မိုးမခကို ပေးတဲ့စာ

ဝီရသူ သဘောထား (၁)

မတ်လ ၂၁၊ ၂၀၁၂
၁၉၊ ၂၊ ၂၀၁၂ ရက်စွဲပါ နိုင်ငံတော်ပိုင်သတင်းစာများ၌ပါရှိသော ဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထားထုတ်ပြန်ချက်
(၂၀၊ ၂၊ ၂၀၁၂) ၁၃၇၃ ခု၊ တပိုတွဲလဆုတ် (၁၃) ရက်။

 

(၁)

(က) ဦးဂမ္ဘီရသည် သံဃာ့အဖွဲ့အစည်းများနှင့် သံဃာ့အဖွဲ့အစည်းများ ချမှတ်ထားသောကျင့်ဝတ်ဥပဒေများကို လျစ်လျူရှုခဲ့ပါသည်။ တ ရားဝင်လျှောက်ထားတင်ပြ၍ ခွင့်ပြုချက်ကိုရယူနိုင်ပါလျက် ဥပဒေမဲ့ပြုမူခဲ့ပါသည်။ သင်္ကန်းပြန်ဝတ်သည်ကို နားလည်ပေးနိုင်သော်လည်း ချိပ်ပိတ်ထားသည့်ကျောင်းများကို သော့ဖျက်ဝင်ရောက်ခြင်းသည် ဘုရားသားတော်တို့၏အပြုအမူမဟုတ်သလို၊ ဒီမိုကရေစီနည်းလမ်း လည်းမကျပါ။ ဒီမိုကရေစီကိုလိုလားသူ၊ ဒီမိုကရေစီကိုချစ်မြတ်နိုးသူတိုင်းသည် ဒီမိုကရေစီနည်းလမ်းကျဆောင်ရွက်ဖို့ လွန်စွာလိုအပ်ပါ သည်။ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်မျိုးကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။

သုံးကြိမ်တိုင် စာဆင့်ခေါ်ပါလျက် ရုံးတော်သို့ မသွားရောက်ခြင်းသည် သံဃာ့အဖွဲ့အစည်းကို မလေးစားရာကျသလို မထီမဲ့မြင်ပြုမူရာလည်း ရောက်ပါသည်။ တာဝန်မကျေသည့် မိဘပင်ဖြစ်သော်လည်း သားသမီးဟူသည် မိဘခေါ်လျှင်လာရမည်သာဖြစ်ပါသည်။

ပို၍ဆိုးသည်မှာ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက အနူးအညွတ်မေတ္တာရပ်ခံပါလျက် “မိမိလိုသံဃာတစ်ပါးအတွက် လို အပ်မည်မထင်ကြောင်းနှင့် သင်္ကန်းဝတ်ခွင့်ပြုရန် လျှောက်ထားသွားမည်မဟုတ်ကြောင်း’’ တင်းခံငြင်းဆန်ခြင်းပင်ဖြစ်ပါသည်။ ထိုသို့ငြင်း ဆန်ခြင်းဖြင့် ဦးဂမ္ဘီရသည် စစ်အာဏာရှင်နည်းတူ ဥပဒေအထက်သို့ ရောက်ရှိသွားပါတော့သည်။

(ခ) ဦးဂမ္ဘီရလျှောက်ထားသည့် အချက် (၁၀) ချက်ပါ လျှောက်ထားချက်ကို လျှောက်ထားခွင့်ပြုသည့် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများအား လေးစားကြည်ညိုမိပါသည်။

ဦးဂမ္ဘီရလျှောက်ထားသည့်အချက်များတွင် ရွှေည၀ါဆရာတော်ဦးပညာသီဟအား သာဓုဗုဒ္ဓ တက္ကသိုလ်ကျောင်းတိုက်မှ တစ်လအတွင်း ထွက်ခွာရန် နှင်ထုတ်ခြင်းကို ကန့်ကွက်ကြောင်း၊ အကျဉ်းသား (၄၁၅) ဦးတွင် ပါဝင်သော ရဟန်း (၄၃) ပါးအား အကျဉ်းထောင်မှလွတ်မြောက်ရန် နိုင်ငံတော်သံဃာ့မဟာနာယကက ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလေးနက်ရှုတ်ချကြာင်းတို့ပါဝင်သည်ကို တွေ့ရပါသည်။

(၂)

ကန့်ကွက်ထိုက်သည်ကိုကန့်ကွက်ခြင်း၊ ရှုတ်ချထိုက်သည်ကို ရှုတ်ချခြင်းဖြစ်သောကြောင့် ဦးဂမ္ဘီရ၏လျှောက်ထားချက် အပြည့်အ၀ မှန် ကန်ပါသည်။ မြတ်စွာဘုရားက “ချစ်သားတို့ ငါဘုရားမှာ အပြစ်ရှိလျှင်လည်း ထောက်ပြကြ’’ ဟု မိန့်တော်မူဖူးပါသည်။ ဟန္ဒ ဒါနိ ဘိက္ခဝေ ပ၀ါရေမိ ဝေါ နစမေ ကိဉ္စိ ဂရဟထ ကာယိကံ ၀ါ ၀ါစသိကံ ၀ါ။ (သဂါထာဝဂ္ဂ ပါဠိ၊ ပ၀ါရဏာသုတ်) “ရဟန်းတို့ ယခုအခါ၌ ငါဘုရားသည် သင်တို့အား ဖိတ်ကြား၏။ ငါ၏ တစ်စုံတစ်ခုသော ကိုယ်အမူရာ နှုတ်အမူရာကို သင်တို့မကဲ့ရဲ့ဘဲ ရှိကြကုန်၏လော။’’ (၎င်းသုတ် မြန်မာပြန်)

နစ ကိဉ္စီတိ ပုစ္ဆနတ္ထေ နကာရော။ ကိံမေ ကိဉ္စိ ဂရဟထ?
ယဒိ ဂရဟထ, ၀ဒထ, ဣစ္ဆာပေမိ ဝေါ ၀တ္တုန္တိ အတ္ထော။ (၎င်း၊ဋ္ဌ။၂၅၃)

ရွှေည၀ါဆရာတော်အား နှင်ဒဏ်ပေးခြင်းသည် ပြစ်မှုနှင့်ပြစ်ဒဏ် လုံးဝ မမျှတသည့်အမိန့်အမှန်ပင်ဖြစ်ပါသည်။ အကျဉ်းကျသံဃာများနှင့် ပတ်သက်၍ သံယာ့မဟာနာယက အဖွဲ့စည်းအဆင့်ဆင့်က သက်သာအောင်၊ လွတ်မြောက်အောင်၊ ဘာတစ်ခုမျှဆောင်ရွက်ချက်မရှိပါ။ ဖမ်းဖို့သာလုပ်တတ်ပြီး၊ လွတ်ရေးကို လုံးဝစိတ်မ၀င်စားသည့် စစ်အာဏာရှင်အကျင့်ဆိုးကြီးကို အမွေခံကျင့်သုံးနေသည့် လက်နက်မကိုင် သည့် အာဏာရှင်အဖွဲ့အစည်းကြီးဖြစ်နေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ဦးဂမ္ဘီရ၏ ကန့်ကွက်ခြင်း၊ အလေးအနက်ရှုတ် ချချင်းကို အပြည့်အ၀ထောက်ခံကြောင်း အတိအလင်းကြေငြာပါသည်။ သို့သော် ဦးဂမ္ဘီရသည် ဂုဏ၀ုဍ္ဎိ၊ ၀ယ၀ုဍ္ဎိဂုဏ်ကို မလေးစားမလိုက်နာ ဘဲ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား နိုင်ငံရေးအရထိုးနှက်နှိပ်နယ်သည့်သဘောသက်ရောက်သွားပါသည်။ ဓမ္မကို မြတ်နိုးသူဖြစ်လျှင် မေတ္တာရပ်ခံတောင်းပန်လျှောက်ထားရမည် ဖြစ်ပါသည်။ ဥပမာ – ရွှေည၀ါဆရာတော်အပေါ်ချမှတ်ထားသောပြစ်ဒဏ်ကို ပြန်လည် စဉ်းစား သုံးသပ်၍ လျှော့ပေါ့ပေးစေလိုပါသည်ဘုရား။ (၀ါ)လျှော့ပေါ့ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်လျှောက်ထားအပ်ပါသည်ဘုရား-ဟူ၍ ဖြစ်ပါသည်။

ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်းဝေါဟာရများသည် နိုင်ငံရေးလောက၌ တွင်ကျယ်နေသောဝေါဟာရများ ဖြစ်ပါသည်။ နိုင်ငံရေးလုပ်လိုက မီဒီ ယာများမှတစ်ဆင့် ကန့်ကွက်နိုင်ပါသည်။ ရှုတ်ချနိုင်ပါသည်။ ကမ္ဘာအေးရုံးထဲဝင်၍ ဆရာတော်ကြီးများအား တိုက်ရိုက်မလျှောက်ထားသင့် ပါ။ မရိုသေ မလေးစားရာ၊

(၃)

စော်ကားမော်ကားပြုရာရောက်နေပါသည်။ မိမိအပြုအမူကိုအကြောင်းပြု၍ ရဟန်း၊ ရှင်၊ လူအပေါင်း အကုသိုလ်များ မတိုးပွားစေသင့်ပါ။

(ဂ) ဒီမိုကရေစီစနစ်ကို အမှန်တကယ်ကျင့်သုံးလိုပါလျှင် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း၊ ချီးကျူးခြင်း၊ ရှုတ်ချခြင်းတို့ကို လွတ်လပ်စွာဆောင် ရွက်ခွင့်ပေးရမည်သာဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်များ၌ သမ္မတလည်း အဝေဖန်ခံရပါသည်။ တရားစွဲခံရပါသည်။ ပုပ်ရဟန်းမင်းကြီး လည်း အဝေဖန်ခံရပါသည်။ တရားစွဲခံရပါသည်။ အဝေဖန်မခံနိုင်၊ တရားစွဲမခံနိုင်လျှင် ကုလားထိုင်ပေါ်မထိုင်သင့်ပါ။

ယခုကိစ္စ၌ ဦးဂမ္ဘီရ၏ကန့်ကွက်ရှုတ်ချမှုကို မခံမရပ်ဖြစ်နေသောပုဂ္ဂိုလ်တစ်စုက ဦးဂမ္ဘီရကို ဖမ်းဆီးချုပ်နှောင်လိုခြင်းဖြစ်ပါသည်။ သို့သော် ထိုသို့အကြောင်းပြနိုင်လောက်အောင် လုံလောက်သောဆင်ခြေမရှိသောကြောင့် ဥပဒေမဲ့လုပ်ရပ်ကို အပြစ်ပုံချနေခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သံဃာတော်များအနေဖြင့် တရားဝင်ရပ်တည်နိုင်သည့် ဥပဒေလမ်းကြောင်းမှ သိမ်မွေ့ငြင်သာစွာ လျှောက်လှမ်းခြင်းဖြင့် သူတစ် ပါး၏ထောက်ကွက်မရအောင် ပြုမူဆောင်ရွက်သင့်ပါသည်။ သံဃာထုအပေါ် အုပ်မိုးချုပ်နှောင်ထားသော တရားမမျှတသည့် မည်သည့်ကန့် သတ်ချက်မျိုးကိုမဆို ငြိမ်းချမ်းသောနည်းဖြင့် စည်းလုံးညီညွတ်စွာ ဖယ်ရှားရှင်းလင်းသင့်ပါသည်။

သမ္မောဒမာန ဇာတ်တော်အတိုင်းပင်
ပြိုင်တူ-မ-လျှင်-လွတ်နိုင်ပါသည်။
ပြိုင်တူ-မ-လျှင်-ငြိမ်းနိုင်ပါသည်။
ပြိုင်တူ-မ-လျှင်-ချမ်းသာနိုင်ပါသည်။
မေတ္တာရှေ့ထား၊ မရငြားသော်၊ ကျားနှင့်ဆိတ်မ၊ စိတြဂီဝါ၊
များစွာခိုသင်း၊ ငုံးခပင်းတို့၊ မကြွင်းကိုယ်စီ၊ ပိုက်ကိုချီသို့၊
ညီညီညာညာ၊ သက်စွန့်ရာ၏။(မဃ။၂၂၁)
ငြိမ်းချမ်းရေးပန်းတိုင်သို့ ဦးတည်လျှက်

ဝီရသူ (မစိုးရိမ်)
ဘဒ္ဒန္တ ၀ိစိတ္တာဘိဝံသ၊ ဓမ္မသဟာယကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

7 thoughts on “၀ီရသူ သဘောထား (၁)
  1. ဆ၇ာတော် ဦးဂမ်ဘီ၇နှင့်ေ၇ွည၀ါဆ၇ာတော်တို.ဘု၇ား ဘု၇ားတပည့်တော် ဦးတိုက်လျှောက်ထားပါ၇စေဘု၇ား ယခု အ၇ှင်ဝီ၇သူ၏သဘောထားထုတ်ပြန်ချက်ကိုကြည့်လျင် မိမိ၏သဘောထားအလျှောက် ထုတ်ပြန်သောကြေညာချက်မဖြစ်နိုင်ပါဘု၇ား ။ထို.ကြောင့် အ၇ှင်ဝီ၇သူအားနားလည်ခွင့်လွှတ်ပေးစေလိုပါတယ်ဘု၇ား။ တိုင်းပြည်မှာနိုင်ငံေ၇းအခက်ကြုံတိုင်း နိုင်ငံ လူမျိုး ဘာသာ မ၇ှိတဲ့လူတစု၇ဲ. ဘာသာ၇န်တိုက်ပေးမှု လူမျိုးသွေးခွဲမှုတွေကိုလုပ်ဖို.၀န်မလေးတတ်ကြပါဘု၇ား ။ထို.ကြောင့် ထိုအ၇ှင်ဝီ၇သူ၏ကြေညာချက်ကိုစဉ်းစားဆင်ခြင်သင့်ကြောင်းဘု၇ား။သာသနာတော်ကြီးအဓွန်.၇ှည်ပါစေ။

  2. တစ်ဦးကောင်း တစ်ယောက်ကောင်း မလုပ်နဲ့။ ညှိနှိုင်းပြီး လုပ်။

  3. nai kyaw sein ဆိုတဲ့လူ နိုင်ငံရေးထက် ဘာသာမပျောက်ဖို့ကပိုအရေးကြီးတယ် အရှင်ဝီရသူလုပ်တာ
    မှန်တယ် အစိုးရကနိုင်ငံရေးအခက်ကြုံရအောင် ဘယ်ကောင်လုပ်နိုင်ခဲ့လို့တုန်း အစိုးရဖြစ်ချင်တာပဲ
    ဖြစ်ခဲ့ရတာမဟုတ်ဘူးလား အခြေအနေမှန်ကိုနားလည်စမ်းပါ

  4. (((ရွှေည၀ါဆရာတော်အား နှင်ဒဏ်ပေးခြင်းသည် ပြစ်မှုနှင့်ပြစ်ဒဏ် လုံးဝမျှတသည့်အမိန့်အမှန်ပင်ဖြစ်ပါသည်။))) အမှန်က .. လုံးဝ မ မျှတသည့်…လို့ရေးတာပါ။ အောက်ကစာကြောင်းတွေနဲ့ အဓိပါယ်ဆက်စပ်ကြည့်ပါ။ “မ”တစ်လုံးကျန်တာက အဓိပါယ် ပြောင်းပြန်ဖြစ်သွားတယ်။ ကိုနိုင်ကျော်စိန်က အဲဒီစာကြောင်းကို အတည့်အတိုင်းဖတ်ပြီး စိတ်ပူသွားတယ်လို့ ထင်ပါတယ်။

  5. ဒီမယ် ct (စည်တီး) ကျုပ်ကအခြေအနေမှန်ကိုသိလို. ဆ၇ာတော်တွေကို တင်လျှောက်ခြင်းဘဲဖြစ်တယ်။အ၇ှင်ဝီ၇သူ ၇ဲ.စာသဘောထားကြောင့် သာသနာတော်အကျိုး အများအကျိုးဆောင်၇ွက်နေတဲ့ ၇ဟန်းတော်များအကြား အာဃာတထားမှု မုန်းတီးမှုကိုအခြေခံပြီး ဘာသာေ၇း အဓိဂ၇ုန်းဖြစ်မှာ မလိုလားလို.သာ ဆ၇ာတော်တွေကို တင်ပြလျှောက်ထားခြင်းသာဖြစ်တယ်။ဒီအကြောင်းနဲ.ပတ်သက်ပြီးခင်ဗျား ကျုပ်ကို ဖိအားပေးစ၇ာမလိုဘူး။

  6. ၂၀၀၉ က ဖတ်လိုက်ရတဲ့ ကဗျာလေးကို ဖတ်ကြည့်လိုက်ကြပါ။ဦးဂမ္ဘီရ ထောင်ကျချိန်က ဦးဂမ္ဘီရကို ကြည်ညိုသူက ရေးထားတာ။ ဘုန်းတော်ကြီးတွေ အချင်းချင်း တိုက်ခိုက်နေကြလို့  သတိပေးကဗျာလေး။

    ကမ္ဘာရဲ့ အလယ်ပိုင်းမှာ
    ဘင်လာဒင်တို့ လို မူစလင်လူကြမ်း
    အစွန်းနခမ်း ရောက်တွေက
    သူတို့ ဘာသာ သာသနာတွက်
    ဘဝချမ်းသာ ဒေါ်လာတွေစွန့် 
    မတွန့် သောစိတ်နဲ့ 
    ဂျီဟပ်ခေါ် ဘာသာစစ်ပွဲ။
    အရှိန်နဲ့  နွဲနေချိန်။

    ကမ္ဘာရဲ့ အနောက်ပိုင်းမှာ
    ပုပ်တို့ လို ခရစ်ယာန်ပညာရှိ
    လူသိထင်ရှား။
    ဘာသာခြား ရဟန်းတွေက
    အများကောင်းကျိုး
    သယ်ပိုးရွက်ဆောင်
    ဇိမ်ဆိုတဲ့ရုပ်ကောင်တွေကိုပယ်
    အနယ်နယ်တိုင်းမှာ
    သူတို့ ဘာသာအလုပ်နဲ့ 
    စနစ်တကျ ဖြန့် အုပ်နေကြတဲ့အချိန်။

    ကမ္ဘာရဲ့ အရှေ့ ပိုင်းကကိုယ့်လူ
    အများပေးတဲ့ အလှူတွေ အဝစားပြီး
    ရွှေဝါရောင်သင်္ကန်း တလူလူနဲ့ 
    ဦးဂမ္ဘီရလိုသူကိုမှ အားမနာ
    အချင်းချင်းကွာ ဘာတွေထထ ဆူနေကြတာလဲ
    တူးသောင်ဇင်နိုင်း(၂၀ဝ၉)နှစ်
    စီးပွာရေးတွေမဖြစ်လို့ 
    ကမ္ဘာကြီး တဂစ်ဂစ်မည်နေရတဲ့ထဲ
    ဂုဏ်ပကာသနတွေ ရစ်ဝဲပြီး
    အမည်မပါ ပစ်စာတွေ ပစ်လိုပစ်
    မင်းမို့ လို့  စိတ်မညစ်တယ်။

    ငါအကြံပေးမယ်ကွာ
    မင်းအဖေ ဗုဒ္ဓကိုရည်မှန်း
    ငြိမ်းချမ်းတဲ့ မဇ္ဈိမလမ်းကိုလျှောက်
    ဘာသာခြား အခြားနောက်ကို
    မင်းအမေ မင်းနှမ မင်းအမတွေ
    ကောက်ကောက်ပါအောင် မလိုက်ခင်
    ကလေကချေ စကားတွေသုံးပြီး
    တန်ဘိုးရှိဆုံး လူ့ ဘဝရဲ့ အချိန်တွေ ထပ်ဖြုံးမနေနဲ့ 
    ကိုယ့်ဘာသာ တိုးတက်လမ်းအတွက်
    ထအုံး ချအုံး ကိုယ့်လူ။

Comments are closed.