မျက်မှောက်ရေးရာ သတင်းပဒေသာ

ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိ (by-election)


မိုးမခအထောက်တော် အမှတ် ဝဝ၂
ဧပြီ ၁၊ ၂၀၁၂

 

ယနေ့ နံနက်ပိုင်းက ကော့မှူးမြို့တွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ -Getty Images)


NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမဲဆန္ဒနယ်တွင် အနိုင်ရရှိကြောင်း ရန်ကုန်မှလာသော သတင်းများက ဆိုသည်။

ရန်ကုန်အခြေစိုက် Eleven Media Group ၏ အင်တာနက်သတင်းစုစည်းမှုတွင်
“ကော့မှူးမြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံ စုစုပေါင်း ၃၀ လုံးတွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့ကြောင်း” ဖော်ပြထားသည်။

AP သတင်းတပုဒ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် မဲအများဆုံးရသည်ဟု NLD က ပြောဆိုကြောင်း ရေးထားသည်။

မဖြူဖြူသင်း၊ ကိုဖြိုးမင်းသိန်း စသည့် NLD ကိုယ်စားလှယ်လောင်းများလည်း အနိုင်ရကြသည်ဟု သိရသည်။

သို့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲအနိုင်အရှုံးစာရင်းများကို တရားဝင် ကြေညာခြင်း မရှိသေးပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိ (by-election)
  1. စေတနာမှန်ရင် မေတာရောင်ပြန်ဟပ်လိမ့်မယ်
    ရေပြည့်သောအိုး ဘောင်ဘင်မခတ်ပါ
    မိဘပြည်သူများရဲ့ ယုံကြည်မှု အားကိုးမှုအပေါ်
    NLD အနေနဲ့ လေးလေးစားစား ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လဲ
    ယုံကြည် မျှော်လင့်နေပါတယ်…
    လမ်းမှန်အတိုင်း မလျော့သောဇွဲ…ဖြောင့်မတ်သောခံယူချက်ဖြင့်
    ပြည်သူ့အကျိုး ဆထက်တစ်ပိုး ဆက်လက်ဆောင်ရွက်ပါရန် အားပေးတိုက်တွန်းလိုက်ပါတယ်။

  2. ၇၅ ရာခိုင်နှန်း ကို စစ်တပ်က ရယူတယ်။ကျန် ၂၅ ရာခိုင်နှန်းကို NLD အတွက် ချန်ပေးတာဖြစ်တယ်။ဘာဖြစ်လို့ လဲဆိုတော့၊မြန်မာကို(စစ်အစိုးရ)(သူတို့ )ကို စီးပွားရေး ပိတ်ဆို့ တာကို အခု ရွေးကောက်ပွဲနဲ့ လှဲလှယ်ချင်လို့ ဖြစ်တယ်။ရ၅ ရာခိုင်နှန်းကိုသူတို့ပိုင်ပြီလေ။ဘယ်လိုမှ စစ်တပ်ကို ကျော်လို့ ရမှာ မဟုတ်ဘူးဆိုတာ သူတို့သိတယ်။ ဒါကြောင့် ၂၀၁၀ လို့ မဟုတ်စေရပါဘူး ။မျှတရမယ်လို့  သူတို့ အာမခံရဲတာပေါ့။ ရ၅ ရာခိုင်နှန်းကျော်မှ ဥပဒေတွေပြင်လို့ ရတာကို။ဒါကြောင့် ၊ပိတ်ဆို့ မှုကို ချက်ချင်း မရုပ်သိမ်းပေးကြပဲ၊ NLD ကလိုချင်တဲ့ ၃ ခုထဲက ၃ ခု မဟုတ်ရင်တောင်မှ ၁ ခုဖြစ်တဲ့၊ ဥပဒေတွေ ကို အကုန်ပြင်နိုင်ပြီးမှ၊ ပိတ်ဆို့ မှုကို ရုပ်သိမ်းပေးစေလိုပါတယ်။

  3. အနာဂါတ် တွင် မည်သို့ ဖြစ်လာမည် မှန်းဆမရ နိုင်သေး စေဦးတော့ ၊
    ယခု အောင်ပွဲသည်ကား ပြည်သူလူထု ၏ ရင်ထဲမှ ဆန္ဒဖေါ်ထုတ်ခဲ့မူ အမှန်တရား ကို မသမာ နည်း ပေါင်းများစွာ ပြုကျင့်ခံကြရသည့် ကြားမှ ကမ္ဘာသိ ပြနိုင်ခဲ့လေပြီ .. .. သူတို့ လိုချင်သော ခေါင်းဆောင် နှင့် စေတနာ မှန် လုပ်ဆောင်ပေးမည့် ပြည်သူ့ဘက် အစဉ်ငဲ့ကြည့်ပေးမည့် အဖွဲ့အစည်းဆိုတာ ဘယ်လို မျိုးလည်း ဆိုတာ အကြောက်တရား ကြားမှ အသည်းမဲပြား ထုတ်ပြီး ကမ္ဘာ သိ တရားဝင် ကြေညာ နိုင်ခဲ့လေပြီ .. ..
    လက်ရှိအစိုးရ ထဲက လူကြီး လုပ်ပြီး မတရား အနိုင်ကျင့်လမ်းစဉ် ကိုင်စွဲနေကြသူတွေ .. .. ကျုပ်တို့ဟာ မဲအပြတ်အသတ်နဲ့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ပါဆိုပြီး လျှာအရိုးမရှိ အရှက်ကင်းမဲ့ စွာ တိုင်းပြည် ကို ဥပဒေမဲ့ ဒုက္ခပေး လာခဲ့ကြသူတွေ .. .. နောက်ထပ် အရှက် ကွဲမခံ ချင်ရင် ၊ လူကြီးလူကောင်းပီသပါပေတယ်လို့ လေးစား ခံချင်ရင် မပြောကြနဲ့တော့နော် .. .. အမှန်တရားနဲ့ ပြည်သူဘက်က ရဲရဲဝံ့ဝံ့ ရပ်တည် လုပ်ဆောင်ကြပေတော့ .. … ဟုတ်လား .. ..
    ဂုဏ်ယူပါတယ် .. .. အမေစု နဲ့ အားလုံးသော ပြည်သူတွေရဲ့ အောင်ပွဲအတွက် .. ..
    ရှေ့ တစ်ဆင့် ချင်း အောင်ပွဲတွေအတွက် ပြည်သူ တစ်ရပ်လုံး အတူလက်တွဲ ကြိုးစားသွားကြပါစို့ .. ..

  4. When will they announce, and why do they take so long to do it, maybe trying to do something like cheating again.hum..It is a shame that people express that much what they want and they still don’t recognize it….

  5. ဒေါ်အောင်ဆန်းစုကြည် လွတ်တော်ထဲမှာ ပြောဆိုနိင်ပြီဆို၇င် ပြည်သူ၇ဲ့ဆင်း၇ဲမူဒဏ် ကျန်းမာေ၇းထောက်အကူလစ်ဟင်းမူဒဏ် ပညာေ၇း စ၇ိတ်အခက်အခဲ စသည်များ တိုးတက်မည်ဟုမျော်လင့်ပါတယ်ဗျာ

Comments are closed.