ရသဆောင်းပါးစုံ

ဗိုလ်မင်းအောင်လှိုင်ရဲ့စကားယုံစားရင် အကုန်မှားလိမ့်မယ်

ရွှေပြည်စိုး
ဧပြီ ၁၊ ၂၀၁၂

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့စကားကိုယုံရင် အကုန်မှားသွားမယ့်အပြင် ငါးပါးမှောက်ရုံမက သံဃာစင်ပါမှောက်သွား ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်မင်းအောင်လှိုင်ရဲ့ ၆၇ နှစ်မြောက်တပ်မတော်နေ့မိန့်ခွန်းမှာ ဒီလိုပြောတဲ့အပြောမျိုးပြောလာတာ နှစ်ပေါင်း ၂၀ ကျော်လာပြီ။ ဒီနေ့ထိ အပြောနဲ့အလုပ် တခါမှညီတာ မတွေ့ခဲ့ရတာကြောင့်ဖြစ်တယ်။ သူ့ရဲ့တပ်မတော်နေ့မိန့်ခွန်းမှာ – မြန်မာ နိုင်ငံမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ တိုင်းပြည်တည်ငြိမ်ရေးအတွက်အရေးကြီးကြောင်း၊ မိမိအနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) မှာ “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စေါင့်ရှောက်ရန် အဓိကတာဝန်ရှိတယ်လို့ အတိအကျ ဖော်ပြတာဝန်ပေးအပ်ထားတာဖြစ်တယ်။ ဒါကြောင့် တို့တပ်မတော်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တည် ဆောက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်ရမှာဖြစ်ကြောင်း၊ တပ်မတော်ဟာ အတိတ် တုန်းကလိုပဲ နိုင်ငံရေးမှာ ဆက်ပါဝင်သွားမှာဖြစ်ကြောင်း” မိန့်ကြားသွားတာတွေ့ရပါတယ်။ (ဗွီအိုအေ၊ ၂၇၊ ၃၊ ၂၀၁၂)

အလားတူ သမတသိန်းစိန်ကလည်း ၆၅ နှစ်မြောက်ပြည်ထောင်စုနေ့မိန့်ခွန်းမှာ “စွမ်းအားပြည့်ဝတဲ့ ခေတ်မှီမျိုးချစ်တပ်မတော်ထူထောင် ရေး” ကို ပြောကြားသွားတယ်။ ဒါပေမဲ့ “တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်သွားမယ်” ဆိုတာ ထည့်မပြောဘူး။ ဒါတွေကိုကြည့်ရင် စစ်ဗိုလ်စစ်သားတွေဟာ စစ်စကားတွေပဲပြောတယ်။ သူတို့အာဏာတည်မြဲဖို့ပဲ အမြဲတမ်းကာကွယ်ပြီးပြောနေတယ်ဆိုတာ ထင်ရှားတယ်။
သူတို့ရဲ့မိန်ခွန်းတွေကိုကြည့်ရင် မစားရ၀ခမန်းလိလိ ဖြစ်နေတယ်။

ဗိုလ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းပါအချက်တွေကို တခုချင်းဆန်းစစ်ကြည့်ရင် ….
၁။ မြန်မာနိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ တိုင်းပြည်တည်ငြိမ်ရေးအတွက် အရေးကြီးတယ်တဲ့။ (၁) သူတို့စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်လာတာ နှစ်ပေါင်း ၂၀ ကျော်လာပြီ။ တိုင်းပြည်ဘယ်တုန်းကမှ မငြိမ်သက်ခဲ့ဘူး။ ခုသူပြောနေတဲ့အချိန်မှာပဲ နယ်စပ်တလျောက်ရှိ တိုင်းရင်းသားတွေနဲ့ စစ်တိုက်နေတုန်း။ တိုင်းရင်သားတွေကို ထိုးစစ်ဆင်နေတုန်းပဲ။ ပါးစပ်ကကြားကောင်းအောင် “ငြိမ်းချမ်းရးဆွေးနွေးပွဲ” လို့ပြောနေတာ လပေါင်းများစွာရှိနေပြီ။ ဘာတခုမှ မငြိမ်းချမ်သေးဘူး။ ခုချိန်ထိတိုက်နေတာ အားလုံးအသိပဲ။ ဒါဟာ သူ့အပြောနဲ့အလုပ် မညီဘူးဆိုတာ သက်သေပြတာဖြစ်တယ်။ သမတသိန်းစိန်က အပစ်ရပ်ဖို့အမိန့်ထုတ်တယ်။ ဒါပေမယ့် ဗိုလ်မင်းအောင်လှိုင်က သမတ အမိန့်ကို မနာခံဘူး။ ကရင်၊ ကချင်၊ ကရင်နီ၊ ရှမ်း …. စတဲ့တိုင်းရင်းသားတွေကိုထိုးစစ်ဆင်နေတာ ခုချိန်ထိပဲ။ အပစ်မရပ်ရုံမက ကချင်ပြည် နယ်မှာ ဓါတုဗေဒလက်နက်သုံးပြီးတိုက်နေတာတွေ့ရတယ်။ (ဒီဗွီဘီ ၊ရွှေဟသာင်္၊ ၂၂-၂၄၊ ၃၊ ၂၀၁၂) အဲဒီတော့ သူပြောတဲ့ “တိုင်းပြည်တည်ငြိမ် ရေးဆိုတာ ” “ကျည်ဆန်မပါ အသံသာပါတဲ့ သင်္ကြန်အမြောက်” မိန့်ခွန်းဖြစ်နေတယ်။ သူ့စကားဟာ ဘာမှအထင်ကြီးစရာမရှိ။

၂။ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ” ဆိုတာ NLD စတဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောတူညီမှုမပါဘဲ စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ တ ဘက်သတ်ရေးဆွဲထားတဲ့ဥပဒေဖြစ်ပြီး ကလိန်ကကျစ်နည်းနဲ့ အတည်ပြုယူခဲ့တာဖြစ်တယ်။ အလားတူ ၂၀၁၀ ရွေးကောက်ပွဲဟာလည်း မဲ လိမ်၊ မဲခိုး၊ ကြိုတင်မဲခိုးတဲ့ မသမာနည်းနဲ့ အနိုင်ယူထားတဲ့ ရွေးကောက်ပွဲဖြစ်တယ်။

၃။ “တပ်မတော်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်မယ်” ဆိုတဲ့အပြောမျိုးဟာလည်း ၁၉၈၈ က စပြီး နှစ်တိုင်းလိုလို ဒီလိုပဲ စကားလုံးပြောင်းပြောတာကလွဲလို့ ဘာမှ မထူးခြားဘူး။ ခေတ်မမှီ မဖွံ့ဖြိုး၊ မတိုးတက်တဲ့အပြင် တနှစ်ထက် တနှစ်ဆုတ်ယုတ်လာခဲ့တာ ကမ္ဘာ့အောက်ဆုံးအဆင့်ရောက်နေပြီ။ နိုင်ငံတကာကိုပေးဆပ်ရမယ့်ကြွေးတွေကလည်း ခေါင်ခိုက်နေပြီ။ ဒီအ ကြွေးနဲ့ပတ်သက်ပြီး ကဗျာဆရာ တက္ကသိုလ်ဘုန်းကြွယ် ဖေဖေါ်ဝါရီ ၅၊ ၂၀၁၂ ရက်က အီးမေးလ်မှတဆင့်ပေးပို့တဲ့ ကဗျာ တပုဒ်မှာ “အကြွေးသူဌေး မြန်မာနိုင်ငံ”လို့တင်စားထားသလို ၈၈ နောက်ပိုင်းမှာ အကြွေးသန်းပေါင်း ၂၆၁၄.၉၅၀ ဒေါ်လာတင်ရှိနေကြောင်း ဖေါ်ပြ ထားတယ်။

ဖေဖေါ်ဝါရီလ ၂၊ ၂၀၁၂ ထုတ် ဧရာဝတီသတင်းမှာလည်း မြန်မာနိုင်ငံပေးဆပ်ရမယ့်အကြွေးဒေါ်လာ စုစုပေါင်း ၁၁ ဘီလီယံကျော် (ဒေါ်လာ သန်းပေါင်း ၁၁၀၂၃.၂၉၈ ) ရှိကြောင်း၊ ၎င်းအနက် ၁၉၈၈ နောက်ပိုင်း (န၀တ၊ နအဖ ခေတ်) ပေးဆပ်ရမယ့်ကြွေးပေါင်းမျာ ဒေါ်လာသန်းပေါင်း ၂၆၁၄.၉၅၀ သန်းဖြစ်ကြောင်း ဖေါ်ပြထားတယ်။

သမတသိန်းစိန်၊ ဗိုလ်မင်းအောင်လှိုင်ပါဝင်တဲ့ န၀တ၊ နအဖ စစ်အစိုးရခေတ်မှာ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ဓါတ်သတ္ထု၊ ကျောက်မျက်ရတနာ၊ ရေအားလျှပ်စစ်ဓါတ်အားနဲ့ သစ်တောထွက် …. စတဲ့ သယံဇာတတွေ အလျှံပါယ်ထွက်ရှိရောင်းချနေရပါလျက်နဲ့ အကြွေးဒေါ်လာသန်းပေါင်း ၂၆၁၄.၉၅၀ သန်း ကြွေးတင်နေတယ်ဆိုတော့ အံ့သြစရာဖြစ်နေသလို ဒီလောက်ကြွေးတင်နေမှတော့ သမတသိန်းစိန်နဲ့ ဗိုလ်မင်းအောင် လှိုင်တို့ပြောသလို ဘယ်လိုခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ဖြစ်လာမှာလဲ။ သူတို့လို စစ်ဗိုလ်၊ စစ်ဗိုလ်လူထွက်တွေကြီးစိုးချယ်လှယ်နေသမျှကာလပတ်လုံး မြန်မာနိုင်ငံဟာ ဘယ်တော့ဖွံ့ဖြိုးတိုးတက်တဲ့ခေတ်မီနိုင်ငံဖြစ်မလာနိုင်တဲ့အပြင် ဘယ်တော့မှလည်း ဒီမိုကရေစီနိုင်ငံဖြစ် လာမှာမဟုတ်ဘူးလို့ ရဲရဲကြီးပြောရဲတယ်။

ခုလိုသယံဇာတ အလွန်ပေါများကြွယ်ဝစွာထွက်ရှိရောင်းရတဲ့နိုင်ငံဟာ ဆင်းရဲမွဲတေပြီး အကြွေးသူဌေးနိုင်ငံဖြစ်လာရတဲ့အကြောင်းရင်းတွေ ထဲက အထင်ရှားဆုံးသာဓကတခုမှာ – သမတသိန်းစိန်၊ ဗိုလ်မင်းအောင်လှိုင်တို့ပါဝင်တဲ့ န၀တ၊ နအဖစစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်တွေနဲ့ ရာ ပေါင်းများစွာသော အပေါင်းပါတို့ဟာထွက်ရှိတဲ့ သယံဇာတပစ္စည်းရောင်းရငွေတွေကို တိုင်းသူပြည်သားတွေမသိအောင် နည်းမျိုးစုံနဲ့ နိုင်ငံ ခြားဘဏ်ပေါင်းများစွာမှာ လျှို့ဝှက်အပ်နှံထားကြခြင်းကြောင့် ဖြစ်တယ်။ န၀တ၊ နအဖ ဥက္ကဌမိသားစုနဲ့တကွ အလိုတူအလိုပါ ရာပေါင်းများ
စွာတို့ဟာ နိုင်ငံတော်ရဲ့ဘဏ္ဍာတော်တွေကို နိုင်ငံခြားဘဏ်ပေါင်းများစွာမှာအပ်နှံထားကြတဲ့ စာရင်းအချို့ကို အောက်ပါ Website တွေမှာ တွေ့ရင် သယံဇာတပေါများကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ ဘာကြာင့် အကြွေးသူဌေးမြန်မာနိုင်ငံဖြစ်ရသလဲဆိုတာ ထင်ထင်ရှားရှားတွေ့ ရပါလိမ့်မယ်။ ကြည့်ကြပါ။
၁။ Reserve Bank of Australia, 2008 -10-22 (ဗိုလ်ချုပ်သန်းရွှေမိသားစုအပါအ၀င် ၄၆၃ ဦး) www.rba.gov.au/media Releases/2008/mr_08_23-_annex.html.
၂။ Bank of England NewEra-2009-3-23. (ဗိုလ်ချုပ်သန်းရွှေမိသားစုအပါအ၀င် ၅၁၅ ဦး)
၃။ European Union Bank, Meomaka, 2009-8-15 (ဗိုလ်ချုပ်သန်းရွှေမိသားစုအပါအ၀င် ၅၂၉ ဦး)
၎။ Bank of Canada, www.Canada Burma.org (ဗိုလ်ချုပ်သန်းရွှေမိသားစုအပါအ၀င် ၄၀ ဦး)
၅။ Overseas Chinese Banking Corporation (OCBC) and DBS Group (RFA,VOA,DVB,Mizzima.Irrawaddy, 2009-Sept-10)

ဒါ့အပြင် မြစ်ဆုံစီမံကိန်းနဲ့ပါတ်သက်လို့ ဗိုလ်သန်းရွှေနဲ့ဗိုလ်တင်အောင်မြင့်ဦးတို့ကို ဒေါ်လာ ၅ ဘီလီယံ (သန်းပေါင်း – ၅၀၀၀) တရုတ်ကုမ္ပဏီ (CPI) မှပေးခဲ့ကြောင်း၊ ထိုငွေထဲမှအချို့ကို နေပြည်တော်ဆောက်လုပ်ရေးလုပ်ငန်းတွင်သုံးပြီး ကျန်ငွေများဘယ်မှာရှိမည်ကို ထိုသူနှစ်ဦးမှ တပါး မည်သူမှမသိရကြောင်း (အောက်တိုဘာ ၆၊ ၂၀၁၁) ထုတ်ဝေသည့် ဧရာဝတီသတင်းမှာတွေ့ရတယ်။ အဲဒီကျန်ငွေအားလုံးမှာ ဗိုလ် သန်းရွှေနဲ့ ဗိုလ်တင်အောင်မြင့်ဦးတို့၏အိတ်ထဲရောက်သွားပြီဆိုတာ ထင်ရှားနေပါတယ်။

ဖော်ပြပါ website စာရင်းဟာ အချို့သာဖြစ်တယ်။ မသိလိုက်တာတွေ ရှိနိုင်ပါသေးတယ်။ အထက်ဖော်ပြပြီးတဲ့ စာရင်းတွေကိုကြည့်ရင် ရာပေါင်းများစွာသော စစ်ဗိုလ်ချုပ်တွေနဲ့အပေါင်းပါတို့ဟာ နည်းမျိုးစုံနဲ့ ခိုးဝှက်နေမှတော့ ဒီနိုင်ငံဟာ ကြွေးမတင်ပဲနေနိုင်ပါတော့မလား။ ဒါ တွေကိုကြည့်ရင် နိုင်ငံမွဲလေ၊ ကြွေးတင်လေ၊ စစ်အစိုးရဗိုလ်ချုပ်တွေ ချမ်းသာကြွယ်ဝလေပါပဲ။

စစ်တပ်ဆိုတာ နိုင်ငံကာကွယ်ရေးအတွက်ပဲဖြစ်ရမယ်။ နိုင်ငံရေးပါတီများက နိုင်ငံကိုအုပ်ချုပ်ရမယ်။ ဘယ်နိုင်ငံမှာကြည့်ကြည့် ဒီအတိုင်းပါပဲ။ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်ပါလာတဲ့တိုင်းပြည်ဟာ အဖတ်ဆယ်မရအောင် ပျက်စီးတာပဲ။ အလားတူမြန်မာနိုင်ငံဟာလဲ ဒီအတိုင်းပါပဲ။

ဒါ့ကြောင့် မြန်မာနိုင်ငံမှာ စစ်ဗိုလ်၊ စစ်ဗိုလ်လူထွက်တွေ (သို့) အာဏာရှင်တွေကြီးစိုးနေသမျှ ကာလပတ်လုံး ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီနိုင်ငံဖြစ်လာမှာမဟုတ်သလို ဘယ်တော့မှလည်း ခေတ်မှီဒီမိုကရေစီ နိုင်ငံဖြစ်လာမှာမဟုတ်ကြောင်းတင်ပြအပ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

18 thoughts on “ဗိုလ်မင်းအောင်လှိုင်ရဲ့စကားယုံစားရင် အကုန်မှားလိမ့်မယ်
  1. Since the Myanmar military took power (since 1962) highly and medium ranked military officers became the most richest men in Myanmar , people became poorer and the country became one of the poorest countries.Tatt madaw is responsible for every consequences happened in our country because of their lack of education, mismanagement, corruptions , thefts,robberies and rape cases that they have committed. Every military department in every country has a primary duty that is to defend people and land of their own, not to defend the constitution. A constitution can be replaced with a better one or it can be made changes by amendments in accordance with the needs of people. This is the duty of politicians who were elected as the representatives of people. It is not the duty of armed forces.We the people should decide whether we need to change the constitution or not. Tattmadaw ‘s duty is TO DEFEND PEOPLE AND OUR MOTHER LAND. DONT involve in the political affairs that the military persons don’t understand. Min Aung Hlaing, you need to open up your eyes and ears and look back into our past history. Our country once was the most richest country in southeast Asia and after the fifty years of Tattmadaw’s ruling the country became one of the poorest countries of the world.Oh my god I don’t know why do we have such a chief of military who cannot think properly and reasonably.

  2. Yes,what Shwe Pyi Soe has written is true. New Government = Generals =Than Shwe and his associates = Ali Ba Ba ‘s Grand Father = Thieves = Generals. So this is the Equation of Burma Generals and their Wealthiness in Billion Dollars in Overseas Banks.
    The Country = Debt. (11) Billion Dollars = Poverty (Poor) = Beggars. No money,so, we people or civilian becomes poor and poor ,and even Graduates have to work in Foreign country,as odd job,servants,Aitoepagaysan,and some even sex workers. We are not dare enough to shout that “Our country have full of National Resources, Those National Resources were finihed and occupied by those thieves Generals of Burma,already. So who will cure the dying patients(Country),now. Who will save us.Please think carefully.

  3. တပ်မတော်သည်နိုင်ငံ၏ပြည်ပရန်ကိုတွန်ုးလှန်ဘို့ အစဉ်အသင့်ဖြစ်နေအောင်လေ့ကျင့်ပျိုးထောင်ထားရမှာပါ။
    နိုင်ငံရေးကိုစနစ်တကျလေ့လာထားတဲ့ ပညာရှင်တွေက နိုင်ငံရေကိုလုပ်ကြရမှာပါ။
    ပြည်သူလူထုလက်ထဲတွင်သာနိုင်ငံ၏အာဏာရှိရမှာပါ။ အဲဒါ အခြေခံကျင့်စဉ်ပါ။
    တပ်မတော်သာအမိ၊ အဘလုပ်လိုက်တဲ့အချိန်ကစပြီးတိုင်းပြည်မငြိမ်မသက်ဖြစ်နေတာ ၁၉၆၂ မတ်လ ၂ ရက်နေ့ ကစခဲ့တာ ယနေ့ အထိတိုင်ပါဘဲ။ ဒါကိုလဲတတိုင်းပြည်လုံးကသိနေတာမို့ ဗိုလ်မင်းအောင်လှိုင်ပြောသမျှကို၎င်း၊ သူ့ မတိုင်ခင်က စစ်အာဏာရှင်တွေပြောခဲ့သမျှ သည်၎င်း၊ ရှေ့ နောက်မညီ၊ ခေတ်နဲ့ မညီဖြစ်နေပြီး ရှေ့ ကဖုန်းနောက်ကပေါ် ဖြစ်နေတာကိုလဲ တတိုင်းပြည်လုံး၊ တကမ္ဘာလုံးကသိနေတာပါ။ သူတို့ လည်းသိပါတယ်၊ သူတို့ မတရား လုယူခိုးဝှက်ထားတာတွေ တိုင်းသူပြည်သားတွေအပေါ်မတရားဖိနိပ်ငြင်းပမ်းဒုက္ခပေးခဲ့တာ တွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ကာလမို့ ဒီလို ဘဲအရှက်မရှိပြောနေရတာပါ။ သူတို့ လုပ်ရကမှာက သူတို့ မတရားလုပ်ထားတာတွေ မှန်သမျှကို ချပြပြီး တိုင်းသူပြည်သားတွေကိုတောင်းပန်ပြီး တိုင်းပြည်မှာမတင်သင့်ဘဲတင်နေတဲ့အကြွေးတွေကိုသူတို့ ပြန်ဆပ်ကြရမှာပါ။ မြန်မာပြည်သားတွေဟာခွင့်လွတ်တတ်သူတွေမို့ သူတို့ အဲလိုဝန်ချတောင်းပန်ရင်ခွင့်လွတ်မှာပါ။

  4. အကြွင်းမဲ့မှန်၏- ထို့ ကြောင့်အကြွင်းမဲ့ထောက်ခံ၏။

  5. What is the status of the money in Swiss accounts and properties in U.K those stolen by Nay Win? Those also should consider “properties of Burma and Burmese people”.

  6. မြန်မာ့နိုင်ငံရေးမှာ ဗကပနဲ့ တိုင်းရင်းသားသူပုန် ကြောင့်စစ်တပ်ဟာရှေ့တန်းေ၇ာက်လာခဲ့တာ ဒါတွေမရှိ၇င် နောက်ေ၇ာက်သွားမှာပါ

    1. ဗကဗကိုတော့ ၀ါဒရေးရာကြောင့်ရယ် တရုတ်ကြီးကြောင့်ရယ်မို့လို့ ဘာမှမပြောလိုပါဘူး။
      တိုင်းရင်းသားသူပုန် (ခေါ်) တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ မျိုးယုတ်တပ်မတော်ရယ် ကိုယ်ကျိုးဘဲကြည့်ကြတဲ့ ဗမာ့မျိုးယုတ်နိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်တွေကြောင့်ပေါ်လာရတာပါ။ သူ့ဟာသူ အားအားယားယား ထမင်းအငတ်ခံ အသေခံပြီး ထတော်လှန်ပုန်ကန်နေကြတာ မဟုတ်ပါဘူး။ ပုန်ကန်တယ်ဆိုတာ ဖိနှိပ်မှုတွေ ဖိနှိပ်သူတွေရှိနေလို့ပါ မညီမျှမှုတွေရှိနေလို့ပါ ..အဲဒီမညီမျှမှုတွေကို စားပွဲပေါ်မှာဖြေရှင်းလို့မရအောင် လက်နက်အားကိုးနဲ့ အနိုင်ကျင့်မှုတွေရှိနေသေးလို့ပါဘဲ။ ကိုယ်အသုံးမကျတာကို ဆင်ခြင်ဖို့မစဉ်းစားဘူး သူတို့ကြောင့်လို့ဘဲ လက်ညှိးလိုက်ထိုးနေလို့ကတော့ ကိုယ်ညံ့နေတာရယ်နဲ့ ကိုယ့်စိတ်ဓာတ်အဆင့်အတန်းတွေကို ထပ်တလဲလဲဖော်ပြနေတာပါ။

  7. ရွှေပြည်စိုး ဝေဘန်ရေးသားပြသည့်အတိုင်း သဘောတူပါတယ်။ သူတို့က ပြောထားပြီးပြီလေ နောက် ပြန် မလှည့်ဘူးတဲ့ (ရှေ့ဆက်သွားမယ်၊ ဒီမိုကရေစီအတိုင်း မသွားဘူးဆိုတာ မပြောပဲ သိရမယ်လေ)။ ကဲ-ဒါ-ထား လိုက်ပါတော့။ ဒီနေရာမှာ ရွှေပြည်စိုးကို အကြံပြုချင်တာက ” ငါးပါး မှောက်” ဆိုတဲ့ စကားဟာ “သံဃာ ငါးပါး” ကို ရည်စူးပြောတာ မဟုတ်ဘူး “တိရစ္ဆာန်”ကို ရည်စူးပြောတာ ဖြစ်ပါတယ်။ ငါးပါး (ရူပက္ခန္ဓာ၊ဝေဒန က္ခန္ဓာ၊သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊၀ိညာဏက္ခန္ဓာ) ဖြောင့်တာ “လူ” ။ ငါးပါး (ရူပ xxx လ xxx ဏက္ခန္ဓာ) မှောက်တာ “တိရစ္ဆာန်” လို့ အဓိပ္ပါယ် ဆောင်ပါတယ်။ ငါးပါး (ခန္ဓာကိုယ်) ဖြောင့်မတ်သလို စိတ်ကလည်း (သဘာဝအတိုင်း)ဖြောင့်ရမယ်။ စိတ်မဖြောင့်တဲ့သူကို လူ့တိရစ္ဆာန်လို့ (ရှေးလူကြီးများက) သတ်မှတ်ပါတယ်။ အဲဒါကြောင့် ငါးပါးဖြောင့်တာ လူ၊ ငါးပါးမှောက်တာ တိရစ္ဆာန် မှတ်ပါ။ လူမိုက်တိရစ္ဆာန် နိဗ်ဗန်(ငြိမ်းချမ်းရေး)စကား အလွန်ခါး၏။

  8. ဗိုလ်ချုပ်အောင်ဆန်း ကပြည်သူချစ်သောမျိုးချစ်တပ်မတော်ကို တည်ထောင်ဖွဲ့စည်းခဲ့သူ၊ တိုင်းပြည်ကိုဆင်းရဲတွင်းထဲကကယ်တင် ခဲ့သူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သူ အမျိုးသားခေါင်းဆောင်ပါ။
    တပ်မတော်ကိုပြည်သူကရွံရှာအောင်ဖျက်ဆီးခဲ့သူ၊ တိုင်းပြည်ကိုအဆင်းရဲဆုံးနိုင်ငံတခုအဖြစ်ရောက် အောင်အခုလိုကြွေးတွေပိနေအောင်လုပ်ခဲ့သူ၊ အဲဒီလိုတိုင်းပြည်ကိုဆင်းရဲ နေတဲ့ကြားက သူတို့က တော့မတရားချမ်းသာကြွယ်ဝအောင်ကိုယ်ကျိုးစီးပွားရှာခဲ့သူတွေနဲ့ ယှဉ်တွဲဖော် ပြတဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့စကားကိုမယုံစားပါ။

  9. ဆောင်းပါးရှင်ရဲ့ အာဘော် နဲ့ Aung Koe ရဲ့မှတ်ချက် တို့ကို အကြွင်းမဲ့ လေးစားစွာ ထောက်ခံပါတယ်။

    စစ်သားတို့ကပြည်ပရန် ကိုကာကွယ်ပါ။ အသိပညာရှင်၊အတတ်ပညာရှင် တို့က အဖက်ဖက်တွင် ချွတ်ချုံကျအောင်ဖျက်ဆီးခြင်းခံထားရတဲ့ တိုင်းပြည်နှင့်လူမျိုးကို ကယ်တင်ပေးကြပါ။ ဦးဆောင်လမ်းညွှန်မှုပြုပေးကြပါ။

    ဆယ်စုနှစ်ပေါင်းများစွာ ရည်ရွယ်ချက်ဖြင့်ဖျက်ဆီးခဲ့ သော စိတ်ဓါတ် ကို ပြန်လည်ပြုပြင်ပေးကြပါ။ အားလုံးက တက်ညီလက်ညီ ကူညီကြပါ။

  10. RHINO+IGUANA(yellow monitor)=tatmataw ,you may see these are all animals.Is it right! .According to this formular ,i agree with shwe pyi soe & u aw ba tha.

  11. ကိုယ့်ကိုကိုယ်အထင်ကြီးမနေနဲ့.အမိန့်ပေးတာနဲအမှားအမှန်မခွဲခြားတတ်ပညာမတတ်တဲ့စစ်သားကပစ်မှာပဲ သေနတ်အားကိုးနဲ့စစ်တပ်အုပ်ချူပ်တာလူတိုင်းလုပ်တတ်တယ်လက်နပ်မ၇ှိတဲ့လူကိုပစ်တာတော့သ၇ဲဘောင်္ကြောင်လွန်းတယ်စစ်တပ်ကလုပ်ချင်တာလုပ်လို့၇တယ်ဘယ်သူမှဝင်မစွတ်နဲ့ဆိုတာတော့လက်မခံဘူးကွစစ်တပ်အုပ်ချှုပ်တာလဲလက်မခံဘူး၇ှက်တတ်တယ်ဆို၇င်ဖွဲ့စည်းပုံဥပဒေမြန်မြန်သာပြင်သမိုင်းတွင်ကျန်မှာ သန်းေ၇ွှကိုကြည့်သူတောင်းစားသေခါနီးဘု၇ားပဲထိုင်၇ှစ်ခိုးနေတာနေ၀င်းလိုသေမဲ့ကောင်

  12. ဗိုလ်ချုပ်ပြောဘူးပါတယ်..ဥပဒေကပြည်သူကရေးတာတဲ့လေ.မဟုတ်ဘူးဗိုလ်ချုပ်ရေ.မြန်မာပြည်မှာကဖွတ်ကရေးတာပါ..ဦးနောက်မရှိတဲ့ဖွတ်အစုပ်က ရေးတာပါ.

Comments are closed.