မှတ်စုမှတ်တမ်း

ရှင်မဖြူကျွန်းရယ်၊ Shahpuri (Shapooree) Island and St. Martin Island များကို ရှေးမြေပုံများအရတင်ပြခြင်း

မွန်ဦးမြေ
မတ်လ ၂၃၊ ၂၀၁၂

အထက်ပါကျွန်းများအကြောင်းနှင့် ပိုင်ဆိုင်မှုများအကြောင်းကို ဆရာငြိမ်းချမ်းအေးက – စိန့်မာတင်၊ ရှင်မဖြူနဲ့  အင်္ဂလိပ်-မြန်မာ ပထမစစ် – အကြောင်းကို အများစိတ်ဝင်စားပြီး မှတ်သားဘွယ်ကောင်းတဲ့စာစောင်ကို ဖတ်ရပါတယ်။ ယခုစာစီနေတဲ့အချိန်အထိ မှတ်ချက်ပေါင်း ၃၇ ခုအထိဆွေးနွေးကြတာကိုကြည့်ပြီး အများစိတ်ဝင်စားတာရယ်၊ ဆရာကိုယ်တိုင် စိတ်ရှည်လက်ရှည်ရှင်းပြထားတာတွေကို အထူးကျေးဇူး တင်မိပါတယ်။ ကျနော်ကိုယ်တိုင်က သမိုင်းဆရာလည်းမဟုတ် စာရေးဆရာလည်းမဟုတ်ပေမဲ့၊ ရှေးမြေပုံတစ်ချပ်နှင့် စာအုပ်တစ်အုပ် ကြောင့် အထက်ပါကျွန်းများအကြောင်းကို ကျတော်နားလည်သလို အားဖြည့်ကူညီလိုပါသည်။

ပထမဦးဆုံး ကျနော့်မှာရှိသော မြေပုံအညွှန်းမှာ အောက်ပါအတိုင်းရေးထားပါသည်။

အထက်ပါစာအရ ၁၈၅၇ လန်ဒန်မြို့မှထုပ်ဝေခဲ့ပါသည်။ ဌင်းမြေပုံမှ စိန့်မာတင်ကျွန်းနေရာကိုကွက်ပြီးကူးယူ ဖေါ်ပြပါသည်။ အောက်ပါပုံ ကိုကြည့်ပါ၊ စက်ဝိုင်းအနီပြထားသောနေရာတွင်းမှာ St. Martin Is. ဆိုသောကျွန်းမှာ (မြစ်ကို အလယ်ခေါင်မှပိုင်းလျှင်) မြန်မာပြည်ဘက် မှာမပါပါ။ ၎င်းစိန့်မာတင်ကျွန်းအထက်နားက Shapooree I. ဆိုသည်မှာ ယခုစာလုံးပေါင်းအရ Shahpuri ကျွန်းဖြစ်နေပါသည်။ တကယ်ကြ တော့ ၎င်းကို ကျွန်းလို့လည်းခေါ်နိုင်ပါသည်။ ရေကျော်ကလေးဖြစ်နေသောကြောင့် ကျွန်းစွယ်လို့ခေါ်လျှင် ပိုမှန်နိုင်ပါသည်။ ၎င်းကျွန်းစွယ် ကလေးမှာလည်း မြစ်၏အနောက်ဖက်ကမ်းမှာရှိနေတာကြောင့် မြန်မာမပိုင်ပါ။

ပုံ (၁)

အထက်ပါမြေပုံအရ St. Martin Island နှင့် Shahpuri Island ဟာမတူသောကျွန်းနှစ်ခုဖြစ်နေပြီး မြန်မာဘက်ကမ်းမှာမပါပါ။ တဖန် နတ် မောက်ဘုန်းကျော်ပြုစုသည့် – အင်္ဂလိပ်-မြန်မာစစ်သမိုင်း- ၁၉၆၆ ပုံနှိပ်ခြင်း၊ စာမျက်နှာ ၂၅ ၊ အချပ်ပို ပုံအရ၊ ရှင်မဖြူကျွန်းဆိုသည်မှာ စိန့် မာတင်ကျွန်း၏နေရာမှာဖြစ်နေပါသည်။ အောက်ပါပုံကိုကြည့်ပါ။ စက်ဝိုင်းအနီထဲမှာပြထားပါသည်။ (ပုံ၏ အောက်ခြေရှင်းလင်းချက်မှာ၊ ၊ ပထမစစ်ပွဲအတွင်း အင်္ဂလိပ်-မြန်မာ ချီတက်ရာလမ်းကြောင်းနှင့်ယင်းတို့ တွေ့ဆုံရာဒေသများ။)

နိဂုံးနေနဲ့ ကျနော်မှတ်ချက်ပေးလိုသည်မှာ …
(၁) St. Martin Island နှင့် Shahpuri Island ဟာမတူသော ကျွန်းနှစ်ခုဖြစ်နေပြီး မြန်မာဘက်ကမ်းမှာမပါပါ။
(၂) St. Martin Island နှင့် ရှင်မဖြူကျွန်းသည် အတူတူဖြစ်ပါသည်။

အထက်ပါ မြေပုံများကိုကြည့်၍ ကောက်ချက်ချခြင်းဖြစ်ပါသည်။ ထို့ထက်ပိုပြီးတိကျသောအထောက်အထားများရှိပါက ၀မ်းသာကြိုဆိုလျှက် ကျနော်ကိုပြင်ပေးပါခင်ဗျား။

ပုံ (၂)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

11 thoughts on “ရှင်မဖြူကျွန်းရယ်၊ Shahpuri (Shapooree) Island and St. Martin Island များကို ရှေးမြေပုံများအရတင်ပြခြင်း
  1. According to maps presented , 1857 English map is more reliable ; more precise and more detailed and much more senior.

    Maybe these are two different islands closely exit .

    But , the fact (because these locate behind the Naf river ) doesn’t mean that these were not belonged to Rakhine’s (Arakan’s) or Bamar’s long time before.

    Maybe “not” , maybe “yes”. Some said “evidence”, some said “no”.

    Problem is now- officially, internationally,permanently – to be “not” for forever since March 14, 2012. ( Islands and their associated background vast /enormous sea area with natural resources)

    If Junta would have not brought to international court(should cleverly have settled under table methods), there may be still room for hope to recover in future ; now almost hopeless unless war with Rohinger’s father occurs.

    Junta emphasizes the gas dollar in short-sighted outlook , not for potential sovereignty of loss territory for long run.

    Anyway , this is prize of war loser. (English is winner , so things become to be as they wish).

    Serious lessons from history for future Burma patriotic generations..

  2. Japan still not surrenders their loss Islands to Russia during World War Two ; still demands Russia to return back these Islands; both can not yet write down peace agreement until now since the end of World War Two.

    Another example is Argentina’s demanding for Falkland Island until today even though they lost War with UK.

    Compare with Junta’s dollar patriotism ..

  3. First Anglo-Burmese war broke out in 1824 and Myanmar lost some teritories including St. Martin Island (Shin Ma Phyu Kyun) to British. The map cited above was printed in 1857 (33 years after the first war and 5 years after the second war.) Shin Ma Phyu Kyun was the original name. It was re-named by Brithsh to St. Martin later. The map was drawn by the British for their own interest and obviously, these islands belong to Myanmar.

  4. Ko Mon Oo Myay, we get one more valuable historical fact. Please, read this book”Arakan and the first Anglo-Burmese War” page 28 and page 32 map. You can get another dimension of “Shin Ma Phyu Island” is St. Martin Island or Shahpuri Island. Kindly, I also not historical professional…I just facts finder….

  5.့ မြစ်ကိုဘယ်လိုအလယ်ကပိုင်းတာလဲ၊မြေပုံကြည်.ပြီးတော.လည်းအတင်းဘဲမြန်မာဘက်မှာမပါဘူးပြောနေတယ်။မြေပုံကြည်.တော.
    လည်းမြန်မာဘက်မှာမပါဘူးဆိုတာလည်းဘာကိုပိုင်းပြီးပြောနေမှန်းလည်းမသိဘူး။မြန်မာနဲ.ဘင်္ဂလားမှာအဲဒီကျွှန်းကမြန်မာနဲ.နီးတာ
    ကိုသိ၇ဲ.လားမသိဘူး။သူပြထားတဲ.အင်္ဂလိပ်မြေပုံကလည်းမြန်မာဘက်အခြမ်းက၊ခုခေတ်၇ှိနေတာနဲ.မတူဘူး၊အင်္ဂလိပ်ေ၇းထားတယ်
    ဆိုပြီးမတင်းဘဲမြန်မာမပိုင်ဘူးပြောနေတယ်။မြန်မာပိုင်ဖြစ်မှာအတင်းကြောက်နေတာဘဲ။စာစီပြီး၇ှင်းပြထားတာလည်းဘာမှလည်းမ
    ၇ှိပါလား။နတ်မေါက်ဘုန်းကျော်၇ဲ.မြေပုံကိုငြိမ်းချမ်းအေးခုနကြုံ၇င်ပို.ပေးလိုက်ပါအုန်း၊သူက၇ှင်မဖြူကျွှန်းနဲ.Shahpuri ကျွှန်းအတူ
    တူဘဲပြောနေတယ်။အင်္ဂလိပ်ေ၇းတာအကုန်လုံးအမှန်ဘဲပြောနေတယ်။စစ်အစိုး၇သတင်းမှာအချပ်ပိုနဲ.ထည်.ပြီး…မြန်မာနိုင်ပြီ…
    ဆိုပြီးကြေငြာလိုက်ကြပါဗျာ။မြန်မာစစ်အစိုး၇လိုအခုတူးနေတဲ.ဂတ်စ်လုပ်ကွက်တွေမပါ၇င်ပြီးေ၇ာ၊တနိုင်လုံးပါသွားလည်းအေ၇းမ
    ကြီးဘူးဆိုလိုက်ကြပါတော.။ပြော၇တာ၇င်နာတယ်အိမ်ကျယ်အစိုး၇နဲ.ေ.၇ှတော်ပြေးတွေ၇ယ်။

  6. ဒီမြေပုံကိုလည်း ပြထားတယ် ဘာကြောင့်မြန်မာမပိုင်တာလဲ ရှင်းမပြဘူး ဟိုဘက်နားမကပ်လို.မြန်မာမပိုင်တဲ့။ ဒီဘက်နားမကပ်လို.မြန်မာမပိုင်ဘူးတဲ့ အဲလို.ဆို ကိုယ့်နံဘေးကပ်တာကိုယ်ရတာပေါ့ဟုတ်လား။ မြန်မာနိုင်ငံကို ပထမ အင်္ဂလိပ်စစ်ဖြစ်တာဘာကြောင့်လဲ ဒုတိယ စစ်ဖြစ်တာဘာကြောင့်လဲ မြန်မာ မပိုင်ရင်မှန်လိမ့်မယ် ရခိုင်မပိုင်မပိုင်ဆိုတာလုံးဝ လုံးဝ မဖြစ်နိုင်ဘူး ရခိုင်တွေဘင်္ဂလားပင်လယ်အော် ကို ဘယ်လောက်ပိုင်တယ်ဆိုတာ ခုရှင်းပြတဲ့ လူကြီးသိသင့်တယ် ဒီရေပိုက်နက်ကိုရှင်းချင်ရင်၊ ပိုင်ချင်ရင် ရခိုင်သမိုင်း ရခိုင်အကြောင်းမပါရင်၊ မသိလို.ရှိရင် ဘယ်လိုမှဖြေရှင်းလို.မရနိုင်ဘူး ဘယ်လိုမှမနိုင် နိုင်ဘူး။ ရခိုင်သမိုင်းကို ကမ္ဘာမှာ မဖော်ထုတ်ဝံ့သရွှေ. ကျရူးမှာဘဲ။

  7. နိုင်ငံတကာ ခုံရုံးမှာ ပိုင်ဆိုင်မှု အရေးဆိုဖို့ လူကြီးတွေဆီ တင်ပြတဲ့အချိန်မှာ ဘယ်ပညာရှိက စိန့်မာတင်ကျွန်းကို ဗမာတွေဘယ်တုန်းကမှမပိုင်ခဲ့ဘူးပါလို့ တင်ပြခဲ့လည်း။ ဒါကြောင့် အရေးဆိုတဲ့အခါ ဒီကျွန်းကို ကွက်ပြီး ချန်ခဲ့တယ်။ ဒါဟာ တာဝန်ယူလုပ်ကိုင် သူတွေရဲ့ သေဒါဏ်ပေးထိုက်တဲ့ ပေါ့လျော့မှုဖြစ်တယ်။ ဒီသမိုင်း တရားခံတွေကို ခုံရုံးဖွဲ့ စစ်ဆေးပြီး ပြန်လည်ဖေါ်ထုတ်သင့်တယ်။ သက်ဆိုင်ရာ အစိုးရက အရေးဆိုဖို့ အချက်အလက်တွေ စုဆောင်းခိုင်းစဉ်တုန်းက တာဝန်ယူခဲ့သူထဲမှာ ကိုငြိမ်းချမ်းအေး မပါဘူးလို့ပဲ မျှော်လင့်ချင်ပါတယ်။

    1. Sorry!

      They little bit forgot about Burma History , Anglo-Burmese Wars , and lastly Field Marshall Maha Bandoola who reflated on the Shin Ma Phu Island (probably St Mratin)..

      Maybe also they did not believe Maha Bandoola’s action as a Burma’s right(Rakhine’s right)..

      Pitiful..

  8. အထက်ပါပုံတွေမှားနေရင် အထောက်အထားနှင့်ပြန်ရှင်းပြသင့်ပါတယ်။ လူပဂ္ဂိုလ်ရေးစွတ်စွဲချက်တွေဟာ အမှန်ကိုရောက်ဖို့ ခဲရင်းပါတယ်။ ယဉ်ကျေးမှုသာတယ်၊ တိုင်းကြီးပြည်ကြီးသားပီသတယ်ဆိုတာ နားမလယ်သေးတဲ့ ကျနော်တို့ လို စပယ်ရာတွေကိုစေတနာထားပြီးရှင်းပြပါလား နောင်ကြီးတို့ ရယ်။ မင်းတို့ စပယ်ရာတွေရိုင်းတယ်ဆိုပြီး သတင်းစာမျက်နှာဖုံးမှာ တချိန်က၀န်ကြီးချုပ်ကြီးကစွတ်စွဲပြောဘူး တယ်။ ဘာတွေရိုင်းနေလို့ ဘာတွေပြင်ကြရမယ်ဆိုတာပြောမသွားတော့ ကျနော်တို့ ဟာ အရိုင်းစပယ် – ရာတွေအဖြစ်ဘဲကျန်ခဲ့တယ်။

  9. စိန့်မာတင်(ရှင်မဖြူ)ကျွန်းပေးလိုက်ရတာထက် မြန်မာဘက်က တောင်းဆိုတဲ့အထဲမှာတောင် ထည့်မထားဘူးဆိုတာ တော်တော်အသုံးမကျတဲ့ကိစ္စပဲ။ အခုဟာက ကိုယ့်နယ်မြေ ဆုံးရှုံးရုံတင်မကဘူး သူခိုးကလူလိုပြန်ဟစ်တာ ခံရတာပါ..။
    ကမ္ဘာမှာ မြန်မာရဲ့ ရှိစုမဲ့စုသိက္ခာ ထပ်ကျရတယ်။ ဦးနေ၀င်းတုန်းက.. အကြွေးတွေ ပေါ့လျော့ခံရတာ တစ်ခုတည်းကို ကြည့်ပြီး LDC အဖြစ် ကြေငြာခဲ့လို့ နိုင်ငံတကာအလယ်မှည မြန်မာတွေ မျက်နှာငယ်ခဲ့ရတယ်။
    မြန်မာနိုင်ငံမှာက တစ်သွေး၊ တစ်သံ၊ တစ်မိန့်ခေတ်မှာ အပေါ်ဆုံးလူကြီးက ဒီလိုဖြစ်စေချင်တယ်ဆိုရင် ဒီလို မဖြစ်၊ ဖြစ်အောင် အောက်က ၀ိုင်းဝန်းညာကြ၊ ဖြီးကြ၊ အချိန်ကုန် ခံမနေတော့ပဲ ပေါက်တတ်ကရ ရသမျှ အချက်အလက်တွေကို အဟုတ်ကြီးလုပ်ပြီး တင်ပြကြ၊ တိုင်းပြည်အရေးထက် လူကြီးစိတ်ကျေနပ်မှု ရရေးသာ အဓိကထား လုပ်ကိုင်ကြရတော့ ဒီလိုအမှားမျိုးဆိုတာ ဖြစ်မှာပဲ။ ဒါကတော့ ပြင်လို့မရတော့တဲ့ အကယ့် သမိုင်းအမဲစက်ကြီး ဖြစ်သွားရတယ်။ ဒါနဲ့ အလားတူ ဖြစ်ရပ်မျိုးတွေ လူမသိ၊ သူမသိပဲ ပြီးသွားတာ အများကြီးပါ။
    တခြားဝဘ်ဆိုက်တွေမှာ ကျွန်တော်က ပေါ့ပေါ့လေး ငေါ့တော့တော့ မေးလိုက်ပေမယ့် တလေးတစားနဲ့ ပြည့်စုံစွာ ဖြေကြားပေးတဲ့ ဆရာငြိမ်းချမ်းအေးကို ကျေးဇူးတင် အားနာမိပါတယ်။

Comments are closed.