ဓာတ်ပုံသတင်း

Shwe Nya Wah Sayadaw – သာဓုကျောင်းမှ ထွက်ခွာရပြီ

ရွှေည၀ါဆရာတော် သာဓုကျောင်းမှ ထွက်ခွာရပြီ

ဝိုင်ပီအိုင် ဓာတ်ပုံသတင်းကောက်နုတ်ချက်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၂

ရွှေည၀ါ ဆရာတော် ဦးပညာသီဟအား ယနေ့ (ဖေဖော်ဝါရီ ၁၉) နောက်ဆုံး ထွက်ခွာရန် သံဃမဟာနာယကမှ အမိန့်ချမှတ်ထားသည့် အတိုင်း ဆရာတော် ကြည့်မြင်တိုင် သာဓုပရိယတ္တိကျောင်းမှ ထွက်ခွာပေးရပြီး လောလောဆယ်တွင် မှော်ဘီမြို့ နှောကုန်းကျေးရွာအနီး လှူထားသည့် မြေနေရာတွင် ယာယီတဲထိုး၍ သီတင်းသုံးမည်ဖြစ်သည်။ ယနေ့မှော်ဘီမြို့သို့ထွက်ခွာ ရာတွင် ဒါယကာများ၊ သံဃာများ၊ သီလရှင်များနှင့် နိုင်ငံရေး ခေါင်းဆောင်အချို့ပါ လိုက်ပါပို့ဆောင်ခဲ့ကြသည်။  (Yangon Press International – facebook)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “Shwe Nya Wah Sayadaw – သာဓုကျောင်းမှ ထွက်ခွာရပြီ
  1. (၁)ဥပဒေကဲ့သို့  အာဏာတည်သော အမိန့်အမှတ် ၂၀/၉၀ အရ တရားမ၀င်ကျောင်း = ၀ါဆိုသံဃာစာရင်းမပေါက်= မဟန ညွှန်ကြားလွှာ ၇၅ နှင့် ငြိ —-> ထောင်ဒဏ် ၆-လ
    (၂)လန ၃၉ မကျဘဲ အဆောက်အဦး ဆောက်လုပ်နေထိုင်မှု —-> ထောင်ဒဏ် ၂နှစ်
    (၃)စည်ပင်ခွင့်ပြုချက်မကျဘဲ အဆောက်အဦး ဆောက်လုပ်မှု —-> ????

  2. မတရားတွေကို တရားအောင် လုပ်ပေးကြဖို့ ပြောဟောကြတဲ့ ဘုန်းဘုန်းများနဲ့ အာဏာမက်ပြီး အာဏာလုနေတဲ့ သက်န်းဝတ်များ၊
    တရားလေးဟောပြီး ရသမျှတွေကို ဒုက္ခရောက်နေသူများကို ပေးကမ်းထောက်ပံ့နေတဲ့ ဘုန်းဘုန်းများနဲ့ ယူပက်ခန္ဓာသာရှိကြတဲ့ သက်န်းဝတ်များ၊ ဘုရားမျက်နှာသာကြည့်ပြီး ဟောပြောဆုံးမကြတဲ့ ဘုန်းဘုန်းများနဲ့ ထစ်ကနဲဆို ရာထူးပြုတ်မှာစိုးလို့ နှစ်ခါပြန်မိုက်ကြတဲ့ ဘုန်းကြီးလူထွက်များမျက်နှာနဲ့ အာဏာရှင်များ မျက်နှာသာ ကြည့်တတ်ကြတဲ့ သက်န်းဝတ်များ ဘယ်နှင်းက တရားတယ် မတရားတယ်ဆိုတာ ကွက်ကွက် ကွင်းကွင်းကြီးပါဗျာ။ ဘုန်းဘုန်းများမှာ ဘုရားချမှတ်ခဲ့ ၀ိနည်းတော်နဲ့တင် ပြည့်စုံနေပါပြီ။ ဘာပုဒ်မ ဘာအမိန့်မှ ထပ်ထည့်စရမလိုပါဘူး။ ဒီမဟနအဖွဲ့ကြီးဟာ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းကို သေချာသိတဲ့ ဘုန်းကြီးတွေဟာ ဘယ်တော့မှ အဲဒီအဖွဲ့ထဲ ၀င်ပြီ မလုပ်ကြပါဘူး။ ကိုယ့်အလုပ်နဲ့ ကိုယ် ကိုယ့်တရားနဲ့ ကိုယ်နေနိုင်ကြပါတယ်။

Comments are closed.