ဓာတ်ပုံသတင်း

Hlaing Tharyar Strike – လှိုင်သာယာ အလုပ်သမားသပိတ် ဆက်လက်ဖြစ်ပွားနေဆဲ

 လှိုင်သာယာ အလုပ်သမားသပိတ် ဆက်လက်ဖြစ်ပွားနေဆဲ

Yangon Press International – ဓာတ်ပုံသတင်း။ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၂

ယနေ့ နံနက်ကတည်းက လှိုင်သာယာ၊ တိုင်ယီစက်ရုံအလုပ်သမား အမျိုးသမီးများက သူတို့၏ အခွင့်အရေးတောင်းဆိုမှုများကို ဆက်လက်ညှိနှိုင်းလျုက်ရှိသည်။ ရှေ့နေကိုဖိုးဖြူက သက်ဆိုင်ရာတို့နှင့်ြ ၀ါဏိဇ္ဇပဋိပက္ခရုံးသွားတင်နေသည်ဟု ဆိုသည်။ ၁၁ နာရီခွဲအထိ လူစုမကွဲသေးဟု သိရသည်။

ကိုဟန်ဝင်းအောင်တို့၏ နိုင်/ကျဉ်းမိသားစုများ အကျိုးဆောင်ကွန်ယက်က စားသောက်စရာများ လာလှူကြောင်း၊ နိုင်ငံရေးလှုပ်ရှားသူ ဦးဝင်းချိုက အမေရိကန်ပြည်က စေတနာရှင်များ လှူဒါန်းသည့် အလှုငွေများ (၂ သိန်း ကျပ်) လာရောက်လှူဒါန်းကြောင်း၊ အလုပ်သမားများ၊ အလုပ်သမားခေါင်းဆောင်များ စိတ်ဓာတ်မကျရေး၊ တောင်းဆိုချက်များရသည်အထိ ဆက်လက်ရပ်တည်ရေးတို့ကို အားပေးကြကြောင်း သိရှိရသည်။ လူအင်အား ၁ ထောင်ခန့် ရှိသည်ဟု ဆိုသည်။ အဆိုပါ အလုပ်သမားသပိတ် ၁၅ ရက်တိုင်ခဲ့ပြီ ဖြစ်သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “Hlaing Tharyar Strike – လှိုင်သာယာ အလုပ်သမားသပိတ် ဆက်လက်ဖြစ်ပွားနေဆဲ
  1. I think Tyee factory owner have no money to raise wages Myanmar kyat 150 per hour. So Myanmar workers quit this job and move to another factory who pay good wages. Myanmar government should issue the law for foreign companies and Myanmar companies about minimum wages myanmar Kyat 300 per hour.

Comments are closed.