သတင်းပဒေသာ

YPI News – လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်သူများ ရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေ

YPI News – လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်သူများ ရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေ
Yangon Press International – နံနက် ၁၀နာရီခွဲ၊ မေလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ်

မန္တလေးမြို့၌ မေလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့ညများက လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်များဖြင့် ဆန္ဒထုတ်ဖေါ်ခဲ့သူများထဲမှ ဦးဆောင်သူ ၁၉ ဦးကို ရဲသတင်းတပ်ဖွဲ့က ယနေ့နံနက် ၆ နာရီမှ ခေါ်ယူစစ်ဆေးလျှက်ရှိရာ သတင်းရရှိချိန် နံနက် ၁၀ နာရီထိ ပြန်မလာသေးကြောင်း ခေါ်ယူခံရသူ၏ မိတ်ဆွေတဦးက ပြောသည်။ 

၎င်းက “မနက်စောစောပိုင်းက လာခေါ်သွားတာ၊ မနေ့ညက ခင်ဗျားတို့ လုပ်ခဲ့တဲ့ ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ မေးချင်တာတွေရှိလို့ပါ ခဏလေးပါ” ဟု ရဲသတင်းတပ်ဖွဲ့ (SB) မှ ပြောဆိုသွားကြောင်း ပြောသည်။  ယခုလို ခေါ်ယူရာတွင် ကောင်းကောင်းမွန်မွန် ပင်ပြောဆိုခဲ့သည်ဟု လည်းဖြည့်စွက်ပြောဆိုသည်။ 

ခေါ်ယူခံရသူများထဲတွင် စာရေးဆရာ ညီပုလေး (လူထုဒေါ်အမာ၏ သား) နှင့် အခြားမန္တလေး အန်အယ်လ်ဒီအဖွဲ့ဝင်အချို့ နှင့် မေလ ၂၀ ရက်နေ့ည အရေးပေါ် သတင်းစာရှင်းလင်းပွဲ တက်ရောက်သူ ဆန္ဒထုတ်ဖေါ်သူအချို့တို့ ပါဝင်သည်ဟု သိရှိရသည်။ ။ 

            (ဓာတ်ပုံ – YPI)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “YPI News – လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်သူများ ရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေ
  1. မဟုတ်တာတော့ မလုပ်ကြနဲ့ဗျာ။ ခင်ဗျားတို့တွေ ပြည်သူတွေအပေါ်ကို မနှိပ်စက်သင့်တော့ဘူး။
    ခင်ဗျားတို့ စား/၀တ်/နေရေးအားလုံးဟာ ပြည်သူတွေလုပ်ပေးထားတာ ဆိုတာကို သိသင့်ပါတယ်။ သမတကြီးကတောင် မိဘပြည်သူလို့ ပြောနေပြီ။ သတိထားစေချင်ပါတယ်။

Comments are closed.