မိုးမခ
ဇူလိုင် ၉၊ ၂၀၁၂
ဇူလိုင် ၉၊ ၂၀၁၂
ကိုမင်းကိုနိုင်ရေးသားထားပြီး အရှေ့ကြယ်စာပေတိုက်မှထုတ်ဝေမည့် နောက်ကြည့်မှန် စာအုပ်မိတ်ဆက်ပွဲ နှင့် စာရေးသူအမှတ်တရလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇူလိုင် ၁၅၊ ၂၀၁၂ (တနင်္ဂနွေ) နေ့မှာ ရန်ကင်းစင်တာမှာ နေ့လည် ၁၁ နာရီမှ ၁ နာရီထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဇူလိုင် ၁၆၊ ၂၀၁၂ မှာတော့ မန္တလေး DNG Food Center မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ကျနော်ကြားဖူးတယ်။နောက်ကြည့်မှန် စာအုပ်ကို ပထမဆုံးထုတ်ဝေခဲ့တာက မဲဆောက်က အေအေပီပီအဖွဲ့က ကိုမင်းကိုနိုင် နောက်ဆုံးအကြိမ်ထောင်ထဲရောက်နေတဲ့အချိန် ကိုမင်းကိုနိုင် မွေးနေ့အမှတ်တရအဖြစ် ၂၀၀၉ အောက်တိုဘာလဲမှာ ပထမအကြိမ်ထုတ်ခဲ့တာလို့ ကြားသိရတယ်။ကျနော်သိချင်တာက အဲဒီတုန်းက ထုတ်ဝေခဲ့တာကို ကိုမင်းကိုနိုင်က ခွင့်ပြုခဲ့သလား။
အခု 2012,july မှာ ထုတ်ဝေတာကရော ဒုတိယအကြိမ်ထုတ်ဝေတာလို့ ကိုမင်းကိုနိုင် က သတ်မှတ်လား။သိသူများဖြေပေးကြပါ။