ဓာတ်ပုံသတင်း

မြစ်ကြီးနားမြို့ မနောကွင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးဟောပြောပွဲ

တာရာဝေယံ
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂

မြန်မာနိုင်ငံအထက်ပိုင်းကို စည်းရုံးရေးခရီးလှည့်လည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြစ်ကြီးနားမြို့မနောကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် မနက် ၉ နာရီမှ ၁၀ နာရီအထိပြုလုပ်ခဲ့ပါတယ်။ ဒေသခံ ကချင်တိုင်းရင်းသားတွေ၊ ရပ်မိရပ်ဖတွေ၊ မြို့ခံ အဲန်အယ်လ်ဒီပါတီဝင်တွေနဲ့ လူထုသောင်းချီပြီး တက်ရောက်ခဲ့ကြတဲ့ မြင်ကွင်းတွေပါ။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ ပင်လုံစိတ်ဓာတ်၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံဖွံ့ဖြိုးရေးနဲ့ တွေ့ဆုံဆွေးနွေးရေး စတဲ့ အချက်တွေကို ပြည်သူလူထုက လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆိုကြတဲ့ မြင်ကွင်းတွေကို တွေ့နိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts