ဖြစ်ရပ်များ၊ အမှတ်တရများ

Moe Kho – အိမ်ပြန်ချင်သူများ အတွက် ခိုင်ထူးရဲ့သီချင်းကောင်းလေး တပုဒ်

မိုးခို၊ ဇွန် ၁၇၊ ၂၀၁၂

          ရေခြား မြေခြားမှာ မိဝေး ဖဝေး ဆွေမျိုးဝေး မိသားစုဝေးနဲ့ အလွမ်းတွေ ရင်မှာပိုက်ပြီး ရုန်းကန်နေကြသူတွေ ဒီဘက်ခေတ်မှာ ပိုပြီးများလာတယ်။ (ဟိုး..အရင်ခေတ်တွေ တုန်းကကတော့ သင်္ဘောသားနဲ့ ပညာတော်သင်တွေလောက်ပဲ ရှိတာ)။

          မိုင်ပေါင်း ကုဋေဝေးပါစေ ဆက်သွယ်ရေး ကရိယာတွေက ပိုပီးကောင်းလာတာမို့ (ကမ္ဘာကြီကလဲ တဖြေးဖြေး ပြားလာရုံတင်မက ခွက်တောင် ခွက်ဝင်လာတာမို့) အလွမ်းတွေကို ကုစားချင်သလား အလွယ်ကလေးရယ်။ ခလုပ်တချက် နှိပ်လိုက်ရုံနဲ့ အသံကြားရုံတင်မက ရုပ်ကိုပါ (အရှင်လတ်လတ်) မြင်ရတဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ ပေါ်နေပြီလေ။ တယောက်နဲ့ တယောက် မြင်ရ ကြားရ အလွမ်းတွေကို ခြေဖျက်နိုင်ကြပြီပေါ့။

အဲ့ဒီလို ချစ်သူတွေ ကြားက အလွမ်း

သားသမီးနဲ့ မိဘကြားက အလွမ်း

သူငယ်ချင်းတွေကြားက အလွမ်း

ရေမြေတောတောင် သဘာဝတို့ကို လွမ်းတဲ့ အလွမ်း

ဘယ်လိုပုံစံမျိုးနဲ့ အလွမ်းပဲဖြစ်ဖြစ် အများကြီး  စုပုံလာပြီဆိုရင် (ဝေဒနာရင့်လာပြီ ဆိုရင်) ရင်ထဲက တောင်းဆိုမိတာက

“အိမ်ပြန်ချင်တယ်

အိမ်ပြန်ချင်တယ်..”

          အဲ့ဒီ အိမ်ပြန်ချင်တဲ့ စိတ်နဲ့ ရေးဖွဲ့ကြတဲ့ သီချင်းတွေထဲမှာ “ အမေတခု- သားတခု” ဟာထင်ရှားတယ် ၁၉၇၀ ၀န်းကျင်က ပေါ်ခဲ့တာ ဆိုတော့ နှစ်ပေါင်း ၄၀ လောက်တောင်ရှိလာပြီ။ အခု အသက် ၅၀ ကျော် လူကြီး တွေ ကောင်းကောင်းရတာပေါ့။ စာသားမကြည့်ပဲ ကာရာအိုကေ ဟစ်နိုင်ကြတာပေါ့။ နောက်ခေတ်လူငယ်တွေလဲ ရကြတယ်။ ကြိုက်ကြတယ်။ အဲ့ဒီသီချင်းကို ရေးစပ်ခဲ့သူက “ကျော့မှုး” အဆိုရှင်က လားရှိုး သိန်းအောင် မူရင်း တရုတ်သီချင်းကို ဗမာစာသား သွင်းထားတာ ဖြစ်ပေမဲ့လဲ ရေးစပ်သူ ကျော့မှုးရဲ့ သီချင်းရေး ပညာနဲ့ စကားလုံးတွေရဲ့ အားကြောင့် “အမေတခု သားတခု” ဟာ Classic ဖြစ်လာတယ်။ ဂန္တ၀င်စာရင်းထဲ ၀င်လာတယ် ခုထိ မှိန် မသွားသေးဘူး။

          ၁၉၈၀ ကျော်လောက်မှာ အဆိုတော် ခိုင်ထူးရဲ့ “ မိုးရဲရင် ဆောင်းရဲရမယ်” ဆိုတဲ့ စီးရီး တခွေ စာ ထွက် လာတယ်၊ အဲ့ဒီမှာ “အိမ်အလွမ်း” ဆိုတဲ့ သီချင်းတပုဒ်ပါတယ်။

“ အိမ်ပြန်ချင်တဲ့ အလွမ်း…..”

“ စိန်ခေါ်နေတဲ့…လမ်း”

“ မိန်ရာသီရဲ့ …လမ်း”

စတဲ့ စကားလုံးတွေနဲ့ ဖမ်းစားထားတယ်

အမေအိုကို လွမ်းတဲ့ အဝေးရောက် သားတယောက်ရဲ့ အိမ်ပြန်ချင်တဲ့ အကြောင်းကို မျက်ရည်အပြည့်နဲ့ ခံစားပြီးဆိုထားတာပေါ့ ကိုယ်ပိုင်သံစဉ်ဖြစ်တော့ ပိုပြီး လေးနက်သွားတယ် ရာနှုန်းပြည့် ဘ၀င်ကျသွားတယ်။ ရေးဖွဲ့သူ“မောင်မောင်” နဲ့ သီဆိုသူ ခိုင်ထူး ၂ ယောက်စလုံးရဲ့ ရင်ထဲကို ဒိုးယိုပေါက် မြင်လို့ ရတယ်။

          အိမ်ကို လွမ်းသူ အိမ်ပြန်ချင်သူတွေ အလွမ်းပြေစေဖို့လက်တို့ပြီးတော့ ပြောလိုက် ညွှန်းလိုက်ပါရစေ ခင်ဗျား။

အမ်ပလဂ် ဂီတာနှင့် သီးသန့် နားဆင်ရန် …
စာသားချည်းဖြင့် မူလသီချင်းကို နားဆင်ရန် …
ဂူးဂဲပေါ်က ခိုင်ထူး၏ အိမ်အလွမ်းများ …

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “Moe Kho – အိမ်ပြန်ချင်သူများ အတွက် ခိုင်ထူးရဲ့သီချင်းကောင်းလေး တပုဒ်
  1. ကျေးဇူးပြုပြီး goo.gl URL shorten-er ကိုသုံးပေးပါ၊

  2. မြန်မာလူမျိုးဆိုတာကိုယ့်မိသားစု ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်တိုင်းပြည်ကို
    အလွန်သံယောဇဉ်ကြီးတဲ့လူမျိုးပါ..ဘ၀တွေရှင်သန်ဖို့ရေခြားမြေခြားကို
    အကြောင်းမျိုးစုံနဲ့ရောက်နေကြရပေမဲ့ရင်တွေထဲမှာ အမြဲတန်းအိမ်ပြန်ချင်နေ
    ကြတဲ့သူတွေချည်းပါဘဲ..ဒီသီချင်းလေးကိုသိပ်ကြိုက်သလိုစိတ်ကူးကောင်းကောင်း
    နဲ့တင်ပေးသူ(Moe Kho)ကို ကျေးဇူးကမ္ဘာပါဘဲလို့

  3. ဒီသီချင်းကိုကြားရတော့ပြည်လမ်းမပေါ်ကမာလာဆောင်ကိုအရမ်းလွမ်းပါတယ်။သီချင်းတင်ပေးသူကိုကျေးဇူဒအထူးတင်ပါတယ်။

Comments are closed.