နိုင်ငံတကာရေးရာ

Ashin Pyin Nyar Nanda – စာတမ်းဖတ်ပွဲ အီသကာမှာ ကျင်းပ

အရှင်ပညာနန္ဒနှင့် မော်ရာစတီဖင် စီစဉ်သော စာတမ်းဖတ်ပွဲ အီသကာမှာ ကျင်းပ

မိုးမခအထောက်တော် (ယူတီကာ)။ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂

(သံတိုင်နောက်က မှတ်တမ်းများ) သို့မဟုတ် အကျဉ်းတိုက်ထဲက ဘ၀မှတ်စုများ အမည်ရှိ စာတမ်းဖတ်ပွဲကို အရှင်ပညာနန္ဒနှင့် မော်ရာစတီဖင် စီစဉ်ပြီး အီသကာမြို့က Buffalo Street Books တွင် ၂၆ ဖေဖော်ဝါရီ (တနင်္ဂနွေ) က ကျင်းပခဲ့သည်။  အရှင်ပညာနန္ဒသည် ပြည်ပရောက်ဘုန်းတော်ကြီးတပါးဖြစ်ပြီး နယူးယောက်ပြည်နယ်၊ ယူတီကာမြို့က  သန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးကျောင်းထိုင်လျက်ရှိသည်။ ဆရာတော်သည် မိုးမခမီဒီယာ၏ ပင်တိုင်စာရေးဆရာတဦးအဖြစ် အညတရ ရဟန်းတော်များအကြောင်းကို ရေးသားလျက်ရှိသည်။ မော်ရာစတီဖင်သည် အီသာကာ ကောလိပ် လွတ်လပ်သောသတင်းဌာန Parker Center က အယ်ဒီတာတဦးဖြစ်သည်။ 

အဆိုပါစာအုပ်တွင် သံဃာတော် (၁၁)ပါး၏ ကိုယ်တွေ့မှတ်တမ်းများကို စုစည်းထားခြင်းဖြစ်ပြီး ၎င်းတို့သည် မြန်မာစစ်အုပ်စု၏ ဖမ်းဆီး နှိပ်စက် အကျဉ်းချခြင်း၊ အဓမ္မလူဝတ်လဲ စော်ကားခြင်းတို့ကို ရင်ဆိုင်ခဲ့ကြသူများ ဖြစ်သည်။ သူတို့၏ ကိုယ်တွေ့ ဘ၀မှတ်တမ်းများကို အရှင်ပညာနန္ဒက စုစည်းပုံနှိပ်ထုတ်ဝေခြင်း ဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်စာအုပ်ကို တအုပ်လျင် ၁၀ ဒေါ်လာနှုန်းဖြင့် ၀ယ်ယူနိုင်ပြီး ရောင်းရငွေကို အကျဉ်းကျနှင့် အကျဉ်းမှ လွတ်မြောက်လာသော ပုဂ္ဂိုလ်များအား ကူညီထောက်ပံ့ရန် International Burmese Monks Association သို့လှူဒါန်းမည် ဟု သိရသည်။

ထိုစာအုပ်ကို သည်နေရာကနေ ၀ယ်ယူနိုင်သည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts