ဓာတ်ပုံသတင်း

U Win Tin – မတ် ၁၂ မှာ ၈၂ နှစ်ပြည့်မည်

ဟံသာဝတီဦးဝင်းတင် မတ် ၁၂ မှာ ၈၂ နှစ်ပြည့်မည်

ဓာတ်ပုံသတင်း၊ မတ် ၉ ၊ ၂၀၁၂

လာမယ့် မတ် ၁၂ မှာ မြန်မာပြည်ရဲ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်၊ အင်န်အယ်ဒီပါတီ ထူထောင်ခဲ့သူ တဦး၊ သံမဏိသက်ရှည် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် အသက် ၈၂ ပြည့်မယ်လို့ သိရပါတယ်။ အဲသည် မွေးနေ့အတွက် အမှတ်တရစကားကို ချစ်ခင်လေးစားသူများအတွက် ရေးသားထားတာကို အထက်ပါအတိုင်း တွေ့ရပါတယ်။ ငယ်စဉ် အသက် ၂၈ ကတည်းက သူများအတွက် အသက်ရှင်လာခဲ့သူတဦးအနေနဲ့ သေဖို့အတွက် မနေဘူး၊ သူများအတွက် နေဖို့ အသက်ရှင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

11 thoughts on “U Win Tin – မတ် ၁၂ မှာ ၈၂ နှစ်ပြည့်မည်
  1. ဆရာကြီးအသက်ရာကျော်ရှည်ပါစေ၊ ဆရာကြီးဟာရာသက်ပန်တော်လှန်ရေးသမားကြီး၊ သမိုင်းမှာမှတ်တမ်းတင်ဂုဏ်ပြုရမဲ့ သူပါ၊ဆ၇ာကြီးရဲ့ ရိုးသားမှု၊သတ္တိရှိမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာယနေ့ လူငယ်တွေအတွက်စံနမူနာကောင်းတွေပါ၊
    ဆရာကြီးကိုဘယ်လိုစကားမျိုးနဲ့ ဂုဏ်ပြုရေးသားရမှန်းမသိတော့ ပါ၊
    ဆရာကြီးကိုမညှာတာလို့ ပြောခြင်းမဟုတ်ပါ။ တိုင်းပြည်အတွက်ဆရာဆက်ရှိနေပေးပါ၊ တိုင်းပြည်လွတ်လပ်တာကိုဆရာမြင်တွေ့ ပြီးမှဆရာကိုအနားယူစေချင်တဲ့ 
    ကျမတို့ မျိုးဆက်သစ်တွေကို၊ဆ၇ာနားလည်ပေးပါလို့ ပန်ကြားချင်ပါတယ်ဆရာ…
    သေဖို့အတွက် မနေဘူး၊ သူများအတွက် နေဖို့ အသက်ရှင်နေတယ်
    ဆိုတဲ့ ဆရာကြီးကိုဦးညွှတ်အလေးပြုပါတယ်၊

  2. ဘဘ ဦးဝင်းတင်လို သံမဏိစိတ်ဓါတ်ပိုင်ရှင်ဖြစ်ချင်ပါတယ်။
    ကမ္ဘာပေါ်မှာ အရက်စက်ဆုံး အစိုးရရဲ့ထောင်ထဲမှာ နှစ်ပေါင်း ၂၀ နေခဲ့ရပေမဲ့ စစ်အာဏာရှင်တွေကို ဦးမညွတ်၊ အမှန်တရားကို ဆုပ်ကိုင်ပြီး ယနေ့အထိ ယုံးကြည်ချက်အလံကို မြင့်မားစွာ လွှင့်ထူထားတဲ့ ဦးဝင်းတင်ကတော့ တကယ့်သံမဏိတော်လှန်ရေးသမားလို့ မော်ကွန်းတင်ရပါမယ်။

  3. အဘ အသက်၇ာကျော်၇ှည်ပါစေ။
    DEMOCRACY မြန်မြန်၇ပါစေ။

  4. ဦးလေး အသက်ရာကျော် ရှည်ပါစေ။ ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာပါစေ။

  5. Always respect that kind of people. Really straignt from my heart indeed.
    Not only me, but also all human-being ever love and regard your kind heart and smart abilities.

    Best wishes to be healthy and long long live.

    Lin

  6. အဘ အသက်၇ာကျော်၇ှည်ပါစေ။နှလုံးလှ သမားအတွက် အပြုံးသမားတွေအများကြီးပါ ဆ၇ာ။

  7. အဘ အသက်ရာကျော်ရှည်ပါစေ။ အဘကိုထောင်ချထားတဲ့ကောင်တွေ အသက်မြန်မြန်တိုပါစေ၊ ငရြဲမန်မြန်ကျပါစေ၊ ဒါဟာကျနော့ ဆုတောင်းမဟုတ်ပါ။ ၀ဋ်လယ်တာပါ။ လုပ်ရဲရင်ခံရဲရမယ်။ ယဥင်္ထိန်းရဲများ ကျပ်ကျပ်သတိထားပါ၊ မင်းတို့  မတရား စပယ်ရာတွေအပေါ်မှာ အနိုင်ကျင့်ထားတာတွေ အဘရိုက်လိမ့်မယ်။ ပိုက်ဆံလည်း ကန်တော့ရသေးတယ် အထက်စီးကနေ ဆဲဆိုတာကို အမြဲခံရတဲ့ စပယ်ရာ မောင်ပျာလောင်ပါ။

  8. ဘဘဦးဝင်းတင် ..အသက်ရာကျော်ရှည်ပါစေခင်ဗျား..ကျနော်မောင်မြသာရင်တွင်းမှနှစ်နှစ်ကာကာဆု
    တောင်းပါတယ်ဘဘဦးဝင်းတင်ခင်ဗျား..ဘဘ ကျမ်းကျမ်းမာမာနဲ့ဘဘဖြစ်စေချင်သောဆန္ဒအတိုင်းဖြစ်ပါ
    စေလို့ သားတို့အဝေးတနေရာကနေ မေတ္တာဆုတောင်းပို့သနေပါတယ်ဘဘခင်ဗျား.

  9. Saya U Win Tin,
    I envy you,
    I admire you,
    I like your idea,
    I try to be like you,
    I am going the way you went,
    But it is sure I can not be like you,
    I still only trying on your way.

  10. Ba Ba,
    Live Long cos we want to see you the day when your dreams are coming true and we hope that day is closer and closer.And we are sure that day is more closer than we see today cos you are 82 now.” A VERY HAPPY BIRTHDAY TO YOU BA BA U WIN TIN “

Comments are closed.