မျက်မှောက်ရေးရာ သတင်းပဒေသာ

အမေရိကန်သံအမတ်သစ် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံ


မိုးမခအထောက်တော် အမှတ် ဝဝ၁
ဇူလိုင် ၁၁၊ ၂၀၁၂

 

(ဓာတ်ပုံများ – မြန်မာသမ္မတရုံး)


မြန်မာပြည်သို့ ယနေ့ရောက်လာသော အမေရိကန်သံအမတ် ဒဲရက်မစ်ချယ်သည် နေပြည်တော်သို့သွားရောက်ကာ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီး သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

၎င်းသည် ၂၂ နှစ်အတွင်း ပထမဆုံးသော မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးဖြစ်သည်။
အမေရိကန်အစိုးရ၏ မူဝါဒအရ မြန်မာနှင့် သံဆက်သွယ်ရာတွင် သံမှူးအဆင့်သာ ထားရှိခဲ့သည်။

ဒဲရက်မစ်ချယ်သည် မကြာသေးခင် ကာလအထိ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၊ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး တာဝန်များ ထမ်းရွက်ခဲ့ပြီး နေပြည်တော်အစိုးရခေါင်းဆောင်များနှင့် ထိတွေ့ ပြောဆိုဖူးသူဖြစ်သည်။

 



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts