ကဗျာ

ဒီလှိုင်းသံ

မောင်စွမ်းရည်
ဧပြီ ၂၇၊ ၂၀၁၂

“ဒီလှိုင်း” ဆိုတဲ့ ဒီလှိုင်း
ဘာလှိုင်းလဲများ
ဒီမိုကရေစီ ဒီရေလှိုင်းမို့
ဒီ – လှိုင်းတဲ့လား။

ဒီလှိုင်းရဲ့ကြွေးကြော်သံ
ခြိမ့်ညံလို့ ကြွေး
ဒီမိုကရေစီ ဒီရေမြင့်
မြှင့်ကြပါလေး။

ဒီလှိုင်းရဲ့ ဆင့်ခေါ်သံ
နာခံစို့ မောင်တို့မယ်တို့။
သွေးစည်းညီညီနဲ့
ဒီမိုကရေစီ ဒီရေလမ်း
လှမ်းကြပါစို့။

ဒီလှိုင်းတွေ အဆက်ဆက်
တက်လိုလာပြီ
ဗမာပြည်ရဲ့ ဒီသောင်ကမ်း
အမှိုက်တွေ သောင်ခြေရင်းမှာ
ရှင်းလိုက်ကြစမ်း။

လူငယ်နဲ့ လူကြီး
တူစီးတဲ့ ဒီလှေ
တက်စုံ ရွက်စုံနဲ့
လက်ကုန်အောင် အတူလှော်လို့
ရည်မျှော်ရာ ပန်းတိုင်းဆိုက်အောင်
အားစိုက်ကြဟေ့

လှော်လေတဲ့ လှော်လေ
ပျော်စေဖို့ တူညီရုန်း
ညီညာရန် ပြည်သာတုန်းပေးမို့
ဒီတခါညီညာကြုံးလို့ရယ်
ရုန်းလိုက်ကြအုံး။

လှိုင်းထူးလို့ လှိုင်းမူးသော်
လှိုင်းမြူးဆေးဖော်
မူးသူကို ၁ရူးအောင်မပြုနဲ့
ဆေးကုကြနော်
မြူးဆေးကိုဖျော်
မော်ဆေးကိုတိုက်
ပန်းတိုင်ကြည့်
ဒီမျက်စဉ်းနဲ့
အမြင်ရှင်းအောင် မျက်ကြည်ကု
“စု” နောက်ကလိုက် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts