ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၂၉) – Mar Mar Aye


မာမာအေး
ဇူလိုင် ၈၊ ၂၀၁၂

 

(photo – http://mahagita.wordpress.com/)
“—-ကနေ့ ဆိုင်းလောကသား ရွာစားကျော်များဟာ ကိုယ့်ဆိုင်း မဟာကိုလဲ လှစေ ကိုယ်တိုင်လဲ ကြည့်ကေါင်းစေ ဆိုတာမျိုး ပြင်ကြဆင်ကြ ယဉ်ကြပြီး ကိုယ်တိုင် နှုတ်ဆက် ကိုယ်တိုင် ဆိုပြတွေ တိုးလာတဲ့ ရှိုးဆရာတွေလဲ ဖြစ်ကုန်ပြီ—-“


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မာအေးရဲ့ လုပ်ဖေါ်ကိုင်ဖက် ဆိုဖက်တီးဖက်တွေထဲက ဂီတသဘင်ကို ဆက်လက် ရှင်သန်အောင် သယ်ဆောင်ဘို့ရာ အထုံပါလာတဲ့ မျိုးဆက်ကလေးတွေ ရှာကြည့်နေတာ “ရွှေအလင်္ကါ စိန်မင်းနိုင်” ဆိုတဲ့လူကလေး ထပ်တွေ့တာနဲ့ သူ့အဖေ ရွာစား ကျော်စိန်စတင်း၊ သူ့အမေ တေးသံရှင် နိုင်နိုင်မော်တို့ အကြောင်း နည်းနည်းတော့ ပြောထားမှ ကောင်းမှာလားလို့ အရင်ပြောပြနေရတယ်။

စိန်စတင်း အကြောင်းတစေ့တစောင်းတော့ မြင်ကေါင်းပြီ ထင်ပါတယ်နော်။ သူ့ကြင်ဖေါ် “နိုင်နိုင်မော်” ကလဲ ရေဒီယိုတေးသံရှင် အကျော်ထဲမှာ ပါခဲ့တာပါဘဲ။ ၁၉၆၀ ခုနှစ်ရဲ့ နောက်ပိုင်မှာ အောင်မြင်လာသူ ဂီတညီမလေး တဦး ဖြစ်ပါတယ်။ “ကို-တကဲသာ၊ ရှင်တနင်္ဂနွေ၊ မိန်းခလေးရှင်ရဲ့ ဆန္ဒ” စတဲ့ တေးများကို သီဆို အောင်မြင်ခဲ့တဲ့ တေးသံရှင်ဖြစ်ပါတယ်။ နောက်ပိုင်း “စိန်စတင်းရဲ့ ဆိုင်းအဖွဲ့” နဲ့ ပါဝင်သီဆိုရင်း ချစ်ချင်းညီတဲ့ ဇနီးမောင်နှံ ရာသက်ပန် ဖြစ်သွားကြပါတယ်။

မာအေးက မနိုင် လို့ဘဲ ညီမတော်ကို ခေါ်ပါတယ်။ ပွင့်ပွင့်လင်းလင်း အဖွဲ့သားတွေနဲ့ သားချင်းတသိုက်လို ပျော်ပိုက်နေတဲ့ မနိုင်ဟာ စိန်စတင်းအတွက် ပါရမီဖြည့်ဘက်သက်သက်ပါဘဲ။ ဆင်ပြောင်ကြီးသွားရာ ဆင်မယဉ်သာ လိုက်ပါရစမြဲပေ ဆိုတဲ့ မာအေးဆိုခဲ့တဲ့ သျှောင်နောက် ဆံထုံးပါထဲက အတိုင်းပေါ့။ ဆိုင်းအဖွဲ့ ဆိုတာမျိုးက တနေရာထဲမှာ ဖျော်ဖြေရတာမှမဟုတ်ဖဲ။ ကိုယ့်နိုင်ငံထဲ အလှူပွဲ ကျင်းမှသင်းကပါမြဲ ဖြစ်ရတာမို့လား။ ပွဲလက်ခံထားတဲ့ အရပ်ရပ်မှာ လှည့်ပတ်ဖျော်ဖြေ ကြရတော့ အင်မတန် ပင်ပန်းကြရပါတယ်။ ဆိုင်းအဖွဲ့သား အများစုဟာ ဆိုင်းနောက်နားတင် မြေပြင်မှာ ဖျာခင်း အိပ်ကေါင်းခြင်းမအိပ်ရ စားကောင်းခြင်း မစားရနဲ့ပါ။ ဒါလဲပျော်ပျော်ပါဘဲ။

မောင်စတင်းတို့ မနိုင်တို့က နှလုံးဖြူစင် ကြင်နာတတ်သူတွေ ဆိုတော့ ဆိုင်းခေါင်းဆောင် ဆိုင်းပိုင်ရှင်ဖြစ်ပေမယ့် ငယ်သားတပည့် ဝိုင်တော်သားတွေနဲ့ အတူအိပ် အတူစား နေတတ်တာ မာအေးမျက်မြင်ပါဘဲ။ ဂီတနဲ့ ဖြည့်ဆည်းရတာ ဘဝဖေါ်အတွက် ဖြည့်ဆည်းရတာကို ပျော်နေရတဲ့ မနိုင် ခေါ် “နိုင်နိုင်မော်” ဆိုင်းအဖွဲ့ထဲမှာ သူ့ချစ်ချစ်ကို ဘယ်လိုပံ့ပိုးခဲ့တာလဲ နားဆင်ကြည့်ရအောင်လေ။ ဆိုင်းရဲ့အထာကတော့ ကိုယ့်ခေါင်းဆောင်ကို မြှောက်ပင့်ပေးတဲ့ သဘောသွားရှိတဲ့ဟာမျိုး။ အဆိုတော်အတွက် နာမည်ထွက်ဖို့ မလွယ်ပါဘူးရှင်။

 

*(စိန်စတင်းဖွဲ့) မျိုးမြန်မာ အဖိုးတန်တာ တိုးကြံကါ မရိုးပြန်တာ စန္ဒရားနဲ့ ယှဉ်ကာ ဆိုင်းသံကလဲသာ မိတ်ဆွေသဟာ စိတ်ပြေစရာ နိတ်ပေတာ ကေါင်းပေတာ ထူးချားတဲ့ လက်သံရှင်ဟာ ဘယ်သူများပါလိမ့်ဗျာ * အခြေမှန်စွာ ဖွေကြံကါ ဆရာစကိုင်း ဦးလှရွှေ သူရဲ့ဥာဏ်လဲပါ၊ မြန်ပြည်မှာ စံမမှီစရာ အရှိန်ပြင်းတဲ့ စိန်စတင်းရဲ့ သူ့လက်သံလဲပါ **


အခုချစ်ဆွေတို့ ကြားလိုက်ရတာ နိုင်နိုင်မော်နဲ့ ဆိုင်းအဆိုနာမည်ကျော် ဓနုဖြူတင်အုန်းတို့ရဲ့ အသံတွေပေါ့ရှင်။ ဒိုးချောင်ကပေးလာတဲ့ စည်းဝါးသွက်သွက်နဲ့ နှုတ်တချက်မှ မနားစေတဲ့ အတီးတို့ရဲ့ သဘောကတွန်းအားကြောင့် မြန်မြန်ဆို မြန်မြန်ပြီး ကီးကိုက်မယ် စည်းကိုက်တယ် ဒါသာဘဲလိုရင်းလိုဖြစ်နေတော့ အဆိုဟာ ဆိုင်းအတွက်ပါရမီဖြည့်ဖက်လို့ မာအေးပြောချင်တာပါ။

မနိုင်ဟာ သူ့တသက် ဆိုင်းဖက်မှာဘဲ နေသွားတဲ့ ဂီတမျိုးကေါင်း သမီးကလေးလို့ ပြောနိုင်ပါတယ်။ သွားရင်းလာရင်း သီဆိုရင်းကဘဲ ရင်နှစ်သည်းခြာ သားရတနာတွေနဲ့ သူတို့မှာ တိုးလာတာလေ “မွေခံထိုက်စေ” ဆိုတဲ့ ရှေးရိုးစကါးနဲ့ ရွှေအလင်္ကါ စိန်မင်းနိုင် ခေါ်တဲ့ သားကလေး ပွဲထုတ်ပေးတဲ့ ဂီတမိခင်အဖြစ်နဲ့ ဆန်းသစ်တဲ့ တီးကွက် ဖအေ့ငယ်လက်ကလေးနဲ့ တွက်ဆပြီး ပြုံးပြုံးကြီး ကြည့်နေတဲ့ ဂီတမောင်ငယ် ကိုစတင်းနဲ့မနိုင် လက်တွဲခိုင်ကြတာကို မြင်ရတော့ ပီတိလဲရ အလွမ်းလဲရတာပေါ့လေ။

ကနေ့ ဆိုင်းလောကသား ရွာစားကျော်များဟာ ကိုယ့်ဆိုင်း မဟာကိုလဲ လှစေ ကိုယ်တိုင်လဲ ကြည့်ကေါင်းစေ ဆိုတာမျိုး ပြင်ကြဆင်ကြ ယဉ်ကြပြီး ကိုယ်တိုင် နှုတ်ဆက် ကိုယ်တိုင် ဆိုပြတွေ တိုးလာတဲ့ ရှိုးဆရာတွေလဲ ဖြစ်ကုန်ပြီရှင့်။ တူကလေး စိန်မင်းနိုင်ကိုလဲ အခွေထဲမှာတွေ့ရတာ ကျော့လို့ပါဘဲ။ မနိုင်ရဲ့မျက်နှာကျမျိုးလေးဘဲ။ မောင်စတင်းငယ်တုန်းကလောက်တော့ မချောဘူးပေါ့ရှင်။ မအေးက အဆိုတော် – ဖအေက ဆိုင်းဆရာဆိုတော့ လက်လဲပါ နှုတ်လဲပါ ဆိုတီးတွေ ဘာတွေလဲ ကြားရပြန်တာပေါ့ရှင်။ စိန်မင်းနိုင် ဆိုပြတဲ့ သီချင်းက “အပြုံးတွေနဲ့ကြို” တဲ့ရှင်။

 

• (စိန်မင်းနိုင်အသံ) သတင်းကြိုင်တဲ့ မင်းနိုင်ရောက်ရင် ကျေးဇူးရှင်တွေ ဘဝင်မှာ ပီတိပို အလှူဒကါ အလှူအမတွေက စေတနာပို လုပ်အားကူညီကြသေါ အကိုအမများက မေတ္တာပို ကျွေးမွေးဧည့်ခံ လုပ်ကိုင်ပေးကြတဲ့ ဦးကြီးဒေါ်ကြီးတို့က ပျော်ကြတယ်ဆို ကါလသါးရွှေညီအကို ကုမ္မာရီတို့ အားပေးကါ အချစ်ပို ဆိုင်းကိုတီးလို့ ကျေးဇူးဆပ်မယ့် စိန်မင်းနိုင်ကို မိဘများက အပြုံးလေးနဲ့ ကြိုကြပါလားဆို*

 

အားပေးတဲ့ ကျေးဇူးရှင်တွေကို ကျနော်ချစ်သော ရွှေဆိုင်းအတတ်နဲ့ ဖျော်ဖြေဘို့ကို မင်းနိုင်လာပြီးဆို အားရပါးရ ရွှေနားဆင်ဗျို တီးကါပြမည့် ဆိုင်းသံချို အလှူရှင်တွေက မေတ္တာပို ရပ်ရွာလူထု “ချစ်သဒ္ဓါ” ပို ဆိုင်းတီးလို့ ချစ်တယ်ဆို စိန်မင်းနိုင်ကို အပြုံးလေးတွေနဲ့ကြို*



ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် – မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts