သတင်းပဒေသာ

Yangon – ရန်ကုန်မြို့တော်မှာ လျှပ်စစ်မီးရရှိရေး ယနေ့ညနေတွင် ဆန္ဒထုတ်ဖော်မည်

မိုးမခအထောက်တော် ရန်ကုန်၊ မေ ၂၂၊ ၂၀၁၂

            မန္တလေးတွင် ဖယောင်းတိုင်များထွန်းညှိပြီး လျှပ်စစ်မီးရရှိရေး လူထုဆန္ဒထုတ်ဖော်ကြသကဲ့သို့ ရန်ကုန်မြိ့တော်တွင်လည်း လျှပ်စစ်မီးရရှိရေးဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြရန် ပြင်ဆင်နေပြီဟု သိရသည်။

           ယနေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့တော်၊ ဆူးလေဘုရားလမ်း၊ လက်ရွေးစင် လဘက်ရည်ဆိုင်ရှေ့တွင် စုဝေးပြီး ညနေ ၇ နာရီတွင် မြို့တော်ခန်းမသို့ ချီတက်ကြမည်ဟု သတင်းများ ထွက်ပေါ်နေသည်ဟု ဆိုသည်။

            အစိုးရသတင်းစာများတွင် မြန်မာပြည်တွင်း လျှပ်စစ်မီးလုံလောက်စွာ ဖြန့်ဝေပေးခြင်း မပြုနိုင်ခြင်းမှာ နွေရာသီအတွင်း မိုးရေနှင့် ဆည်ရေရှားပါးခြင်း၊ စားသုံးမှု မြင့်တင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဖြေရှင်းချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

            မန္တလေးတွင် အစိုးရ၏ အထူးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒထုတ်ဖော်သူများအနက်မှ ထင်ရှားသူများ၊ ပါဝင်သူများကို ခေါ်ယူစစ်ဆေးမှုများ၊ ထိန်းသိမ်းမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ အမှတ် ၂ လျှပ်စစ်ဝန်ကြီးဌာနက ပြည်သူများ လျှပ်စစ်ကို ချွေတာသုံးစွဲမှုကို ၀ိုင်းဝန်းပါဝင်ကြရန် မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။ လက်ရှိအစိုးရ၏ ၀န်ကြီးတဦးဖြစ်သူ ဦးဇော်မင်းကမူ လွန်ခဲ့သည့်နှစ် ဧရာဝတီမြစ်ဆုံ ရေကာတာကန့်ကွက်သည့် အရေးအခင်းကာလတွင်းက ပြောကြားခဲ့ရာတွင် မြန်မာပြည်ရှိ ပိုလျံသော စွမ်းအင်များကို ပြည်ပသို့ ရောင်းချရမည် ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ဖူးသည်ဟု ဆိုသည်။

ယခု ပူပြင်းသော မြန်မာပြည်၏ နွေရာသီကာလတွင် ရေရှားပါးခြင်းနှင့် စွမ်းအားပြတ်တောက်ခြင်းကို မြန်မာပြည်သူတို့ အထူးခံစားနေကြရသည်ဟု သိရသည်။

(photo – Internet & Facebook)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

13 thoughts on “Yangon – ရန်ကုန်မြို့တော်မှာ လျှပ်စစ်မီးရရှိရေး ယနေ့ညနေတွင် ဆန္ဒထုတ်ဖော်မည်
  1. Look guys. The problem is due to the Kachins. All the problems. This is reforms you see, ask Aung San Suu Kyi. All reformed now.

  2. we don’t have power, all sold out to china. so it is useless even if you demonstrate.

  3. မိုးရေနဲ့ဆည်ရေမရှိရင် လျှပ်စစ်မီးမရှိဘူးဆိုတဲ့ သဘောလား? သဘာဝဓါတ်ငွေ့ ကရော ဘာလုပ်ဖို့လဲ။ မသိလို့မေးတာနော်။ သဘာဝဓါတ်ငွေ့ဆိုတာ ဘာလဲဟင်? ဘာလုပ်လို့ ရလဲဟင်? ကျွန်တော်က တောသားပါဗျာ။
    ပြည်ထောင်စုဝန်ကြီး ကိုဇော်မင်းကို မေးပေးကြပါဗျာ? ကျွန်တော် တောသား
    နားလည်အောင် ရှင်းပေးပါအုံး။

  4. သူတို့လုပ်နေကြအလုပ်ကိုမလုပ်ပဲမနေနိုင်ဘူးဆိုတာပြတာပဲ။
    ဘယ်မလဲဒီမိုကေ၇စီ…စိတ်ပျက်လိုက်တာ..
    ပုဇွန်စိတ်ဦးနှောက်များစွာနဲ့တိုင်းပြည်ကိုထင်တိုင်းကြဲနေတာ
    ဘယ်လိုလုပ်ကြမလဲ။အစွမ်းအစရှိသူကိုလည်း
    အပေါ်ထိေ၇ာက်အောင်ဆွဲမတင်…အားလုံးသူတို့စိတ်တိုင်းကျ
    အကွက်ချထားတာဘယ်လိုပြုပြင်မှာလဲကွယ်..
    စိတ်ဆင်းရဲပါတယ်။မြန်မာပြည်မှာပြည်သူလာဖြစ်ရတာ
    ကံဆိုးခြင်းလက်ဆောင်ပဲ…ပြည်သူတွေနှလုံ့းေ၇ာဂါရနေပြီ။

  5. ကိုဇော်မင်းရေ ပိုလို့ရောင်းထားတဲ့ လျှပ်စစ်တွေပြန်ဝယ်ပေးပါ။ကျွန်တော်တို့ပြည်သူတွေပိုက်ဆံနဲ့ပြန်ဆပ်ဆပးတာပေါ့ဗျာ

  6. ကိုယ့်နိုင်ငံကနေ ထွက်တဲ့ မီးကို ကိုယ့်ပြည်သူတွေကို မပေးပဲ၊သူများတိုင်းပြည်ကို ပေးတာ၊မတရားဘူး၊ ကိုယ့်ပြည်သူတွေကြတော့၊ထမင်း ငတ်အောင် ထားတဲ့၊ အစိုးရက ဘာအစိုးရလဲ၊၊မြန်မာ အစိုးရ ပဲ ရှိမယ်။ကိုယ့်နိုင်ငံကနေ ထွက်တဲ့ မီးကို၊ကိုယ်ပြည်သူတွေ၊ ၂၄ နာရီ၊ ရအောင် ပေးပါ။။ ၂၄ နာရီ မီးမရ မချင်း ဆက်လက် ဆန္ဒပြကြပါ။ အားပေးပါတယ်။။တရုတ် နိုင်ငံကို ရောင်းတဲ့ မီးကို အကုန်ပြန်ယူပြီး၊ ကိုယ့်ပြည်သူကိုမီး ၂၄နာရီ ရအောင် ပြန်ပေးပါ။ ….

  7.့ မြန်မာနိုင်ငံမှာ၊ရေအားလျှပ်စစ် ၁၄ ခုရှိတယ်ဆို။ အာစီယံမှာ ကြွားတုန်းက၊ ခုပြည်သူတွေ၊ မီးမရတော့ဘူး၊ ရေအားလျှပ်စစ် ၁၄ ခုက ဘယ်ရောက်နေလဲ။။

  8. မြန်မာပြည်မှာ ၊လျှပ်စစ်မီး အား သုံးလို့ မကုန်ဘူးဆို ၊ဝန်ကြီးရဲ့၊ ခု ပြည်သူတွေ ဆန္ဒပြနေကြပါပြီ။ဘယ်မှာလဲ သုံးလို့ မကုန်နိုင်တဲ့၊လျှပ်စစ်မီးက ။အခုပေးတော့လေ။

  9. To demostrators,
    It’s enough for expression. If you cry till die, but you will get it 3-4 years later. To built a power plant will take 3-4 years minimum. If you continue, your step-father will cut in and take power. We will be back to 1988.
    To Dear Mr. President,
    Please kindly handle this crisic as priority and sack the unqualify person in energy secter. In other country, the responsible person have their own diginity and resign by themself if they are unsuccessful.

  10. သုံးမကုန်လို့ရောင်းစားတာပါဆို၊ ဘယ်သူတွေအတွက်သုံးမကုန်တာလဲ။ ပြောရဲတာအံ့စရာ။
    ပြည်သူတွေ အတွက်တော့မလောက်ဘူးလေ၊ ရောင်းမစားဘဲပေးပေါ့။ ဘာလို့ဒီလောက်ခက်ခဲနေတာလဲ။

  11. Hello State Minister don’t be sell all of natural gas to China and Thailand and don’t look
    foreign money and you must look out our people to get the light for their living. And also
    you must consider to built Gas Power Plant around in our country

  12. ဆန္ဒပြတာလည်းပြကြပေါ့ဗျာ ဖယောင်းတိုင်းတွေလည်း သိပ်မသုံးကြနဲ့နော် ဖယောင်းတိုင်းတွေပေါများနေတယ်ဆိုပီး နိုင်ငံခြားတင်သွင်းဖို့လုပ်နေမှ ပိုဆိုးကုန်အုံးမယ်
    မှောင်ထဲရေးဝန်ကြီးဇော်ဖျင်းက ဒါပဲလုပ်နေတဲ့အကောင်မို့ သတိထားကြအုံး
    မြန်မာနိုင်ငံသားတွေကလည်း အယ်ဒီဆင် ကိုကျေးဇူးမတင်ရဘူး ဖယောင်းတိုင်လုပ်တဲ့သူတွေကိုပဲ ကျေးဇူးတင်ရမယ်နော်

Comments are closed.