ကဗျာ

ကျုပ်တို့ဆုတောင်း

နိုင်ဦးညို (ဖိုးဇီးရိုး)
မေ ၂၆၊ ၂၀၁၂

ပြည်တော်ပြန်
ပြည်တော်ချစ်
ရေပန်းစားလူတန်းစားတွေ
ကြွေးကြော်သံအပျံစားတွေနဲ့
တိုင်းပြည်ပြန်လည်တည်ထောင်ဖို့
သဲကားတစ်စီးတိုက်
အုတ်ကားတစ်စီးတိုက်
အကြံအပြည့် ဟန်အပြည့်
ဒါ တို့တိုင်း တို့ပြည် တို့မြန်မာပြည်
မာန်အပြည့်ဟစ်ကြွေးအော်ကာ …။

သို့ပေသည့် ကြားဖူးသည့်စကား
သင်္ကြန်အမြောက်လိုပေါ့
အဆံတော့ မချောင်ကြစေလိုပါ
ခရိုနီပြည်တွင်းနေအပေါင်း
ပြည်ပပြန် ခရိုနီ ညီမျှခြင်းလုပ်ရင်
ရလဒ်သုည ဘယ်လိုမှမဖြစ်စေလိုပါ …။

ဘဝတွေတစ်ခုလုံးဘာမှမရှိတဲ့
မျှော်လင့်ချက်တွေ မမျှော်လင့်ရဲခဲ့တဲ့
ကျုပ်တို့မြန်မာလူထုကတော့ ….. ခင်ဗျားတို့
ပြည်တွင်းနေ ခရိုနီလက်ရှိတွေကိုလည်း အားထားပါရစေ
ပြည်တော်ပြန် ခရိုနီလက်သစ်တွေလည်း လုပ်နိုင်ကိုင်နိုင်ပါစေ
ပြည်သူချစ် ဒေါ်အောင်ဆန်းစုကြည်လည်း ခေါင်းဆောင်မှုနိုင်ပါစေ
ပြည်သူတွေအတွက် ပြောင်းလဲလာသူသမတကြီးလည်း ကျန်းမာပါစေ
ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝှမ်းလုံးလည်း မီးမှန်မှန် ရေမှန်မှန် အမြန်လာပါစေ
ကွန်မြူနစ်ဇင် ဆိုရှယ်လစ်ဇင်နဲ့ တိုင်းရင်းသားအပေါင်းလည်း ဆွေးနွေးခွင့်ရနိုင်ပါစေ
ဟိုနားတစ်ဒိုင်းဒိုင်း ဒီနားတစ်ဝုန်းဝုန်းနဲ့ လက်နက်တွေအကုန်စွန့် ငြိမ်းချမ်းနိုင်ကြပါစေ
အမေရိကန် ယူရိုပီယမ် အာစီယံနဲ့ တရုတ် နိပွန်မာစတာကြီးတွေလည်း စေတနာမှန်ကြပါစေ

ဒီလို
ဒီလိုဘဲ
မဝံ့မရဲနဲ့
ကျုပ်တို့ဆုတောင်း
တောင်းရုံတောင်းနိုင် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကျုပ်တို့ဆုတောင်း
  1. When we read Burmese poems,have to feel as eating of Burma’s boiling Dawn pears! because while my heart-attack patient on Maesot-hospital,Thai,told BaKaTha-Zaw Zaw Aung that I would like to eat Dawn boiling pears as our national leader-Bo Joke Aung Sann!

Comments are closed.