ဓာတ်ပုံသတင်း

နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးဟာလည်း အရေးကြီးတယ်

မိုးမခ (ဓာတ်ပုံသတင်း)
မတ်လ ၂၃၊ ၂၀၁၂

၂၀၁၂ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က မန္တလေးမြို့ မဟာမြတ်မုနိဘုရားရင်ပြင်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ အရှင်ဝီရသူဦးဆောင်ပြီး သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များနှင့် ဒေသခံ ၅၀၀ ခန့် တက်ရောက်ခဲ့သည့် ၀တ်ပြုဆုတောင်းပွဲတရပ် ကျင်းပခဲ့ပါ တယ်။

မြစ်ကြီးနားအကျဉ်းထောင်ကနေပြီး ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အရှင်ဝီရသူဟာ ထောင်တွင်းမှာကျန်ရစ်နေဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်း သားများ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်း ဆန္ဒပြခြင်းနဲ့ ၀တ်ပြုဆုတောင်မှုများကို ပြုလုပ်မည်ဖြစ်ကြောင်းကိုလည်း ကြေညာချက်ထုတ်ပြန် ခဲ့ပြီးဖြစ်ပါတယ်။

ယခုကျင်းပသည့် အဆိုပါ ၀တ်ပြုဆုတောင်းပွဲမှာ ဘုရားကြီး သြ၀ါဒဆရာတော်များနှင့် တိုင်းသံဃမဟာနာယက ဆရာတော်များ ခွင့်ပြုခြင်းမရှိသည့်ကြားမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည့်အတွက် နောင်ဖြစ်လာမည့် အကျိုးဆက်များအတွက်ပြင်ဆင်ထားကြောင်းကိုလည်း အရှင်ဝီရသူက မိန့်ဆိုခဲ့ကြောင်း သိရပါတယ်။

မှတ်တမ်း ဓာတ်ပုံများ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts