တူမောင်ညို သူတို့အာဘော်

TU MAUNG NYO – ဒုတိယသမ္မတ ဘယ်သူဖြစ်လာမလဲ

ဒုတိယသမ္မတ ဘယ်သူဖြစ်လာမလဲ

တူမောင်ညို၊ ဇူလိုင် ၅၊ ၂၀၁၂

            ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၀ (ခ) (၃) အရ ကာကွယ်ရေးဦးစီးချုပ်ရဲ့ “စစ်သားအမတ်” (၂၅%) က အမည်စာရင်းတင်သွင်း ပေးရမှာဘဲ။

 ဒါကြောင့် (၂၅%) စစ်သားအမတ်တွေက အမည်စာရင်းပေးတာမျိုးတော့မဖြစ်နိုင်ပါဘူး။ ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ် စေလွှတ်သူကိုသာ စစ်သားအမတ် (၂၅%) က လက်ခံပြီး ပြည်ထောင်စုလွှတ်တော်ကအတည်ပြုရတာပဲဖြစ်နိုင်ပါတယ်။

            ဒီအချက်က ကာကွယ်ရေးဦးစီးချုပ်ဟာ ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်နိုင်တယ်၊ စေလွှတ်နိုင်တယ်၊ အမည်စာရင်းပေးနိုင် တဲ့ အာဏာရှိနေတဲ့ အချက်ကို သိသာ ထင်ရှားစေပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟာစစ်သားအမတ် (၂၅%) ကို စိတ်ကြိုက်စာရင်း ပေးနိုင်သလို၊ ပေးထားတဲ့ စစ်သား အမတ်တွေကိုလည်း စိတ်ကြိုက်ပြန်လည်ရုပ်သိမ်းနိုင်ပြီး၊ အစားထိုးပေးနိုင်ခွင့်လည်းရှိတယ်။

            ချုပ်လိုက်ရင် ကာကွယ်ရေးဦးစီးချုပ်ဟာ စစ်သားအမတ်ကိုလည်းခန့်နိုင်သလို၊ ဒုတိယသမ္မတလည်း ခန့်နိုင်တယ်ဆိုတာပါပဲ။

            ဒါဟာ စစ်တပ်နဲ့ကာကွယ်ရေးဦးစီးချုပ် က လွှတ်တော်ကို စိတ်ကြိုက် ချယ်လှယ်နေနိုင်တဲ့အချက်ဖြစ်ပါတယ်။

            ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀ (ခ) နှင့် (ဂ) အရ စစ်တပ်ပိုင်းဆိုင်ရာ“ကိစ္စအားလုံး” ကို လွတ်လပ်စွာ စီမံခန်ခွဲစီရင် ဆောင် ရွက်ပိုင်ခွင့်ရှိသူဟာ ကာကွယ်ရေးဦးစီးချုပ်ပဲဖြစ်ပါတယ်။

 ဒီအချက်ကြောင့် စစ်တပ်နဲ့ကာကွယ်ရေးဦးစီးချုပ်ကို ပြည်ထောင်စုလွှတ်တော်က ကွပ်ကွဲနိုင်ခြင်းမရှိပါဘူး။ စစ်တပ်ပိုင်းဆိုင်ရာ “ကိစ္စအားလုံး” လို့ဆိုထားတဲ့အတွက် ကမ်းကုန်နေပါပြီ။ ပြည်ထောင်စုလွှတ်တော်ဟာ စစ်တပ်နဲ့ကာကွယ်ရေး ဦးစီးချုပ်လက် အောက်မှာ ရှိနေတယ်ဆိုတာ ထင်ရှားနေပါတယ်။

