မျက်မှောက်ရေးရာ သတင်းပဒေသာ
ဝန်ထမ်းလစာတိုးရေး ၀န်ထမ်း မဟုတ်သောပြည်သူများကို ငဲ့ကွက်ရန်လိုဟု သမ္မတပြော
Yangon Press International
မတ် ၁၊ ၂၀၁၂
ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မိန့်ခွန်းပြောနေသော ဦးသိန်းစိန်
/ ဓာတ်ပုံ AP သတင်းဌာန
အစိုးရ၀န်ထမ်းများ လစာတိုးပေးရေး စဉ်းစားရာတွင် ယင်းလုပ်ရပ်၏ အကျိုးဆက်ကို ခံစားရမည့် အစိုးရ၀န်ထမ်း မဟုတ်သည့် ပြည်သူများအား ငဲ့ကွက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မိန့်ခွန်းပြောရာ၌ ထည့်သွင်း ပြောကြားသည်။
သမ္မတက “ လစာတိုးလို့ ၀န်ထမ်း မဟုတ်တဲ့ ၅၈ သန်းသောပြည်သူတွေဟာ အဲဒီအကျိုးဆက်ကို ခံစားကြရမှာဖြစ်ပါတယ်။ အဲဒါတွေကို စဉ်စား ဆောင်ရွက်သင့်ပါတယ်” ဟု ပြောကြားသည်။
၎င်းကထပ်မံပြီး ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ လူတန်းစားကွာဟမှု၊ ဆင်းရဲနွမ်းပါးမှုများ ကြီးကြီးမားမား ရှိနေသေးပြီး ပြည်သူတစ်ဦးချင်းဝင်ငွေများ နိမ့်ကျနေသေးကြောင်း၊ ယခုကဲ့သို့အချိန်တွင် ၀န်ထမ်းများအနေဖြင့် ကုန်ကျစားရိတ်နည်းအောင် စိတ်ရင်းစေတနာ အရင်းခံပြီး လုပ်ဆောင်ကြရန် ပြောကြားလိုကြောင်း ဆိုသည်။
စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ ဦးမော်သန်းက “ လစာတိုးရင် ၀န်ထမ်းတွေက အကျိုးရှိမယ် ဆိုပေမယ့် အပြည့်အ၀တော့ မဟုတ်ဘူး။ ငွေကြေးဖောင်းပွမှုဒဏ်ကို သူတို့ပါပြန်ခံစားရမှာ။ ကျန်တဲ့ပြည်သူတွေ အကုန်လုံးကတော့ အကျိုးမရှိဘဲ အပြစ်ကိုချည်းပဲ အပြည့်အ၀ ခံစားရမယ့်သူတွေ ဖြစ်သွားမယ်” ဟု ပြောသည်။
ဝန်ထမ်းများလစာ တိုးမြှင့်ရေးနှင့်ပတ်သတ်ပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကလည်း ၀န်ထမ်းများ လစာတိုးမြှင့်ပေးလိုပါက ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေရမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်တွင် ဖြေကြားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းက ၀န်ထမ်းများ လစာ တိုးမြှင့်ပေးသင့်သကဲ့သို့ ကုန်ဈေးနှုန်းများ လိုက်ပါမြင့်တက်ခြင်း မရှိအောင်လည်း အစိုးရအနေဖြင့် ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။
ဝန်ထမ်းများ လစာတိုးမြှင့်ပေးရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကမူ ၀န်ထမ်းများ လစာတိုးရေးအား နောက်မဆုတ်ဘဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ၀န်ထမ်းများအား လစာတိုးမြှင့်ပေးရေး အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်အများစုက ထောက်ခံလျက်ရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
ဝန်ထမ်းများအား လစာတိုးမြှင့်ပေးရေး အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရမည့် အခြေအနေတွင် ရှိနေသည်။
ရပ်ကျေးအုပ်ချုပ်ရေးဥပဒေ ပြင်ဆင်ချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်စဉ်က သမ္မတ၏ သဘောထားမှတ်ချက်ကို ထောက်ခံသူများဘက်မှ ရှုံးနိမ့်ခဲ့ဖူးသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း ငွေကြေးဖေါင်းပွမှုနှုန်း လျှင်မြန်စွာ မြင့်တက်လာသည့်နောက် ၀န်ထမ်းလစာ တိုးပေးခြင်း နှစ်ကြိမ်ရှိခဲ့ပြီး နောက်ဆုံးအကြိမ်တိုးမြှင့်ခြင်းမှာ၂၀၁၀ ခုနှစ် ဇန်န၀ါရီလကဖြစ်သည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
15 thoughts on “၀န်ထမ်းလစာတိုးရေး ၀န်ထမ်း မဟုတ်သောပြည်သူများကို ငဲ့ကွက်ရန်လိုဟု သမ္မတပြော
  1. လစာတိုးပေးသင့်ပါတယ်။ကုန်ဈေးနှုန်းလိုက်တက်တယ်ဆိုတာကသိပ်ကြောက်ဖို့မလိုပါဘူး။လောင်စာဆီ ဈေးတက်နေလို့ကုန်ဈေးနှုန်းကလည်းလိုက်တက်နေတာပါဘဲ။ဈေးကွက်သဘာဝပါ။လွပ်လပ်တဲ့flowတစ်ခု အတိုင်းသွားနေမှာပါ။လူတွေရဲ့စီမံခန့်ခွဲမှု့အမှားတွေကိုလိုက်ပြုပြင်ပေးရင်ကုန်ဈေးနှုန်းကတက်ချင်သ
    လောက်မတက်သွားပါဘူး။ပြန်ကျလာမှာပါ။ဥပမာပေါ့-ကိုယ့်ပြည်တွင်းမှာခရီးသွားရတာကိုဘဲစစ်ဆေးရေး
    ဂိတ်တွေသိပ်များနေတာမျိုး(ပိုက်ဆံမပေးရတဲ့စစ်ဆေးရေးဂိတ်ဆိုတာမရှိပါဘူး)။ပြည်တွင်းမှာဘာအလုပ်
    ကိုဘဲလုပ်ချင်လုပ်ချင် မလိုအပ်ဘဲအဆင့်ဆင့်ပေးကမ်းမှလုပ်ကိုင်ခွင့်ရတာမျိုး
    (မဆိုစလောက်မဟုတ်ဘူး၊နင့်နေအောင်ပေးရတာပါ)။မလိုအပ်တဲ့ထိန်းချုပ်တဲ့ဥပဒေတွေ(စည်ပင်မှာအများ
    ဆုံးပါဘဲ)ပြောရရင်တော့အရှည်ကြီးဘဲ၊ကုန်ဈေးနှုန်းကျဖို့၊လုပ်ချင်ရင်တကယ့်လက်တွေ့လုပ်ကိုင်နေသူတွေရဲ့ဘ၀တွေထဲကိုထဲထဲဝင်ဝင်လေ့လာပါ၊နည်းလမ်းတွေ့မှာပါ။ဝန်ထမ်းလစာတိုးပေးသလို၊ပြင်ပကအလုပ်လုပ်နေသူတွေကိုလည်း၊လိုက်ပြီးတိုးပေးရမှာဘဲ။ဒါမှအလုပ်ကိုလုပ်ချင်စိတ်ပေါ်လာမှာပါ။လစာကို
    မျှော်နေဖို့မလိုဘူး၊အထက်လူကြီးနဲ့ပေါင်းပြီးရမဲ့ဂွင်ဘဲလိုတယ်ဆိုတာမျိုးတွေပျောက်သွားအောင်၊မလိုအပ်တဲ့ဥပဒေတွေရုပ်သိမ်းလိုက်ပါ။လူတွေကိုအလုပ်ကိုတန်ဖိုးထားတတ်လာအောင်၊အလုပ်ရဲ့တန်ဖိုးကို လစာနဲ့မြှင့်ပေးလိုက်လို့ရပါတယ်။ကုန်ဈေးနှုန်းတက်တာ၊လာဘ်စားတာတွေဟာစီမံခန့်ခွဲမှု့ဥပဒေတွေ
    လမ်းလွဲနေလို့ဆိုတာအရှင်းကြီးပါ။ဒါ့ကြောင့်ဦးရွှေမန်းရဲ့လစာတိုးရေးကိုထောက်ခံပါတယ်။လစာမြင့်လာသလို၊အရည်အချင်းတွေလည်းမြင့်တက်လာမှာပါ။မလိုအပ်တဲ့ထိန်းချုပ်မှု့တွေကိုသာပြင်ပါ။
  2. ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်ထဲက ဖဲ့ထုပ်ပြီး ၀န်ထမ်းလစာတိုးပေးတာမျိုးကို လုံးဝ လုံးဝ သဘော မတူပါ။ စစ်အသုံးစရိတ်ကဆိုလျှင် လိုသလောက်ယူပါ။ လူသတ်လက်နှက်ထုပ်လုပ်နေတာကို ချက်ခြင်းရပ်ပြီး ကုန်ထုပ်လုပ်မှုမှာ အသုံးပြုပါ။ ဥပမာ၊ ဥမင်လှိုင်ခေါင်းတွေတူးပြီး လူသားအစုလိုက်အပြုံလိုက် သတ်ဖြတ်မဲ့ စစ်လက်နှက်ထုပ်လုပ်နေမဲ့အစား၊ ဥမင်လှိုင်ခေါင်းတွေထဲမှာ မှိုစိုက်စီမန်ကိန်း အကောင်အထည်ဖေါ်ပါက၊ အရှေတောင်အာရှတွင်မကဘဲ၊ တရုတ်ပြည်ကြီးတစ်ခုလုံးပါ စားနိုင်အောင် မြန်မာက ကမ္ဘာပေါမှာ မှိုအစိုက်နိုင်ဆုံနိုင်ငံဖြစ်လာပါလိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။
  3. လစာကို တိုးကိုတိုးပေးသင့်ပါတယ်။။။ ကုန်ဈေးနှုန်းဆိုတာ စီးပွားရေးကိစ္စ. လစာကိစ္စက နိုင်ငံတော်အတွက် နေ့ရောညပါ တာဝန်ထမ်းနေတဲ့ လူနည်းစုအတွက်… ဒီလိုသာလစာမတိုးကြေးဆိုရင်….
    (၁)စီးပွားရေးသမားတွေရဲ့ အခြေအနေက ပိုပြီးတောင်အဆင်ပြေအုံးမယ် (ဥပမာ ဌာနတစ်ခုကိုသွားရင် သက်ဆိုင်ရာ ၀န်ထမ်းတွေကို ထိုက်သင့်တဲ့ ငွေကြေးပေးပြီး သူ့ကိစ္စကိုဆောင်ရွက်ခိုင်းခြင်း၊ သတင်းယူခြင်း ဒါတွေကို ဟိုဝန်ထမ်းတွေက မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေတဲ့အထောက်အပံ့တွေရတော့ လုပ်ပေး… တယ်လေ…
    ဒီတော့ သမ္မတကြီးကိုပြောလိုက်ပါ ပေါက်ပင်ဘာကြောင့်ကိုင်းရသလဲ (နောက်ဆုံးတော့င့ါဝမ်းပူဆာ မနေသာလို့တဲ့) ဒီလောက်မှအတွေးခေါ်မရှီတဲ့သူလား…မဟုတ်နိုင်ပါဘူး….. )
    (၂)၀န်ထမ်းတွေဟာ ပိုနေမြဲကျားနေမြဲပါပဲ…( ဥပမာ စိတ်မပူပါနဲ့လို့ ၀န်ထမ်းတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူအချို့…. ရင်းနှီးသူတစ်ချို့က ၀န်ထမ်းလစာတိုးမှာကိုမလိုလားပါဘူး… လစာထက်မက အဆပေါင်းများစွာကို သူ့တို့ရဲ့လစာတိုးတာနဲ့ စွန့်လွတ်ရတော့မှာလေ…. ဟုတ်လား) ငတ်ပြတ်နေတဲ့ဝန်ထမ်းတွေက ၇၀%လောက်ရှိတယ်ဆိုတာလည်းမမေ့နဲ့အုန်း……)
    (၃)ဒီမိန့်ခွန်းမှာပါပါတယ်…. လက်နက်ကိုင်တပ်ဖွဲ့က သူတွေကလက်ပ်တော့ကိုင်ချင်တယ်တဲ့ ဒါကိုဆောင်ရွက်ပေးမယ်ဆိုတော့….. လိမ္မာတဲ့သားအရင်းကို ဒီကောင်တွေက ဒီအတိုင်းထားလဲ ငါ့စကားနားထောင်တာပဲ…. မလိုဘူး..ဟိုသားဆိုးတွေက ပေးမှရမှာဆိုတဲ့အတွေးလား… မဟုတ်နိုင်ပါဘူး)
    (၄)တစ်ချို့ဌာနတွေမှာဆိုရင်… လက်ရှိနိုင်ငံမှာတည်ဆဲဥပဒေတွေက သူ့တို့တွေကို အများကြီးအကျိုး ဖြစ်ထွန်းစေပါတယ်…ဥပမာ မြန်မာနိုင်ငံသားဥပဒေလိုပေါ့)
    ဒီတော့ ၀န်ထမ်းတွေကိုလစာတိုးပေးသင့်သလား /တိုးမပေးသင့်လားဆိုတာ စဉ်းစားပေါ့်
    (က) ဆန် – 400၊ ဟင်းဖိုး 600၊ ဒါဆို တစ်နေ့ (၁၀၀၀)ကုန်တယ် ဒီတော့ တစ်လ (၃၀၀၀၀)ရှိတယ်
    (ခ) တစ်လ မီတာခ၊ရေဖိုး၊အခြားအသုံးစရိတ်အားလုံးပေါင်းရင် အနည်းဆုံး (8000)ရှိတယ်
    (ဂ) ကျောင်းနေတဲ့ကလေးရှိရင် တစ်နေ့မုန့်ဖိုး (၁၀၀)ပဲပေးအုံး (၃၀၀၀)လိုတယ်
    ဒါတောင် ဆေးခန်းပြတာတို့၊ ဘုရားပန်းဖိုးတို့၊ အ၀တ်အစားဖိုးတွေမပါသေးဘူး…… ဒါတွေက နှစ်ချုပ်မှမှာပါမှာလေ
    ဒီတော့ လက်ရှိ မြန်မာနိုင်ငံဝန်ထမ်းတွေရဲ့လစာဟာ တစ်လကို အနည်းဆုံး (50000)၀န်းကျင်ရှိသင့်တယ်၊ ဒါတောင် လူလုံးမလှတဲ့အဆင်းရဲဆုံး၊အနုံချာဆုံးဝန်ထမ်းအဖြစ်ပေါ့…..
    လက်ရှိအနိမ့်ဆုံးလစာက (၃၅၀၀၀)ဆိုတော့… ဒီကြားပေါက်ရှာတဲ့ကိစ္စက ဖြစ်နေမှာပဲ
    သူရဦးရွှေမန်းက ၀န်ထမ်းတွေရဲ့ဘ၀ကို နှလုံးသားနဲ့ကြင်နာခဲ့တယ်…. ကျေးဇူးပါပဲ… ပြည်သူတွေ၊ ပြည်သူတွေ……. နိုင်ငံတော်သမ္မတကတော့…. ပြည်သူတွေကို တံတိုင်းအဖြစ်ကာရံခဲ့တယ်……. ဘယ်သူမှဖြိုလို့မရတဲ့တံ တိုင်းကို ပိုမိုကောင်းမွန်အောင်နဲ့ ပြည့်စုံအောင်ပြုပြင်မပေးဘဲ… ၀န်ထမ်းကိစ္စမှာ ကာရံခဲ့တယ်……… တော်ပါပေတယ်…….. …………………. လေးစားပါတယ် သမ္မတကြီးရယ်…. ပြောပြလိုက်ပါနော်
  4. “ နိုင်ငံဝန်ထမ်းများဟာ နိုင်တော်လူဦးရေရဲ့ (၃.၃%)ရှိတော့ ၀န်ထမ်းလစာတိုးပေးလို့ တက်လာမယ့် ကုန်ဈေးနှုန်းကြောင့် ကျန်တဲ့ ပြည်သူတွေကိုထိခိုက်မှာစိုးရိမ်တယ်တဲ့လား ကွယ်” ပြည်သူတွေက ၉၆.၇% ရှိတယ်လို့ ပြောတယ်။ ပြည်သူတွေထဲမှာ ချမ်းသာတဲ့လုပ်ငန်းရှင်တွေ အလယ်အလတ်တန်းစားလုပ်ငန်းရှင်၊ နဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေက % ဘယ်လောက်ရှိလဲဆိုတာကို အသေးစိတ်ချပြသင့်ပါတယ်။ ဒါမှလည်း ပြည်သူနဲ့ ပြည်သူဝန်ထမ်းတွေသိမှာပေါ့ ၊ သိသလောက်တော့ ဆင်းရဲနွမ်းပါတဲ့သူတွေထဲမှာ သုံးပုံ တစ်ပုံလောက်က အောက်ခြေ၀န်ထမ်းတွေပါနိုင်ပါတယ်။ ဒါကြောင့် တိုးပေးသင့်ပါတယ်ခင်ဗျာ။ လေးစားအပ်ပါတဲ့ နိုင်ငံတော်သမ္မတကြီးခင်ဗျာ….. ကုန်ဈေးနှုန်းကို တိုးမလာအောင် ထိန်းထားလို့ မရဘူးလားခင်ဗျာ။ စီးပွားရေးလုပ်ငန်းရှင်ဆိုတာကလည်း ပြည်သူထဲက ပြည်သူပါပဲခင်ဗျာ။ အလားတူပဲ ၀န်ထမ်းဟာလည်း ပြည်သူပါပဲခင်ဗျာ။ ၀န်ထမ်းမှာလည်း မိသားစုနဲ့ပါပဲခင်ဗျာ။ ကိုယ်ချင်းစာစေချင်ပါတယ်ခင်ဗျာ
  5. လစာတိုးတာမကောင်းပါ..သမ္မတကြီးပြောသလိုကျန်တဲ့ 58 သန်းသောပြည်သူတွေနစ်နာပါတယ်..ကုန်ဈေးနှုံးကိုလာဒ်စားတဲ့အစိုးရတွေဘယ်တော့မှမထိမ်းနိုင်ပါဘူး 88 မှယခုချိန်ထိ နည်းအမျိုးမျိုးနဲ့အကတိ မလိုက်စားတဲ့ဝန်ထမ်းဆိုတာမရှိသလောက်ရှားပါတယ် အဲဒီတော့မပြေလည်တဲ့ဝန်ထမ်းလဲမရှိသလောက်ရှားပါတယ်…တိုင်းပြည်မှာဆင်းရဲမွဲတေမှုကျဆင်းစေချင်ရင်ဒီနည်းနဲ့တော့လမ်းအပေါက်ဖါထေးတဲ့ပုံစံနဲ့ မလုပ်ပါနဲ့လမ်းကိုစနစ်တကျပြန်ခင်းသင့်သလို လူ့အရင်းအမြစ်တွေကိုတန်ဘိုးထားပြီး ဖွံ့ဖြိုးအောင်အရင်လုပ်ပါ ပြီးမှ သူတို့ကိုအသုံးချပြီးတိုင်းပြည်တိုးတက်မှာပါ မဟုတ်ဘဲရုံးခန်းထဲမှာလာဒ်စားဘို့စောင့်နေတဲ့လူပိုသူဌေးဝန်ထမ်းတွေရှိနေမှတော့ဘယ်လိုတိုးတက်မှာလဲ ဥမမာ နယ်စပ်ကုန်သွယ်ရေးဆိုတဲ့အဖွဲ့လိုဆက်သွယ်ရေးဝန်ကြီးဌာနလိုတချို့ဟာတွေကိုဗဟိုကကန့်သတ်မှုတွေပယ်ဖျက်ပြီး တကယ်လုပ်နိုင်တဲ့သူတွေဆီပေးလိုက်ပါ ပြည်သူတွေဘယ်လောက်တိုးတက်လာမလဲလို့
    1. လစာတိုးပေးသင့်ပါတယ်။ နေ့စားလစားနဲ့ အဆောင်ငှား၊ အိမ်ငှား နေကြရတဲ့ဝန်ထမ်းတွေအများကြီးပါ။ ဒီတော့ လူမြင်ရင် ဘာရမလဲပဲ လိုက်ကြည့် လိုက်တောင်းရင်း ၀န်ထမ်းဘ၀ကနေ သူတောင်းစား တွေ ဖြစ်ကုန်ပါတယ်။ တချို့က၀ါသနာပါလို့တောင်းတယ်၊ တချို့က မရှိလို့တောင်းတယ်၊တချို့ဌာနတွေမှာ ရေတောင်မတိုက်ဘူး ၊ကိုယ်ရေကိုယ်ဝယ်သောက်ပြီးလုပ်နေကြရတယ်။သူ့နေရာနဲ့သူ အသုံးဝင်ကြတာကြီးပဲ၊ဒါပေမယ့် အထက်လူကြီးကလဲ မသိတာလား ၊မသိချင်ဟန်ဆောင်တာလား မသိဘူး ၊လုံးဝအောက်ခြေကို မထောက်ပံ့ဘူး။
      မှန်ပါတယ် ဆက်သွယ်ရေးကို တကယ်လုပ်နိုင်တဲ့လူနှင့် တကယ် လုပ်တတ်တဲ့ သူတွေဆီပေးသင့်တယ်။ ဒါမှမဟုတ် ဆက်သွယ်ရေးရဲ့ဝင်ငွေနဲ့လည်ပတ်သင့်တယ်။State ကိုပြန်အပ်ရတော့ ငွေမလည်ပတ်နိုင်ဘူး။ ဒါကြောင့်ရည်ရှည်ရင်းနှီျးြမှုပ်နှံဖို့ မဖြစ်နိုင်ဘူး။ဆက်သွယ်ရေးမှလူကြီးများလဲ ထက်ဖားအောက်ဖိ လမ်းစဉ်ကြီးရပ်သင့်ပါပြီ။ကိုယ်ဝန်ထမ်း၊ ကိုယ့်ပြည်သူတွေကို ပြန်ကြည့်ပေးကြပါတော့
  6. တကယ်တန်းကတော့ ဦးမော်သန်းပြောတာမှားနေပါတယ်။
    လစာတစ်ခုထဲတိုးပေးပြီးကျန်တာတွေကိုပြောင်းလဲမှု့မလုပ်ရင်၊တက်လာတဲ့ငွေကြေးဖေါင်းပွမှု့နဲ့
    ကုန်ဈေးနှုန်းဒါဏ်ကိုပြည်သူအားလုံးခံရမှာပါ။(ဒီလိုဖြစ်အောင်တမင်လုပ်ရင်လည်းရပါတယ်)
    ပြည်သူတွေကိုတကယ်သက်သာစေချင်တယ်ဆိုရင်၊အားလုံးလိုက်ပြောင်းပေးရမှာပါ။
    အခုနိုင်ငံရဲ့စီးပွားရေးကိုကိုင်ထားတဲ့လူကနည်းနည်းလေးပါ။လက်ချိုးရေလို့ရတယ်။စားသုံးသူတွေ
    ကတော့တစ်ပြည်လုံးပါဘဲ။လူအားလုံးနီးပါးကသာစီးပွားရေးကိုလုပ်နိုင်ရင်၊ကုန်ဈေးနှုန်းလည်း
    ကျလာမယ်၊ငွေဖေါင်းပွမှု့ဒဏ်ကိုလည်းခံနိုင်သွားမှာပါ။ဥပမာ-ပြောရရင် ရန်ကုန်မှာဆိုင်ကယ်စီးခွင့်ပေး
    လိုက်ပါ။ဆိုင်ကယ်တက်ကစီတွေပေါ်လာမယ်။ဆိုင်ကယ်ကုမ်ပဏီတွေကနေတဆင့်ယူရောင်းသူတွေများ
    လာမယ်။ဆိုင်ကယ်နဲ့ပစ်စည်းတွေသယ်လာလို့ရလာမယ်။ယာဉ်ကြော်ကြပ်နေချိန်မှာဆိုင်ကယ်နဲ့သွား
    လာလို့ရလာမယ်။ဝန်ထမ်းတွေရုံးဆင်းအိမ်ပြန်ရောက်ရင်ဆိုင်ကယ်တက်ကစီထွက်ဆွဲလို့ရတယ်။ဘဏ်
    တွေကလည်းရောင်းဝယ်မှု့မှာဝင်ပါလာမယ်။အများကြီးပါဘဲဗျာ။ဆိုင်ကယ်နဲ့ပါတ်သက်သမျှနေရာတိုင်း
    ကလူတွေအလုပ်ရမယ်၊၀င်ငွေတက်လာမယ်။ဆိုင်ကယ်ဈေးတွေကျသွားမယ်။(ဆိုင်ကယ်တင်သွင်းခွင့်ကိုလည်းဖွင့်ပေး၇မယ်)၊လူတိုင်းသွင်းနိုင်အောင်လုပ်ပေးရမယ်။ပြည်တွင်းမှာထုတ်လုပ်မှု့ကိုလည်းအားပေး
    ရမယ်။ဒါဆိုရင်ဒီလုပ်ငန်းနဲ့ပါတ်သက်တဲ့နယ်ပယ်အားလုံးဖွံ့ဖြိုးလာမယ်။ရဲတွေလည်းအလုပ်တွေ
    လာမယ်၊အရည်အချင်းတွေတက်လာမယ်လေ။ဦးမော်သန်းရေ ဒီအတိုင်းထားတာထက်ဖွင့်ပေးတာပို
    ကောင်းပါတယ်ဗျာ။အားလုံးပွင့်သွားရင်လူအားလုံးအဆင်ပြေသွားမှာပါ။ဒီနေ့ထိုင်းနဲ့စင်ကာပူမှာ
    အားလုံးဈေးကြီးတယ်ဗျ။ဒါပေမဲ့လူတွေသိပ်သွားချင်နေကြတာဘာ့ကြောင့်လဲဒါကိုစဉ်းစားပြီးပြောစေ
    ချင်ပါတယ်။ကြောက်နေတယ်ဆိုတာ ဆင်ချေတစ်ခုပါ။တိုးတက်ဖို့ဆိုရင်လုပ်နိုင်တာကိုလုပ်လိုက်ပါ
    အစိုးရအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်ပါဘူး။ပြည်သူတွေလည်းပျော်လာမှာပါ။ခဏလေးတော့ အဆင်မပြေ
    ဖြစ်နိုင်ပါတယ်။ဒါက ဒုက်ခသေးသေးလေးပါ။မြန်မာတွေအတွက်ရိုးနေပါပြီ။
  7. အင်း
    သမတကြီးလိုဘဲကိုယ်ကြိုးမငဲ့ဘဲတိုင်းပြည်အတွက်အလုပ်လုပ်ပေးချင်လိုက်တာ၊ နေစရာအိမ် (အကြီးကြီးမလို)။စီးစရာကား (အကောင်းစားမလို)။စားစရာအစုံအလင်အရှံအပယ်လာဆက်သတဲ့သူတွေရှိရင်။။ဘာလုပ်မလဲဒီလခ။။ပျင်းတောင်ပျင်းသေးတယ်။။။ အလကားကိုလုပ်ပေးမယ်ဗျာ..
    ကိုယ်တို့လဲတိုင်းပြည်ချစ်တာသမတကြီးထက်မလျော့တာပြစမ်းချင်ပါဘိ။။။။
  8. ယုံလားတော့မသိဘူးဗမာပြည်မှာအောက်ချေအလုပ်သမားတယောက်ကိုသုံးသိန်း၇မှဖူလုံမှာ.ကုန်ဈေးနူန်းလဲဒီထက်ထပ်မတက်အောင်လုပ်မှ၇မယ်.ဒါဆို၇င်နိင်ငံတကာနဲ့ယှဉ်လိုံ့၇ပြီ
  9. လစာတိုး။မတိုးမသိသေးပေမဲ့ ပြည်တွင်းလေယာဉ်လက်မှတ်ခ ကတော့ ဦးသိန်းစိန်မိန့်ခွန်းပြောတဲ့နေ့မှာ ဘဲ ကျပ်၁၂၀၀၀ တိတိတိုးသွားပါပြီခင်ဗျား.ပြည်သူတွေဘယ်လောက် ဆင်း၇ဲ၇ဲ အစိုး၇ဌာန မဆင်း၇ဲအောင် လုပ်ဆောင်နေတယ်.လွတ်တော်ထဲက အမတ်မင်းတွေ အာညောင်းအောင် ဘယ်လောက် ပြောပြော အစိုး၇ကတော့ လုပ်ချင်တာကို ဘာဥပဒေဘာအမိန့်မှ မ၇ှိဘဲသူလုပ်ချင်တာကို သူလုပ်နေတာတွေ့နေ၇ပါတယ်.လေယာဉ်ကွင်းေ၇ာက်မှ လက်မှတ်ခတိုးကြောင်းနဲ့ တိုးတောင်းတာခံ၇တော့မှ အင်မတန်မှအံ့အားသင့်မိကြောင်းတင်ပြလိုက်၇ပါတယ်ခင်ဗျား
  10. ၀န်ထမ်းတစ်ယောက်ဆိုတာ အထက်က တိုးပေးမှရတာပါ
    ပိုဆိုးတာက မြန်မာနိုင်ငံကနေ ရေခြားမြေခြားမှာ သွားရောက်တာဝန်ထမ်းဆောင်နေကြရတဲ့ သံတမန်ဝန်ထမ်းတွေအတွက် ပိုလို့တောင် တိုးပေးသင့်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ သူများရေခြားမြေခြား နိုင်ငံမှာ လစာ 1000 စွန်းစွန်းကို မိသားစုမျှတအောင်သုံးစွဲရတာတစ်မျိုး၊
    စုဆောင်းရတာကတစ်မျိုးနဲ့ တော်တော်လေးဒုတ်ခရောက်ကြရပါတယ်
    လစာ ဒေါ်လာ 1000 ဆိုတာ သူများနိုင်ငံမှာ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ရဲ့ အချိန်ပိုင်းလစာထက်တောင်နည်းပါသေးတယ် ကြုံရင်လည်း ပြောပြလိုက်ပါ ဒါမှ ရေခြားမြေခြားတာဝန်ထမ်းနေရတဲ့ မြန်မာတွေ ဂုဏ်မငယ်ရမှာပေါ့ မဟုတ်ဘူးလားဗျာ
  11. ဟီး ဟီး အင်း အားလုံးပြောတာကို စဉ်းစားကြည့်ရင် တဖက်က လစာတိုးသင့်တယ်၊ တစ်ခုက လစာတိုးလို့ ငွေကြေးဖောင်းပွမယ်၊ အဲ နောက်တစ်ခုက ပြည်သူတွေ ဒုက္ခရောက်မှာ ကြောက်တဲ့လူရှိတယ်။ ဒီတော့ အခု ပြသနာက အခြေခံလူတန်းစားပြသနာပေါ့ဗျာ ။ ရှင်းအောင်ပြောရရင်တော့ အောက်ခြေ၀န်ထမ်း ၊ ဥပမာ – အခြားအဆင့်ဆိုပါတော့ လစာက 60000 နှုန်းမှာ တန့်သွားပြီဆိုတော့ အရှာရှိ 100000 နှုန်းဆိုတော့ ကွာဟချက် က မနည်းဘူးပေါ့။ ဒါကြောင့် အခြားအဆင့်ကို 30000 နှုန်းတိုးလိုက်မယ်ဆိုရင် ပြသာနာ မရှိလောက်ဘူးထင်ရဲ့။ ဒါဆိုရင်တော့ ကုန်ဈေးနှုန်းပါ ထိန်းနိုင်မယ် ထင်တယ် ။ ဆင်းရဲသားလူတန်းစားက အပြင်မှာ တစ်နေ့ 1500 နှုန်းဆိုတော့ တစ်လဆိုရင် 45000 နှုန်း အင်း အောက်ခြေ၀န်ထမ်းက လက်ရှိလစာ က 35000 ဆိုတော့ ကျွန်တော်တင်ပြတဲ့ 60000 နှုန်းဆိုရင် ကွာဟချက်သိပ်မရှိတော့ဘူးထင်တယ်။ သမ္မတကြီး ပြောတာကိုလည်းထောက်ခံပါတယ်။ အသံကနေ စိတ်ရင်းကို မှန်းမိပါတယ်။ ဒါပေမယ့် ချမ်းသာဖို့ အငတ်နေမယ်ဆိုတာကတော့ မဖြစ်သင့်ဘူးထင်တယ်။ ဘယ်လို နည်းလမ်းရှာသင့်တယ်ဆိုတာကတော့ သမ္မတကြီးက အားလုံးထက်ပိုစဉ်းစားနေမယ်ထင်တယ်ဗျာ။ အားလုံး မလောကြပါနဲ့၊ အပြစ်မတင်ကြပါနဲ့လို့။ ကျွန်တော့် ဟီ ဟီး ၀င်ပြီး ကလိကြည့်တာပါ မှားတာရှိရင်ခွင့်လွှတ်။ တကယ်က ၀န်ထမ်းလောကမှာ အရာရှိအများစုကပဲ အခွင့်ထူးရကြတာပါ။ မယုံရင် လိုက်ကြည့်ကြည့်ပါ။ ငွေကြေးကွာဟချက်များသလို အခွင့်ထူးကလည်း များပါတယ်။ ဆင်းရဲချမ်းသာမှုဆိုတာက အဲဒီကစပြီး ကွာဟနေတာပါပဲဗျာ။ တချို့အရာရှိကတော့ ပြောမှာပေါ့ဗျာ ငါ့လိုဖြစ်ချင်ငါ့လိုအရာရှိဖြစ်အောင်လုပ်။ ဟီး ဟီး ကြိုပြောထားတာ အမှန်တော့ ၀န်ထမ်းလောက အရာရှိက အရာရှိပါပဲ။ အခြားအဆင့်က အခြားအဆင့်ပါပဲ။ ဒါပေမယ့် နိုင်ငံတာဝန်ထမ်းဆောင်ချင်းကလည်း အတူတူပါပဲလို့ ပြောချင်ပါတယ်။ အလုပ်ချိန်ကလည်း တူတူပါပဲ။ ပညာ၊ အရည်းအချင်းကြောင့် အရာရှိဖြစ်နေတာကြောင့် ပိုလည်းရသင့်သလို ပိုလည်း အခွင့်ထူးရသင့်ပါတယ်။ ဒါပေမယ့် ကွာဟချက်မများသင့်ပါဘူး။ ကွာဟချက်များမှ အုပ်ချုပ်လို့ အဆင်ပြေမယ်လို့ ယူဆကြမယ်ဆိုရင်တော့ အဲဒီလူကတော့ ငတုံးပါပဲ။ ကွာဟချက်များလာသလို အနိုင်ကျင့်မှုကလည်း များလာမှာ ဖြစ်သလို မလိုလားအပ်တဲ့ အမိန့်တွေ၊ စည်းကမ်းတွေ၊ ဥပဒေတွေပါ ဖြစ်လာလို့ပါပဲဗျာ။ မှားတာရှိရင်တော့ မတတ်နိုင်ပါဘူး ဒါပါပဲဗျာ။
  12. Simple calculation in common sense [Civil Servant = 3.3% of 58 M = 1.914 M + 400,000 (Army) = 2.314 M X 5.5 (Average HH size in Myanmar) = 12.727 M = 21% of 58 M], hence salary increment for Govt. servants will benefit 21% of population, PLUS if Govt. increased basic salaries, Private sector and UN, INGO sector will also be forced to increase salary scale of their employees (which may probably be benefit over 2 M employees X 5.5 = 11 M = 20% of 58 M), therefore salary increment may benefit about 5 million employees in the country and indirectly benefit 25 M to 30 M (about 50% of population) of Myanmar
  13. I am wondering that most of the government service personnel were corrupted due to not enough salary for their survival or not. Do you think they will stop corruption? Now it is beyond the stage of taking bribery and they were corrupted and blackmailed to the people if their demands were not met. They were spoiled by the military dictatorship for 50 years and only the law and media freedom would be the effective solution to counter corruption.
Comments are closed.