ကဗျာ

မျိုးဆက်သစ်သို့ ဦးညွှတ်ခြင်း

လင်းနွေးအိမ်
ဇူလိုင် ၇၊ ၂၀၁၂

အပြောင်းအလဲဆိုပါလားဟေ့
ဇူလိုင် ၆ ရက် အမှောင်အောက်
မျက်လှည့်ဆရာကြီး ဒေးဗစ်ကော့ပါဖီးရဲ့ ထောက်လှမ်းရေးတွေ
ဗကသတွေကို ရှာနေပုံများ
မှုန်ယိုနေတဲ့ဆင်ရိုင်းလို။

အောင်ကျော်ရေ
မင်းသေရတာ ဖြေသာပါတယ်
မင်းမှာ နယ်ချဲ့လက်ချက်မို့တဲ့
၆၂ မျိုးဆက်တွေရဲ့ အံကြိတ်သံ
ရာစုနှစ်ဝက်ဆိုပေမယ့်
ဆူညံနေတုန်းရှိသေးတယ်။

အပြောင်းအလဲအတွက်
လွှတ်တော်တက်မှရမတဲ့လား
သွားစမ်း
စစ်ကျွန်စော်နံတဲ့ အတွေးအခေါ်တွေ
ငါရို့ဟာ ဒိုင်အာခီကိုငြင်းပယ်ပြီး
လုံးဝ လွတ်လပ်ရေးကိုတိုက်ခဲ့တဲ့
ငါရို့အဖိုးရဲ့မျိုးဆက်တွေ။

ဒီမှာ ဟေ့ကောင်
ဂုဏ်သရေရှိယောင်ဆောင်ထားတဲ့ အပြောင်းအလဲကို
ညီမလေး ဖြိုးဖြိုးအောင်နဲ့ ဗသကမောင်နှမတွေ
အောင်မြင်စွာ ဆုတ်ဖြဲပြလိုက်တဲ့
ဟောဒီ ဇူလိုင်ခုနစ် နှစ် ၅၀ ပြည့်အခါမှာ
နာကြင်နှလုံးသားတွေစုရုံး
လွတ်လပ်ခြင်းတောင်ကုန်းတွေအားလုံး သိမ်းပိုက်နိုင်လိမ့်မယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

2 thoughts on “မျိုးဆက်သစ်သို့ ဦးညွှတ်ခြင်း
  1. ဒေါ်အောင်ဆန်းစုကြည် နှင့် သတင်းအချက်အလက်
    ဖြစ်ပေါ်တိုးတက်မှုတို.၏နောက်ကွယ်တွင်မှန်ကန်စွာဆုံးဖြတ်မှုတို.ဝေးကွာသွားတတ်သည်၊
    ဦးဆောင်သူတို.နောက်ကွယ်မှထိမ်ချန်မှုများ၊သတင်းမှားများ၊ကိုယ်ကြိုးရှာလိမ်ညာမှုများ
    ကြိုးနီစနစ်ကျင့်သုံးနေသူများကြောင့်မှားယွင်းမှုများကိုဖြစ်စေတတ်သည်။
    အမြင်ရှင်းလင်းမှုများလက်ခံကျင့်သုံးနိုင်မှသာတိုးတက်မှုဖြစ်စဉ်ကိုသာယာစွာကျော်ဖြတ်
    နိုင်မည်ဖြစ်ပါကြောင်း။။။။။။။။။

  2. ကိုလင်းနွေးအိမ် ရေ ဒီကဗျာအတွက်ထာဝရလေးစားစွာဖြင့်

    နေလက်

Comments are closed.