ဥပမာတစ်ခုအနေနဲ့ ကချင်ပြည်နယ်မှာစစ်ဆင်နေတဲစစ်တပ်တွေကို စစ်တိုက်နေတာတွေရပ်ဖို့ သမ္မတဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်(ရုံး)ကို ညွန်ကြားခဲ့ပေမယ့် သမ္မတရဲ့ညွန်ကြားချက်ကို စစ်တပ်ကလိုက်နာခဲ့ခြင်းမရှိပါဘူး။ “ဗိုလ်နေမြဲကျားနေမြဲ” ဆိုသလို ကချင်ပြည်နယ် စစ်တိုက်မြဲတိုက်နေတယ် မဟုတ်ပါလား။

 စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် ကို ပြည်ထောင်စုလွှတ်တော်က ဘယ်လို (Check and Balance ) လုပ်မလဲ။

“လွတ်လပ်စွာ စီမံခန်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ရှိတယ်”လို့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းပေးထားတဲ့အတွက် ဘယ်လိုမှ (Check and Balance ) လုပ်နိုင်စရာ အကြောင်းမရှိတော့ပါဘူး။

 ဒါကြောင့် ကာကွယ်ရေး အသုံးစရိတ် (စစ်ဘတ်ဂျက်) နဲ့ စစ်ဘက်ဆိုင်ရာတရားစီရင်ရေး ဆိုတာတွေဟာ စစ်တပ်က (ကာကွယ်ရေး ဦးစီးချုပ်) က စိတ်ကြိုက်သတ်မှတ်စီရင်ပိုင်ခွင့်ရှိတဲ့ နယ်ပယ်တွေဖြစ်နေပါတယ်။ ဘယ်သူကမှ ဝင်ရောက်စွက်ဖက် ထိန်း ချုပ်လို့မရပါဘူး။

            တကယ်တော့ ဒီမိုကရေစီနိုင်ငံမှာ စစ်တပ်နဲ့ကာကွယ်ရေးဦးစီးချုပ် ဆိုတာဟာ ပြည်သူတို့ကရွေးချယ်တင်မြှောက်သော (ပါလီမန်) လွှတ်တော်နှင့် ၄င်း(ပါလီမန်) လွှတ်တော်ကတဆင့်ရွေးချယ်တင်မြှောက်သော အစိုးရအဖွဲ့တို့ရဲ့ အုပ်ချုပ်မှုအောက် တွင်ရှိရ ပါမယ်။ (ပါလီမန်) လွှတ်တော်ကခွင့်မပြုဘဲ စစ်တပ်ကိုတိုးချဲ့ခြင်းမပြုရ၊ (ပါလီမန်)လွှတ်တော်ကခွင့်ပြုသော ငွေကို သုံးစွဲပြီး(ပါလီမန်) လွှတ်တော်ကသဘောတူသော စစ်တပ်အင်အားကိုသာ ထားရှိရမှာဖြစ်ပါတယ်။

            ဒါ့အပြင် စစ်တပ် (တပ်မတော်) ကိုလည်း အစိုးရအဖွဲ့ကအုပ်ချုပ်၍ အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးခေါင်းဆောင်သော ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ ထားရှိရမှာဖြစ်ပါတယ်။

            ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရတော့ စစ်တပ်နဲ့ကာကွယ်ရေးဦးစီးချုပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အထက် မှာရှိနေတာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးကို ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခန့်အပ်ပါတယ်။ စစ်သားအမတ်တွေကိုကာကွယ်ရေး ဦးစီးချုပ်က စိတ်ကြိုက်စာရင်းပေးစေလွှတ်နေတာ/ရုပ်သိမ်းနေတာဖြစ်ပါတယ်။

 အခုလည်း လစ်လပ်သွားတဲ့ ဒုတိယသမ္မတ နေရာအတွက်အစားထိုးရမယ့် ဒုတိယသမ္မတတစ်ဦးကို ကာကွယ်ရေးဦးစီးချုပ်က ပဲရွေးချယ်စေလွှတ်မှာဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်စေလွှတ်ပေးသူကို ပြည်ထောင်စုလွှတ်တော်က ရာဘာတံဆိပ်တုံး ထုပေးဖို့သာဖြစ်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၂ အရ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမယ်” လို့ပြဋ္ဌာန်းထားသော်လည်း ကာကွယ်ရေးဦးစီးချုပ်ရဲ့သက်တမ်းကို ဖေါ် ပြထားခြင်းမရှိပါဘူး။ ရှင်းလင်းစွာ ဖော်ပြဖို့လိုအပ်ပါတယ်။

 ဒီလိုအချက်အလက်တွေကြောင့် စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အသွင်ယူ ထားတဲ့ စစ်အာဏာရှင်စနစ်သာဖြစ်ပါတယ်။ စစ်မှန်ပြည့်ဝတဲ့ဒီမိုကရေစီစနစ်နဲ့မဆီလျော်တဲ့ အဲဒီလိုအချက်အလက်တွေ ပါဝင်နေတာ ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်မခံနိုင်တာဖြစ်ပါတယ်။

ဒါ့အပြင်ထင်သာမြင်သာမရှိတဲ့အချက်တွေထဲမှာ နုတ်ထွက်သွားတဲ့ ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးအပါအဝင် သမ္မတသုံးဦးစလုံးရဲ့ပိုင်ဆိုင်မှုစာရင်းတွေကို ပြည်သူတွေက လုံးဝမသိရှိရတဲ့အချက်ဖြစ်ပါတယ်။

 ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၈ အရ သမ္မတနဲ့ ဒုတိယသမ္မတများရဲ့ပိုင်ဆိုင်မှုစာရင်းကို ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမယ်လို့သာပြဋ္ဌာန်းထားပါတယ်။

“သန့်ရှင်းတဲ့အစိုးရ၊ကောင်းမွန်တဲ့အစိုးရ”ဆိုတဲ့ အပြောစကားတွေနဲ့ကိုက်ညီအောင် စံပြ အဖြစ် သမ္မတတွေက သူတို့ရဲ့ပိုင်ဆိုင်အားလုံးကို ပြည်သူတွေသိရှိအောင်ထုတ်ဖေါ်ကြေညာသင့်ပါတယ်။ ဒါမှလည်းအစိုးရအဆက်ဆက် နက်ရှိုင်းဆိုးဝါးစွာအမြစ်တွယ်နေတဲ့ အကျင့်ပျက်လာဘ်စားမှုကင်ဆာရောဂါကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါလိမ့်မယ်။

ဒါကြောင့် ဒုတိယသမ္မတအဖြစ် (ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ် ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊  ကြံ့ဖွံပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး — စသဖြင့်) ဘယ်သူပဲ ဖြစ်လာပါစေ၊ ဒီမိုကရေစီ ပိုပြီးရှိလာနိုင်စရာအကြောင်းမရှိပါဘူး။

 ရွေးချယ်ခံရသူက သူရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ပြည်သူတွေသိရှိအောင် စံပြအဖြစ် ထုတ်ဖေါ်ကြေညာဝံ့သလား။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ ဒီ စနစ်ယန္တယားကို ပြင်ဆင်ခြင်းမရှိဘဲ။ လူပြောင်းနေရုံနဲ့ ပိုပြီးထူးခြားစရာမရှိပါဘူး။ ဒီထိုင်ခုံမှာ ထိုင်ရင် ဒီချေးပဲပါ ပါလိမ့်မယ်။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတဲ့ စနစ်ယန္တယားကြီးကို အခြေခံကျကျ ပြင်ဆင်နိုင်ခြင်းမရှိသမျှ ဘယ်သူတွေပဲ ရွေးချယ်တင်မြှောက်ခံရပါစေ စစ်မှန်ပြည့်ဝတဲ့ဒီမိုကရေစီစနစ်ကို ပြည်သူအများ တင်းပြည့်ကျပ်ပြည့်ရရှိခံစားနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် ဒုတိယသမ္မတ အဖြစ်ဘယ်သူ့ကိုပဲရွေးချယ်ပါစေ၊ ဘယ်သူပဲဖြစ်လာပါစေ၊ ဘာမှ ထူးခြားစရာမရှိပါဘူး။  သို့သော်လည်း ရွေးချယ်ခံရသူဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့ကို နာခံရမှာဖြစ်ပါတယ်။

            ဒါ့အပြင်  ရွေးချယ်ခံရသူဟာ စစ်တပ်မှာ လက်ရှိတာဝန်ထမ်းနေသူဖြစ်နေလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၃ အရ ဝန်ထမ်း အဖြစ်မှ နုတ်ထွက်ရမယ်/ အငြိမ်းစားယူပြီးဖြစ်တယ်လို့ပြဋ္ဌာန်းထားတယ်။

            ဒါကြောင့် တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်တစ်ဦးကို ရွေးချယ်ခဲ့မယ်ဆိုရင် ရွေးချယ်ခံရသူဟာ စစ်တပ်ကနေ အငြိမ်းစားယူ ရ မှာဖြစ်တယ်။

ညွန်း

– ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

– တို့ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ (ဒေါက်တာမောင်မောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “TU MAUNG NYO – ဒုတိယသမ္မတ ဘယ်သူဖြစ်လာမလဲ
  1. ဦးဌေးဦးကို ပေးလိုက်ရင်တော့  တိုင်ပြည်အတွက်ရင်မောတယ်ဗျ ဘာလို့ လဲဆိုတော့  ဗိုလ်ချုပ်ဖြစ်တုန်းကတောင် သူအဖေဦးကျော်စိန်(ငြိမ်း) ကရပ်ကွက်ထဲလင်မယားရန်ဖြစ်တာပါသူကိုအရင်လာတိုင်သူကမှာလဲ မှန်တာဘဲပြီးတော့ ဦးဌေးဦးနှင့် အစုရျယ်ယာတွေစပ်ပြီးလုပ်ငန်းလုပ်နေသောဦးဇော်သင်ရှိန်(ဧရာဟင်္သာ)ကုမဏီကလယ်တော် မှတောင်သူလယ်သမားတွေရဲ့ လယ်မြေတွေကိုသိမ်းပိုက်ပြီး မြေကွက်တွေရောင်း
    ဟင်္သာတမြို့ သူမြို့ သားတွေဒုတ်ခရောက်မယ့် ကားဂိတ်ကို ဒုသမတ၀ိတ်ဖြင့် ဖွင့် တော့ မှာကြိမ်းသေပါတယ်ဗျာဒုသမတနေရာကိုသေချာစီစစ်ပေးချင်စေပါတယ်ဟင်္သာတမြို့ မိမြို့ ဖတစ်ဦး

  2. ဦးဆွေး စာရိုက်ချင်ဇောများသွားတယ်ထင်တယ် ဇော်ဝင်းရှိန် ပါ ဇော်ဝင်းရှိန် ဆိုတာခေတ်အဆက်ဆက်
    ဧရာဝတီတိုင်း တိုင်းမှူး တွေကို ပိုင်တဲ့သူပါ ပေးတယ် ကန်းတယ် ပြီးတော့ ပြန်ယူတယ် လှူတယ်ဗျာဟင်္သာတမှာ သူကဟင်္သာတဇာတိပါ ကိုဇာတိမို့ လှူတာမဟုတ်ပါဘူး သူအကျိုးအတွက်လှူတာပါ ပြီးတော့  လယ်တွေကို သိမ်းတုန်းကပြည်သူအကျိုးအတွက် ကားဂိတ်ကိုအသုံးပြုမှာဆိုပြီးတော့  လယ်သမားတွေကိုပြောပြီး သက်သာစွာဝယ်တယ် ပြီးတော့ မြေကွက်ရိုက်ပြီးမတနမဆတွေနဲ့ ရောင်းတယ် အဝေဒပြေးထွက်မည့် နေရာကလည်းဦးဌေးဦးပါရှယ်ယာပါတယ်ဗျာ ပြီးတော့ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးဦးလှဝေကို သိန်3း50 တန်အခန်းတစ်ခန်းလက်ဆောင်ပေးထားတယ်ဗျာ ဦးထေးဦးကအခုဧရာဝတီတိုင်ဝန်ကြီးဦးသိန်းအောင်၏လုပ်ဆောင်ချက်ကိုတောင်မမှီဘူးဗျာမိမိဇာတိ
    ဟင်္သာတလမ်းတွေမယုံရင်လာကြည့် ပါစုတ်ပြတ်သပ်နေတာဘဲ သူအဖေနေတဲ့ ရပ်ကွက်တောင်မပြင်ဘူးဗျာ စီစစ်ရွေးချယ်ပေးပါရန်

    1. ဇော်သင်းရှိန်(ဧရာဟင်္သာ)ကုမဏီနှင့် ဦးဌေးဦးတို့ စပ်တူလုပ် ထားတဲ့ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေဟင်္သာတမှာရျိပါတယ် ဒုတိယသမတဖြစ်လို့ ကတော့ အရင်ဆုံးဒုတ်ခရောက်မှာကကျွန်တော်တို့ ဟင်္သာတပါ ဘာလို့ လဲဆိုရင်သူအဖေဦးကျော်စိန်(တပ်မတော်ငြိမ်း)ဟာရပ်ကွက်ထဲလင်မယားရန်ဖြစ်တာကအစပါတယ်မှာတဲ့ သူဖြစ်နေပါစေသူကိုအရင်လာတိုင်တဲ့ သူကနိုင်တယ် ရပ်ကွက်ထဲအစိုးရအလုပ်လုပ်ချင်တဲ့ သူတွေကိုသူကိုအဘအဘခေါ်ရင်အားလုံးကိုထောက်ခံစာရေးပေးတယ်ပြီးတော့ ဦးဌေးဦးရျယ်ယာတွေအများကြီးထည့် ထားတဲ့ ဟင်္သာတလယ်တော်အဝေဒပြေးကိစလည်းပြန်ပြီးအကောင်အထည်ဖေါ်သွားရင်ဟင်္သာတမြို့ သူမြို့ သား ခရီးသွားပြည်သူများ ကုန်ထမ်းအလုပ်သမားများ အနှေးယာဉ်ဆိုက်ကားသမားများဋ္ဌရှေ့ ရေးကိုမတွေဝံ့ပါ သျေချာစစီစစ်ပြီးရွေးချယ်ဆုံးဖြတ်ကျပါရန်
      ကိုယ်မြို့ ကလူဒုတိယသမတဖြစ်မှာကိုဝမ်းသာရမယ့် အစားရင်လေးနေရပါတင်္ယဗျာ ဟင်္သာတပြည်သူများ

  3. Pyi-thu sanda (People’ desire)
    We need the leader whoever he is, USDP or NLD or Military. He should be qualified and cleaned. We had bitter experience in past 50-years. Unqualify and corrupted leaders were rulling these days and country become poorest country with higher illiteracy and very poor health. We requested to the military leaders to think about the past and give the right decision for the people and country. Ruling the country is quite different with the war game. In the war field, you have to think ” KILL OR BE KILLED”.
    But in political and economical field, there is win-win situation. It is sure most of you have no eperience win-win game. Please think about people and country not to be suffered anymore.

  4. စစ်တပ်ထဲကလူတွေက
    ပြည်သူ့အစိုးရမဖြစ်နိုင်ဘူး။
    စစ်အမိန့်နဲ့တိုင်းပြည်ကိုကိုင်တွယ်ပြီး
    အမျိုးကောင်းစားရေးကိုရှေ့တန်းတင်နေတာ
    ဘယ်သူတက်တက်ဒီအဆင်ပဲမို့
    စိတ်ပျက်တယ်။

Comments are closed.