစွန်းရချင်တယ်ဆိုလဲ ပွင့်ပွင့်လင်းလင်းပြောသင့်ပါတယ်။

ရည်ရွယ်ချက်ကို မရေယာ၊ မသေချာ၊ မပြောရဲ ဖြစ်နေသူအတွက်တော့ ဘာလုပ်ငန်းလုပ်လုပ်၊ အောင်မြင်ဖို့မလွယ်ဖူးဆိုတာ စဉ်းစားနေမိ ပါတယ်။

ဒါနဲ့ ကိုယ့်ရဲ့အိုင်ဖုန်းကို Apple Store မှာ Burmese ဆိုပြီး ရိုက်နှိပ်ရှာကြည့်တယ်။ I-lingo learn burmese ဆိုတာတွေ့လို့ အလကားရမ လားဆိုပြီး နိုင်ငံခြားသားအတွက်ကြည့်တော့ US$12.98 တောင်ပေးရတယ်။ ဗီယက်နမ်ဘာသာစကားထက် ဈေးကြီးလှချည်လား ရွှေဗမာတို့ရယ် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “ဈေးကြီးလှသော ပြည်မြန်မာပြည်
  1. Of course,Burma, is expensive in every thing.Just see the price of land,houses,cars,and hotel charges prices,every thing is too much expensive,comparing with the world. Though,the prices are expensive,but not worth for it,because of the quality and value is not equal..If you find out deeply,you will know it.

  2. ဒုတိယအကြိမ် အိမ်ဈေးကြီးမှု တွင် ဒေါ်လာသိန်းဂဏန်းရှိသော လက်ယားနေသည့် ငွေရှင်သူဌေးကလေးများ ပိုက်ဘောမိသွားပါပြီ။ မတရားဈေးကြီးလှတဲ့ မြန်မာနိုင်ငံက အိမ်မြေ၊ ကွန်ဒိုများကို ၀ယ်ရောင်းလုပ်စားသူများ၊ ဈေးကြီးမှန်းသိရက်နှင့် ၀ယ်လိုက်သူများ နောက်ထပ် ၁၀နှစ်ခန့် ပိုက်ဘောမိသွားကြပြီဖြစ်ပါသည်။ အရောင်းအ၀ယ်များ တံ့သွားပြီဖြစ်သည်။ ဟိုး.. ၂၀၀၀ ကာလကလည်း တခါ အိမ်မြေအသေးစားကလေးမျာ မတရားဈေးနှုန်းထိုးတက်သွားသဖြင့် ၀ယ်ရောင်းလုပ်စားသူများ ပိုက်ဘောမိခဲ့ဖူးပါသည်။ မြန်မာနိုင်ငံသို့ ရင်းနှီးမြုတ်နှံလိုသူ စင်ကာပူရောက်မြန်မာများ မိမိစုဆောင်းငွေများကို မြန်မာပြည်ဘဏ်များတွင်သာ ထည့်သွင်းထားရန် စီးပွားရေးကြွမ်းကျင်သူများက အကြံပေးကြသည်။ ဘဏ်တိုးနှုန်း ၈% သည် တနှစ်အတွင်းပြောင်းမည်မဟုတ်ပါ။ နောက် ၂၀၁၃နောက်ပိုင်း ရင်းနှီးမြုတ်နှံသူများ စိတ်ချစွား ရင်းနှီးလာသောအခါ မြန်မာပြည်ငွေကြေးဖေါင်းပွမှု ဖြစ်လာပါမည်။ ထိုအချိန်တွင် ဈေးကြီးလှသောမြန်မာပြည်မှ SIM card, Fix Phone, Domestic Air, Housing စသည်တို့ ကမ္ဘာနှင့်မျှတသော ဈေးနှုန်းဖြစ်လာပါမည်။ အထူးသဖြင့် S$1=600 kyat သည် ၂၀၁၃ နောက်ပိုင်းတွင် 15% ပုံမှန်ဖေါင်းပွလာမည်ဖြစ်သည်။ လောလောဆယ်တွင် သင့်ငွေများကို ကျပ်ငွေပြောင်းထားပြီး မြန်မာဘဏ်တွင် တနှစ်ခန့် ထည့်သွင်းခြင်း (သို့မဟုတ်) မြန်မာပြည်တွင်းဘဏ်တွင် ဒေါ်လာများထည့်သွင်းထားပြီး ရေရှည်လုပ်ကိုင်နိုင်မည့် စီးပွားရေးလုပ်ငန်းများကို ရှာဖွေခြင်းတို့ကို လုပ်ဆောင်ရန် အကြံပြုပါသည်။

    မြန်မာပြည်တွင် တနှပ်စား၊ ဂွင်ရှာသူများသဖြင့် မိမိလည်း ထိုကဲ့သို့ တနှစ်အတွင် ငွေတသောင်းရင်းနှီးလျှင် အမြက်၂ဆရနိုင်မည့် နည်းလမ်းများ၊ စစ်ဗိုလ်ချုပ်များနှင့် ပေါင်းပြီးလုပ်စားရန် ဂွင်ရှာနေသူများ .. လောလောဆယ် ကားပါမစ်ကိတ်စတွင် ဘီးစနက်လူလည်များ ခံလိုက်ရပြီဖြစ်သည်။ ဈေးကြီးလှသော မြန်မာပြည်မှာ ပျော်ရွှင်ဖွယ်ရာ၊ လူတော်လူကောင်းများ အုပ်ချုပ်သော ပြည်သာယာဘ၀သို့ ရောက်ပါစေ…။

  3. Dear Witmone,

    Trully agree with you.We are not among these rich peoples who earn money with different ways which doing business with cronies or generals.The prices in Myanmar are very high comparing with world.Foriegn Investers are really concerning about this land prices as well as poor infractures.

Comments are closed.