ကဗျာ

လူဆိုးတွေ အလင်းဝင်တော့မယ့် သမယ

ဆောင်းလူ
မတ်လ ၂၁၊ ၂၀၁၂

နွေဦးကတော့ လေရူးနဲ့
ကလူ၏သို့ …မြှူ၏သို့ ….။

မြိန်ရေယှက်ရေ ရှိခဲ့လှတဲ့ နှစ်များ
အ၀ါရောင် ပိတ်ကားထက် မှုန်မှုန်ဝါးဝါး …။

မီးစတဖက် ရေမှုတ်တဖက် ဆွယ်တရားနဲ့
ငါးမျှားချိတ် သံချေးတက်
ငါးစာမတပ် အချိုသပ်တာများ …။

ခေတ်ကြီးနှယ် …
စနစ်ကြီးနှယ် ..
စစ်ပွဲ စစ်စစ်တွေကြားမှာ
ပိတောက်စစ်စစ်တွေ ပွင့်စေလိုမှ …
…..
…..
ငွေလမပါ နွေညခမျာ
လူဆိုးတွေ အလင်းဝင်တော့မယ့် သမယ
အာရုဏ်ကျင်းခံတွင်းဝမှာ
ရင်တမမ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts