မျက်မှောက်ရေးရာ သတင်းပဒေသာ

NLD ကိုယ်စားလှယ်လောင်း နှင့် အဖွဲ့ နေပြည်တော်တွင် လေးခွဖြင့် ပစ်ခတ်ခံရ


သတင်းနှင့် ဓာတ်ပုံများ – http://www.facebook.com/PopularNewsJournal
မတ် ၂၁၊ ၂၀၁၂မပွင့်ဖြူပြုံး


နေပြည်တော်ကောင်စီ၊ ဥတ္တရသီရိမြို့နယ်အတွင်း ဒီချုပ် ကိုယ်စားလှယ်လော
င်း စည်းရုံးရေးဆင်းပြီး အပြန်တွင် လောက်လေးခွဖြင့် ပစ်ခတ်ခံရမှုကြောင့် အောင်နိုင်ရေး အဖွဲ့ဝင် အမျိုးသမီးတစ်ဦး၏ ဦးခေါင်း၌ အတွင်းဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

မတ်လ ၁၈ ရက်နေ့ ည ၇နာရီ ခန့်တွင် ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးမင်းသူနှင့်အဖွဲ့သည် ဥတ္တရသီရိ မြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ အပြန်တွင် အမှောင်တွင်းမှ လောက်လေးခွဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး တွဲဖက်အသုံးပြုသည့် လောက်စာလုံးမှာ သုံးမြှောင့်သဏ္ဌာန် ပြုပြင်ထားသည့် သစ်သားတုံးကလေး ဖြစ်သည်ဟု ဦးမင်းသူက ပြောသည်။

ယင်းနေ့ ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်စားလှယ်လောင်း ဦးမင်းသူက ”အဲဒီနေ့က ဖောင်းလောင်း၊ မုံနစ်၊ အောင်ချမ်းသာ စတဲ့ ရွာသုံးရွာကို စည်းရုံးရေး ဆင်းတဲ့နေ့ပေါ့။ နောက်ဆုံးကျေးရွာက အောင်ချမ်းသာ ကျေးရွာလေ။ အပစ်ခံရတဲ့အချိန်က ည ၇ နာရီဆိုတော့ မှောင်နေပြီပေါ့။ ဒါပေမဲ့ ရွာခံအချို့နဲ့ အောင်နိုင်ရေးအဖွဲ့ဝင်အချို့က ချက်ချင်းပြန်ဖို့လာပြောတော့ ကျွန်တော်လည်း လက်စသိမ်းပြီး ပြန် တယ်။ အဲဒီမှာ ကျွန်တော့်ကို အောင် နိုင်ရေးအဖွဲ့ လူငယ်တွေက ဝိုင်းရံပြီး ခေါ်သွားတယ်။ ပြီးတော့ ကားခေါင်း ခန်းထဲမှာ မထိုင်ဖို့ အကြံပေးပြီး Light truck ကားရဲ့ နောက်ခန်း ထဲမှာ လူငယ်တွေကာပြီး ထိုင်နေရာ က ဟာလာဟင်းလင်းကြီး ဖြစ်နေ လို့ အောင်နိုင်ရေးအဖွဲ့က လူကြီး တစ်ဦးက အခု ဆေးရုံ တင်ထားရတဲ့ မပွင့်ဖြူပြုံးကို လွတ်နေတဲ့နေရာကို ကာဖို့အတွက် တာဝန်ပေးတယ်။ မပွင့်ဖြူပြုံးက သူ့နေရာက ထပြီး ကျွန်တော့်ရှေ့အရောက် ”ဟာ ဦးပစ် နေပြီ” လို့ပြောပြီး ပုံလဲကျသွား တယ်။ ဒါနဲ့ ပရိသတ်လဲ ရုတ်ရုတ် သဲသဲ ဖြစ်သွားတယ်။ ကျွန်တော်တို့ လည်း ခပ်မြန်မြန် ပြန်လာရတယ်။ လမ်းမှာ မပွင့်ဖြူပြုံးက အန်တော့ စိုးရိမ်သွားတယ်။ ခေါင်းတွေ ဘာတွေ မပေါက်ဘဲ ထိတဲ့နေရာက ဖူးရောင် ပြီး ဒဏ်ရာရတယ်ပေါ့။ ဒါနဲ့ ဆေးရုံ ပို့ရတယ်။ သူသာ မရှိလိုက်ရင် ကျွန်တော့်မျက်လုံး ထိသွားနိုင် တယ်။ ဘာလို့လဲဆိုတော့ တြိဂံ ပုံသဏ္ဌာန် သစ်သားတုံးက ကျွန် တော့်မျက်နှာချင်းဆိုင် မှောင်ရိပ်ထဲက ထွက်လာပြီး မပွင့်ဖြူပြုံးကို မှန်တာ လေ”ဟု ပေါ်ပြူလာနယူးစ်ဂျာနယ် သို့ ပြောသည်။

ပစ်ခတ်ခံရသူသည် နေပြည် တော် ပျဉ်းမနားမြို့ ဘိုကုန်းရပ်တွင် နေထိုင်သူ အသက် ၂၇ နှစ်အရွယ် ရှိ မပွင့်ဖြူပြုံး ဖြစ်ပြီး ဦးခေါင်းနောက် ပိုင်း ညာဘက်ခြမ်းတွင် အတွင်းဒဏ် ရာ ရရှိသဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံ၊ ဦးနှောက်နှင့် အာရုံ ကြော အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

အထက်ပါ ဖြစ်ရပ်နှင့် ပတ် သက်၍ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်နေ NLDထောက်ခံပြည်သူတစ်ဦးက ”အခု ချောင်းမြောင်း ပစ်ခတ်တဲ့ ကိစ္စ ကို ဘယ်လို အရေးယူမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေပါ တယ်” ဟု သုံးသပ်သည်။

ထိုသို့ ပစ်ခတ်ခံရသည်နှင့် တစ်ပြိုင်နက် နေပြည်တော် ၄ မြို့ နယ် အောင်နိုင်ရေးအဖွဲ့ နာယက ဦးအေးသောင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တယ်လီဖုန်းဖြင့်တိုင်တန်းပြီးတောင်ညို အပိုင် ရဲစခန်းတွင်လည်း (ပ) ၁၂/ ၂ဝ၁၂၊ ပုဒ်မ ၂၉၄ ဖြင့် လည်း ကောင်း၊ (ပ) ၁၃/၂ဝ၁၂၊ ပုဒ်မ ၃၂၅ ဖြင့်လည်းကောင်း အမှုဖွင့်ထား ကြောင်း အောင်နိုင်ရေးအဖွဲ့ဝင်တစ် ဦးက ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

7 thoughts on “NLD ကိုယ်စားလှယ်လောင်း နှင့် အဖွဲ့ နေပြည်တော်တွင် လေးခွဖြင့် ပစ်ခတ်ခံရ
  1. မဲ၄၈ နေ၇ာအတွက်ဒီလောက်ပြသနာတက်တယ်ဆို၇င် တနိုင်ငံလုံးအတွက်သာေ၇ွးမယ်ဆို၇င် မတွေးဝံ့စ၇ာဘဲ။အကယ်ေ၇ွ.များ ကြံ.ဖွတ်စည်း၇ုံးေ၇းဆင်းလို.ဒီလိုတိုက်ခိုက်ခံ၇မယ်ဆို၇င်ဘယ်လိုနေမလဲမသိဘူး။

  2. မဆိုင်တဲ့လူတွေအပေါ် သံသယဖြစ်မှာစီုးတယ်။

  3. TO USDP~~IF YOU GUY DIE, YOU CAN NOT TAKE ANYTHING.
    IF YOU LOST YOUR ONE DAY , YOU AND YOUR RELATION SHIP AND
    YOUR FAMILY WILL GET HOPELESS AND DIE AS YOU.
    IF YOU KNOW YOURSELF CHANGE YOU MODE. YOU KNOW ONE DAY
    YOU WILL DIE. YOU DO NOT KNOW DEMOCRACY.
    SUU NINE KA MYANMAR TA PYA LONE CHANN THARR MAAY

  4. All NLD carefull they have somany dirtything they don”t have goodheard ,because now they seat chair moveready.

  5. အာဏရှုတွေသိစေရန်…..အမှောင်ထဲကနေမပစ်နဲ့ယောကျာင်္ဆိုရင်းပေါ်တင်လုပ်ကွာ။တစ်ယောက်စာကောင်းဘို့လုပ်နေတာမဟုတ်ဘူး။သူများခိုင်းမှလုပ်တဲ့ကောင်တွေ။အမေမွေသခင်ကျွေးဟာဘာလဲသိလား။ခွေး

  6. နေပြည်တော်မှာတောင် အမှုမပေါ်ဘူးဆိုတာ ဦးသိန်းစိန်တို့ ရွှေမန်းတို့ မသိချင်ယောင်ဆောင်နေလို့ပေါ့
    ဒါလေးတောင် မသိကြဘူးလား ဟင်း။

  7. ပြည်တွင်းဝင်သွားကြတဲ့မီဒီယာတွေဒီကိတ်စကိုဖော်ထုတ်ကြပါ။ ပေါ့သေးသေးတော့မဟုတ်ဘူးနော။

Comments are closed.