ဓာတ်ပုံသတင်း

Burmese Anmesty Art Show – လွတ်လပ်ငြိမ်းချမ်းခွင့် ပန်းချီပြပွဲ ကျင်းပ

လွတ်လပ်ငြိမ်းချမ်းခွင့် ပန်းချီပြပွဲ ကျင်းပ

မိုးမခ ဓာတ်ပုံသတင်း၊ ရန်ကုန်၊ မတ် ၉ ၊ ၂၀၁၂

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူမျာ အကျဉ်းထောင် နံရံများအကြား ရေးဆွဲခဲ့ကြတဲ့ ပန်းချီအနုပညာများအား စုစည်း ပြသသည့် လွတ်လပ် ငြိမ်းချမ်းခွင့် အမည်ပေးထားသည့် ပန်းချီပြပွဲကို ယနေ့ နံနက် ၉နာရီခွဲက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း စာပေလောက ၅ စာအုပ်ဆိုင် အပေါ်ထပ်တွင် ဖွင့်လှစ်ခဲ့သည်။

ပန်းချီကားများတွင် အကျဉ်းထောင် နံရံအတွင်း နေထိုင်စဉ် ခံစားရသည့် စိတ်ခံစားမှုများ၊ အတွေးများကို ထင်ဟပ်နေသည်ကို ခံစားတွေ့မြင်ရသည်။  ပန်းချီကားများကို ၀ယ်ယူလိုပါက ရောင်းချပေးမည်ဟု လည်းသိရသည်။ ပြပွဲစီစဉ်သူများမှာ နိုင်ငံရေး အကျဉ်းသားဟောင်းမျာဖြစ်ကြသည့် ကိုထွန်းဝင်းငြိမ်း၊ ကိုဘသက်အောင်၊ ကိုဇော်ရဲဝင်း၊ ကိုထွန်းကြည်၊ ကိုကျော်ကျော်ထွေး၊ ကိုဆန်နီစသည်တို့ ဖြစ်ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts