မိုးမခကို ပေးတဲ့စာ

ပေါက်ဖော်ကြီးရဲ့စိုးရိမ်မှု (ပေးစာ)

ဝတ်မှုန် (စင်ကာပူ)
ဧပြီ ၂၇၊ ၂၀၁၂
ဗြိတိန်ဝန်ကြီးချုပ် ဒေဗစ်ကင်းမရွန်းရဲ့ SplitFire လေယာဉ်အစီး ၂၀ ပြန်လည်တူးဖော်မယ့်အစီအစဉ်အပေါ် အိမ်နီးချင်း တရုတ်နိုင်ငံမှ သ တိကြီးစွာစောင့်ကြည့်လျှက်ရှိသည်ဟု အတွင်းအဆက်အသွယ်များထံမှသိရသည်။ လေယာဉ်များ ဘယ်နေရာမှာ ဘယ်နှစ်စီးရှိနေတာ လဲ။ ပိုက်လိုင်းဆွဲမယ့်ဧရိယာ အနီးတ၀ိုက်လား။ အဲဒီလေယာဉ်ပြန်တူးဖို့ လာမယ့်အဖွဲ့က အရပ်ဖက်အဖွဲ့လား။ စစ်ဖက်အဖွဲ့လား။ ဘယ်လိုစ က်ပစ္စည်းမျိုးတွေ ယူလာမှာလဲ။ ဗမာနိုင်ငံတွင်း တရုတ်တို့ တိတ်တဆိတ်ဆောင်ရွက်နေသောလုပ်ရပ်များကို ထောက်လှမ်းနိုင်သော အဆင့် မြင့် ထောက်လှမ်းရေးကိရိယာများပါနိုင်သလား။ အဲဒီတူးဖော်မှုက ဘယ်နှစ်နှစ်ကြာမှာလဲ။ အဲဒီလို မထင်မှတ်တဲ့ အခြားအစီအစဉ်တွေ ဘယ်နှစ်ခုထပ်ရှိနိုင်သေးလဲ။ ဗမာပြည်ကို တရုတ်သြဇာအတွင်း လုံးလုံးလျားလျားကျရောက်သွားရေး ကြိုးပမ်းနေမှုများအပေါ် အဲဒီလေ ယာဉ်တူးဖော်အစီအစဉ်များက အနှောက်အယှက်ပေးနိုင်လား။ လတ်တလော ဗမာပြည်အတွင်း လူထုကြားမှာ တရုတ်နိုင်ငံအပေါ် အဆိုး မြင်မှုများ အားကြီးလာနိုင်သလား။ စတဲ့ မေးခွန်းများအပေါ် တရုတ်သံရုံးမှ ဗဟိုတရုတ်အစိုးရထံ စာတမ်းများပြုစုပြီး အမြန်တင်ရဖွယ်ရှိသည် ဟုကြားသိရပါသည်။ (ညောင်ဦးကမ်းပါးပြိုလို့ စံပနကူကနွားပေါင်ကျိုးတယ်ဆိုတာ ဒါမျိုးခေါ်တာထင်ပါရဲ့)

အထက်ပါသတင်းအရ မိုးမခအတွက် စာတိုတခုရေးလိုက်ပါသည်။

ကျွန်ုပ်ဘ၀တွင် CSM @ GF ကုမ္ပဏီသည် ၁၃ နှစ်တိုင်အောင် ကြီးစိုးခဲ့ပါသည်။ ထိုကုမ္ပဏီလက်အောက်မှ လွတ်မြောက်လာပြီးနောက် ထို ကုမ္ပဏီလက်အောက် ဘယ်တော့မှပြန်ရောက်တော့မည်မဟုတ်သော်လည်း၊ ထိုကုမဏီမှတဆင့်ရရှိခဲ့သော မိတ်ဆွေများ၊ လစာငွေများ၊ အတွေ့အကြုံများအတွက် ကျေးဇူးတင်ပါသည်။ အမြဲသတိရပါသည်။ ထိုကုမဏီဝန်ထမ်းသစ်၊ ၀န်ထမ်းဟောင်းများနှင့်တွေ့လျှင်လည်း ပိုမို ခင်မင်လေ့ရှိပါသည်။ ထိုသို့ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်သော Win Win situation များ ဖြစ်လာပါမည်။

အင်္ဂလိပ် နာကျည်းမှုများမှာ အတိတ်တွင်ကျန်ခဲ့ပြီဖြစ်သည်။ မြန်မာကိုနားအလည်ဆုံး အနောက်နိုင်ငံကိုရွေးရလျှင် အင်္ဂလိပ်ဖြစ်သည်။ အင်္ဂ လိပ်နှင့် အကျိုးတူစီးပွားများမလုပ်မဖြစ်ပါ။ မြန်မာကို အင်္ဂလိပ်ထက်ပိုနားလည်သောနိုင်ငံရွေးမည်ဆိုလျှင် တရုတ်၊ ထိုင်းနိုင်ငံများဖြစ်သည်။

မြန်မာ ၂ သိန်းခန့် ရွှေ့ပြောင်းနေထိုင်ခဲ့သောအမေရိကန်သည် မြန်မာ့ယဉ်ကျေးမှုကိုနားလည်လောက်ပြီ မျှော်လင့်ပါသည်။ အင်္ဂလိပ်ပြန် လာခြင်းကို ကြိုဆိုပါသည်။

စင်ကာပူအလုပ်လာလုပ်သော မြန်မာအမျိုးသမီးနှင့်လက်ထပ်ပြီး၊ ဆယ်ကျော်သက် သမီး ၂ ဦးဖြင့်၊ မြန်မာပြည်တွင် ပုဆိုး၊ ညှပ်ဖိနပ်စီးကာ နေထိုင်သော စင်ကာပူသူဌေးတဦးအား မိတ်ဆွေဖြစ်၊ တွေ့ရှိလေးစားမိပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အင်္ဂလိပ်ပါမောက္ခ ဇနီးဖြစ် သောကြောင့် သူမသည် ခေါင်းဆောင်မဖြစ်နိုင်၊ ဖြစ်နိုင်ဆိုသည်မှာ မြန်မာပြည် လွှတ်တော်ကသာဆုံးဖြက်ရန်ရှိပါသည်။ လွှတ်တော်တွင် ၆၀ ရာနှုန်းမှာ ကြံဖွံ့ပါတီနှင့် စစ်တပ်လူငယ်များဖြစ်ပြီး၊ မျိုးချစ် Nationalist များဦးဆောင်ကာ၊ နိုင်ငံအတွက် ပေးဆပ်လုပ်ကိုင်သူ၊ ပထမ မျိုးဆက် အစိုးရခေါင်းဆောင်များဖြင့် စင်ကာပူ၊ ကိုးရီးယား၊ တရုတ်နှင့် အမေရိကန် နိုင်ငံများ လူမျိုးကြီး၊ နိုင်ငံကြီးများ ဖြစ်လာကြောင်းကိုလည်း ထိုမြန်မာအမျိုးသမီးကိုလက်ထပ်ထားသော စင်ကာပူလူမျိုးက ပြောပြပါသည်။

• ပေါက်ဖေါ်ကြီးသည် မစိုးရိမ်ရန်
မြန်မာနိုင်ငံသည် ဥရောပမှ ဆွီဇာလန်ကဲ့သို့ ဘက်မလိုက်၊ ကြားနေအစစ်အမှန်ဖြစ်ပါက၊ အရှေ့အနောက်နိုင်ငံကြီးများ အန္ဒိယ၊ တရုတ်၊ အ မေရိကား၊ အင်္ဂလိပ်၊ အီးယူ၊ ဂျပန်၊ ကိုးရီးယား … ကမ္ဘာ့နိုင်ငံကြီးအားလုံး၏ ဗဟိုချက်မှာ နျူးကလီးယားမဲ့ဇုံအဖြစ် အာရှဆွဒ်ဇာလန်ကဲ့သို့ မြန်မာပြည် အလွန်စည်ပင်လာမည်ဖြစ်သည်။

အာဖရိကတိုက်တွင် တောင်အာဖရိကနောက်၊ ဒုတိယလိုက်သော ကွန်ဂိုနိုင်ငံသည် အလွန်သယံဇာတကြွယ်ဝပြီး၊ ယခင် ပြင်သစ်ကို လိုနီ ခေတ်က ထွန်းကားခဲ့ပါသည်။ သို့သော် အာဏာရှင်ကြီး မိုဘူတိုလက်ထက် နိုင်ငံအမည်ကို ဇိုင်ယာဟုပြောင်းပစ်လိုက်သည်။ ကမ္ဘာ့အ ဆင်းရဲဆုံးဘ၀ရောက်ခဲ့ပြီး၊ မိုဘူတိုအသိုင်းအ၀ိုင်းမှာ အလွန်ချမ်းသာခဲ့သည်။ ငွေစက္ကူကိုပင် ကပ်ဖားများက မိုဘူတိုပုံဖြင့်ထုတ်ဝေက အာ ဏာရှင်စနစ် တည်ထောင်ခဲ့သည်။ ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ပွဲများလုပ်ပြီး သူဌေးများ ပျော်စရာနိုင်ငံဖြစ်သော်လည်း၊ လူဦးရေ သန်း ၇၀ မှာ မွဲတေဆင်းရဲခဲ့သည်။ နှစ်ပေါင်း ၄၀ ကျော် ၁၉၉၈ တွင် မိုဘူတိုအား ၀ိုင်းဝန်းတိုက်ခိုက် ဖြုတ်ချပြီး မိုဘူတိုသေဆုံးသွားသည်။ အစိုးရသစ်က သယံဇာတကြွယ်ဝသောနိုင်ငံကို မူလအမည် ကွန်ဂိုဟုပြောင်းလဲပြီး၊ နိုင်ငံအသစ်တည်ဆောက်နေသည်မှာ ၁၀ နှစ်ကျော်သော်လည်း ခေါင်းဆောင်နှင့် ပြည်သူများ Attitude ပြောင်းရန်မလွယ်သောကြောင့် တိုင်းပြည်တည်ငြိမ်မှုမရှိသေးပါ။ မြန်မာလူမျိုး ဒေါက်တာဖေမြတ်ဝင်း နှင့် ဇနီးသည် (ဒေါက်တာ၊ စာရေးဆရာမ) မြနှောင်းညိုတို့ ဇိုင်ယာနိုင်ငံနှင့် အာဖရိက ကျေးလက်ဆရာဝန်အဖြစ် ၁၂ နှစ်ကြာ မှတ်တမ်းစာ အုပ်မှ သိရပါသည်။ မြန်မာပြည်တွင် ဆန်စားနိုင်သေး၏၊ သယံဇာတကြွယ်ဝလှသော ဇိုင်ယာနိုင်ငံတွင် သစ်ဥ၊ သစ်ဖုများကို စားနေရရှာ ကြောင်း၊ လူမျိုးစုတိုက်ပွဲများလည်း မြန်မာပြည်ကဲ့သို့ဖြစ်နေကြောင်း .. ဆရာမြတ်ဖေ၀င်း ရေးသားထားခဲ့သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြောင်းလဲမှုသည် ကွန်ဂိုနိုင်ငံလို တိုက်ခိုက်ပြီးမှ ပြောင်းလဲခြင်းမဟုတ်ပါ။ အာရပ်နိုင်ငံများလို အစိုးရပြုတ်ကျပြီး ပြောင်းလဲခြင်းလဲမဟုတ်ပါ။ ၂၀၀၇ သံယာအရေးခင်းနဲ့ နာဂစ်မုန်တိုင်းကြီးရဲ့ အကျိုးဆက်၊ ပြုပြင်ပြောင်းလဲခြင်း ဖြစ်ပေါ်လာခဲ့သည်။

မြန်မာခေါင်းဆောင်သစ်များအတွက် ဆုတောင်း၊ အားပေးရန် ပြည်သူများ၏ Attitude 100% သည် အလွန်အရေးကြီးလှပါကြောင်း…။ ပေါက်ဖော်ကြီး စိုးရိမ်စရာမရှိကြောင်းကို မြန်မာခေါင်းဆောင်သစ်များ ထက်မြက်သော ဉာဏ်ပညာနှင့် ဆောင်ရွက်ကြမည်ဟု အကောင်းမြင် မျှော်လင့်မိပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “ပေါက်ဖော်ကြီးရဲ့စိုးရိမ်မှု (ပေးစာ)
  1. Yes! Good advice from china!!

    UK and US should do like their advice.

    Use spyware materails in spitfire recovery and digging US war soldier remains to combat china spy works masked with developmental projects.

    Never trust military communists..

  2. It is Spitfire! Not Splitfire… I have seen a lot of errors here. Should improve, otherwise donation will be ceased.

  3. အေးလေ….အိမ်ဖော်က..ဟိုဘက်အိမ်ကသူဌေးနဲ့ ပေါင်းမိပြီိယင်တော့အိမ်ရှင်ကစိုးရိမ်တာပေါ့…
    တရုတ်ကအဲဒီလောက်ပဲသဘောထားတာကိုး….။

  4. yeaa,
    You are right? Chinsese are good at sucking burmese people blood! they has been sucking for almost 50 years now. What really chinese return to us?? just take take take,
    never return anythings, even they steal the human ( woman ) to do the slave waife?
    If they chinese is really good to us, Burma will be as good as Unan state?
    Everyone know about that? We are not going to urgue with you mate?? Be happy in your little world??

  5. လိမ်လိမ်တို့ချစ်တဲ့ အောင်လိမ်မြေတော်

    တခါတုန်းက လူလိမ်တစ်စု ရှိသဗျ။
    အချင်းချင်းလိမ်တာ၊ အနိုင်ကျင့်ကြတာတော့ မဆန်းလှဘူးပေါ့ဗျာ။
    အဲဒီထဲမှာ လူလိမ်ခေါင်းကြီးကတော့ အဆိုးဆုံးပေါ့။

    တစ်နေ့တော့ လူလိမ်ခေါင်းနဲ့ သူ့အုပ်စုထဲကလူလိမ်တချို့က သူတို့အဖွဲ့ထဲ
    နောက်ဆုံးရောက်လာတဲ့လူလိမ်ကို မရှုမလှမောင်းထုတ်ဖို့ ကြိုးစားနေကြသပေါ့။

    ဒါနဲ့ မဆိုင်သူတချို့က အမြင်မတော်လို့ ဘေးကနေဝင်ပြောပါလေရော။
    ဒီမှာတင် လူလိမ်ခေါင်းနဲ့ရံရွှေတော်တွေမှာ ပေါက်ကွဲကြသပေါ့ဗျာ။

    “သူက နောက်ဆုံးမှဝင်လာတဲ့ လူလိမ်ဗျ”
    “ဒီကောင် ကျုပ်တို့ကို လိမ်နေတာကြာပြီ၊ ဆက်လိမ်ခွင့် မပေးနိုင်တော့ဘူး”
    “ကျုပ်တို့အားလုံး လိမ်နေကြတာကြည့်စမ်း၊ ဘယ်လောက်ကောင်းလိုက်သလဲ၊
    ခုတော့ ဒီကောင်လာယှဉ်လိမ်တာကြောင့် ကျုပ်တို့မျက်နှာပျက်ရတော့မယ်”

    “ကျုပ်တို့က လိမ်တာကိုသာ ကိုးကွယ်ရာဗျ၊ ဒီကောင့်အလှည့်ကျမှ ညာတာသည်သာ
    ကိုးကွယ်ရာတဲ့ဗျား၊ ကောင်းကြသေးရဲ့လား”
    “သူ့ ကြည့်ပါလား၊ မဲမဲတူးတူးနဲ့၊ လိမ်မယ့်ရုပ်က အသိသာကြီး”
    “ခင်ဗျားတို့ သူ့ဆီက ဘယ်လောက်များရထားလို့ လာဝိုင်းလိမ်နေကြတာလဲ”

    ရှုမကောင်းမြင်မကောင်းနဲ့ တားလို့လည်းမရ၊ ရန်ပါအရှာခံရတော့ ဘေးလူတွေက
    ခေါင်းတခါခါ လည်တခါခါနဲ့ ပါးစပ်တွေဟပြီးပဲ ကြည့်နေကြတော့တယ်။

    လူလိမ်အစုထဲမှာလည်း ကိုယ့်ဖက်လှည့်လာမှာစိုးလို့ ခေါင်းကလေးတွေငုံ့ပြီး
    အချင်းချင်းပဲ လက်သိပ်ထိုး လိမ်နေသူများလည်း ရှိသပေါ့။

    ဘယ်လိုဖြစ်ဖြစ် လူလိမ်ခေါင်းတို့တတွေကတော့ လက်သီးလက်မောင်းတန်းပြီး
    အော်ဟစ်လိမ်နေကြဆဲ …..

    လိမ်ခြင်းများစွာဖြင့်၊
    လိမ်လိမ်

    http://www.mahnkoko.blogspot.com.au/2012/04/blog-post_28.html ကရယူပါတယ်.
    အားလုံးအားရပါးရလိမ်နိုင်ကြပါစေ.

  6. ၂၀၀၇ သံယာအရေးခင်းနဲ့ နာဂစ်မုန်တိုင်းကြီးရဲ့ အကျိုးဆက်၊ ပြုပြင်ပြောင်းလဲခြင်း ဖြစ်ပေါ်လာခဲ့သည်။
    the information above is totally incorrect. u need to study more on politic.

Comments are closed.